လမ်းဘေးနံရံကပ်ပြီး သေးပေါက်သူတွေ သူ့တို့ကိုယ်သူတို့ ပြန်အပက်ခံရမယ့် နည်းနဲ့ တွန်းလှန်


ဂျာမနီနိုင်ငံ Hamburg မြို့ St. Pauli ရပ်ကွက်မှာ နေထိုင်တဲ့ ဒေသခံတွေဟာ ကမ္ဘာလှည့်ခရီးသွားတွေနဲ့ အရက်သေစာ သောက်စားမူးယစ်နေကြသူတွေရဲ့ စည်းမဲ့ကမ်းမဲ့ အပေါ့အပါး သွားမှုတွေကို စိတ်ပျက်နေ ကြတာကြောင့် ဒီကိစ္စကိုဖြေရှင်းနိုင်ဖို့ ဒေသခံအဖွဲ့အစည်းက ဆုံးဖြတ်ခဲ့ကြပါတယ်။

အများပြည်သူပိုင်လမ်းဘေး နံရံနေရာတွေကို super-hydrophobic ခေါ် ရေအစိုမခံတဲ့ ပစ္စည်းတစ်မျိုးနဲ့ သုတ်လိမ်းထားတယ်လို့ ဆိုပါတယ်။ သတိမမူမိတဲ့ အလည်အပတ်ရောက်ရှိသူ တစ်ယောက်ယောက်က နံရံပေါ် အပေါ့ပါးသွားဖို့ ဆုံးဖြတ်လိုက်ပြီရင်တော့ သူစိုက်တဲ့အတိုင်းရိတ် တစ်နည်းပြောရင် သူပြုသည့် အတိုင်း အဲ့ဒီအကျိုးကို သူပြန်လည်ခံစားရပါလိမ့်မယ်။ ခုန နံရံတွေမှာသုတ်ထားတဲ့ ဆေးတစ်မျိုးကြောင့် ကိုယ့်ကျင်ရည်နဲ့ ကိုယ်ပြန်အပက်ခံရသလို ဖြစ်စေမှာမို့လို့ပါပဲ။ လူတွေအနား မကပ်အောင်လို့ ယင်းပစ္စည်း သုတ်လိမ်းတဲ့ နံရံတစ်ချို့မှာ “Do not pee here, we pee back” ဆိုတဲ့ သတိပေး စာတန်းလေးတွေ ကပ်ထားပေးတယ်လို့ သိရပါတယ်။

Trend Myanmar

မှတ်ချက်များ