တစ်စထက်တစ်စ ပြောင်းလဲလာတဲ့ မြန်မာနိုင်ငံရဲ့ ဂီတဖျော်ဖြေရေး မြင်ကွင်းတွေထဲမှာ ပြည်ပက ကမ္ဘာ
ကျော် အဆိုတော်တွေ မြန်မာနိုင်ငံကို လာရောက်ဖျော်ဖြေပေးတာမျိုးကိုလည်း ထည့်သွင်းပြောရမှာပါ။ ခုလည်း ကမ္ဘာကျော် K Pop အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Big Bang မြန်မာနိုင်ငံကို လာရောက်ဖျော်ဖြေဖို့ စီစဉ်နေ တယ်လို့ သိရတာကြောင့် ပွဲစီစဉ်သူတစ်ဦးဖြစ်တဲ့ Living Sound Entertainment မှတာဝန်ရှိသူ ကိုဂျော် မရန်ကို မေးကြည့်လိုက်တဲ့အခါမှာတော့ “ ခု Big Bang ဖျော်ဖြေပွဲက သေချာသလောက်ရှိပြီ။ နောက်ထပ် သေချာဖို့အတွက်က လုပ်မယ့် နေရာပေါ့။ လူဘယ်လောက်ဆန့်မယ်။ လက်မှတ် ဘယ်လောက်ရောင်း မယ်။ လူဘယ်လောက်ဝင်မလဲပေါ့။ ခုနေရာအတွက် ကြိုးစားနေပါတယ်။ လူ အရေအတွက် ဘယ်လောက် ဆန့်မလဲပေါ့။ အဲ့ဒီပေါ်မူတည်ပြီး လက်မှတ်ဈေးနှုန်းလဲ ပြောင်းသွားမယ်။
ဒါပေမဲ့ 2ne1 ထက်ပိုပြီး အကုန်အကျ များလိမ့်မယ်။ ပိုပြီးကြီးကြီးကျယ်ကျယ် ခမ်းခမ်းနားနားလဲ လုပ်ချင် တယ်။ ကျွန်တော့ရဲ့ ရည်ရွယ်ချက်ပေါ့နော်။ 2ne1 တုန်းကလဲ သူတို့မြန်မာနိုင်ငံမှာ မကြည့်ခဲ့ဖူးတဲ့ ရှိုးတစ်ခု ကို လုပ်နိုင်ခဲ့တယ်။ အခက်အခဲလဲအများကြီးရှိခဲ့ပေမဲ့ အဆင်ပြေစွာ ပြီးဆုံးသွားခဲ့တယ်။ အဲ့ဒီလိုပုံစံမျိုးပဲ Big Bang ကိုလဲ သူတို့ရဲ့ တကယ့် International production ကိုလုပ်နိုင်ဖို့ ကျွန်တော် ကြိုးစားနေ ပါတယ်။
ကုန်ကျစရိတ်လဲ အရမ်းကုန်မှာဖြစ်တဲ့အတွက် သေချာလေး စီစဉ်နေတယ်။ 2ne1 တုန်းက လောပြီး လုပ်လိုက်တဲ့အတွက် အခက်အခဲ နည်းနည်းရှိသွားတယ်။ အခုတော့ ဇူလိုင် ၃၁ ကို လျာထားပါတယ်။ အဆင်မပြေရင် တစ်ပတ်နှစ်ပတ် ထပ်ရွှေ့ပါမယ်။ အဲ့ဒီထက်တော့ပိုနောက်မကျတော့ပါဘူး။”လို့ သူက ပြောပါတယ်။
ဒါ့အပြင် ပွဲနေရာအတွက် အခက်အခဲဖြစ်နေတဲ့အကြောင်းကိုလည်း သူက “ကျွန်တော်တို့အတွက်က မမြတ်ရင် နေပါစေ။ မရှုံးဖို့အရေးကြီးတယ်။ မရှုံးဘူးဆိုရင် ပြီးရောပေါ့။ အဓိကက နေပြည်တော်လိုမျိုး Stadium တစ်ခုကို ရန်ကုန်မှာ ဘာလို့မရှိလဲပေါ့။ ဘာပွဲပဲဖြစ်ဖြစ် လုပ်လို့အဆင်ပြေအောင် ရန်ကုန်မှာ နေပြည်တော်လိုမျိုး stadium တစ်ခု ရှိသင့်တယ်။ ခု လူ ၄၀၀၀၀ လောက်ဆန့်တာက သုဝဏ္ဏ outdoor stadium ပေါ့။ အဲ့ဒီနေရာကိုတော့ လျာထားတယ်။
ဒါပေမဲ့ ကျွန်တော်တို့ ကြိုးစားကြည့်တဲ့အခါကျတော့ အစိုးရက လွယ်လွယ်နဲ့ပေးမှာ မဟုတ်ဘူးလို့ ပြောပါ တယ်။ ခုညှိနေတုန်းပါပဲ။ အဲ့ဒါကြောင့် သက်ဆိုင်ရာလူကြီးတွေကိုလဲ တိုက်တွန်းစေချင်တယ်။ ဒါက စီး ပွားဖြစ် လုပ်တာ မဟုတ်ပါဘူး။ ဗမာလူမျိုးအနေနဲ့ပရိသတ်တွေကို ဖွံ့ဖြိုးတိုးတက်လာအောင် မီဒီယာကို သုံးပြီး ဆွဲခေါ်နေတာ ဖြစ်ပါတယ်။ အဲ့ဒါကိုလဲ နားလည်စေချင်ပါတယ်။
လုပ်ခွင့်ပြုပါလို့တောင်းဆိုချင်ပါတယ်။ ဒီနှစ်ထဲမှာပဲ လုပ်ဖြစ်မှာပါ။ ဘာကြောင့်လဲဆိုတော့ ဒီပွဲက Big Bang ရဲ့နောက်ဆုံးရှိုး ဖြစ်လိမ့်မယ်။ သူတို့လဲ တော်တော်လေးကို အားခဲထားတယ်။ သူတို့နောက်ဆုံး အယ်လ် ဘမ်လဲ ထွက်ထားတယ်။ အဲ့ဒီအယ်ဘမ်ကိုလဲ ကြော်ငြာရင်းနဲ့ ပေါ့။
ဘာကြောင့်လဲဆိုတော့သူတို့က စစ်ထဲဝင်ရတော့မယ်။ နောင် ၃ နှစ်ကြာလို့ စစ်တပ်ထဲက ပြန်ထွက် လာရင်တောင် Big Bang ဆိုတာ ရှိချင်မှ ရှိတော့မယ်။ စိတ်ဓာတ်ရေးရာအရလဲ ပြောင်းလဲသွားမှာပေါ့နော်။ နိုင်ငံတိုင်းကိုလဲ မသွားပါဘူး။ နောက်ဆုံးဖြစ်တဲ့အတွက်ကြောင့် သူတို့ကို နိုင်ငံတိုင်းလိုလိုက လုပ်ချင်ကြ တယ်။ အာရှမှာကို တော်တော်များတဲ့တွက် မြန်မာကို ဦးစားပေး ရွေးပေးမယ်လို့ပြောပါတယ်”တဲ့။
ဈေးနှုန်းအနေအထားကိုတော့ သူက “2ne1 နဲ့တော့ လက်မှတ်ဈေးနှုန်းက နီးစပ်မယ်။ ခုလာမဲ့ မတ်လ ၂၈ ရက်မှာ ဗီယက်နမ်မှာပဲ 2ne1 ပွဲ လုပ်ခဲ့တဲ့ ပါတနာနဲ့ပဲ ပွဲလုပ်ဖို့ရှိတယ်။ ဗီယက်နမ်မှာ လက်မှတ်တွေ စရောင်းပေးနေပါပြီ။ ဒီမှာထက် ဟိုရှိုးက ပိုပြီးသက်သာမယ်။ အဲ့ဒီမှာ 2ne1 အပြင်၊ exo , Sister , Shinee ပါမယ်။ အဲ့ဒါက K pop ရဲ့ အကြီးမားဆုံး series ပေါ့။
ဈေးနှုန်းအနေအထားကိုတော့ သူက “2ne1 နဲ့တော့ လက်မှတ်ဈေးနှုန်းက နီးစပ်မယ်။ ခုလာမဲ့ မတ်လ ၂၈ ရက်မှာ ဗီယက်နမ်မှာပဲ 2ne1 ပွဲ လုပ်ခဲ့တဲ့ ပါတနာနဲ့ပဲ ပွဲလုပ်ဖို့ရှိတယ်။ ဗီယက်နမ်မှာ လက်မှတ်တွေ စရောင်းပေးနေပါပြီ။ ဒီမှာထက် ဟိုရှိုးက ပိုပြီးသက်သာမယ်။ အဲ့ဒီမှာ 2ne1 အပြင်၊ exo , Sister , Shinee ပါမယ်။ အဲ့ဒါက K pop ရဲ့ အကြီးမားဆုံး series ပေါ့။
အဲ့ဒီကိုလဲ ဗမာကလူတွေ လာအားပေးစေချင်တယ်။ အဲ့ခါကျမှ သူတို့လဲ ဗမာ fan တွေ များပါလားဆိုပြီး အဲ့ဒီလို series တွေ မြန်မာနိုင်ငံမှာ လုပ်လာနိုင်တယ်။ အဲ့ဒီလိုပွဲတွေလုပ်ဖို့ကလဲ နေပြည်တော်လိုမျိုး ကျယ်ဝန်းတဲ့ Stadium တစ်ခု ရန်ကုန်မှာလဲ ရှိဖို့လိုတယ်။ လူက အသားကုန်လာမှာ ဖြစ်တဲ့အတွက်ပါ။ Big Bang ရဲ့နောက်ဆုံး ရှိုးဖြစ်တဲ့အတွက်ကို သူတို့က မြန်မာနိုင်ငံကို လုပ်ပေးချင်တယ်။
ကိုရီးယားဈေးကွက်လဲ တော်တော်ရှိတဲ့အတွက်ကြောင့်မို့လို့လေ။ သူတို့ကိုယ်တိုင်လဲမြန်မာပြည်ကို တော်တော်သဘောကျတယ်။ အဲ့ဒါကြောင့် အစွမ်းကုန် ကြိုးစားနေပါတယ်”လို့ပြောပြခဲ့ပါတယ်။
ခင်ဆွေသက် - Trend Myanmar
ခင်ဆွေသက် - Trend Myanmar

မှတ်ချက်များ