မြစ်ကြီးနားမြို့တွင် ကျောင်းသားတစ်ဦးသေဆုံးမှု ကျပ်သိန်း ငါးဆယ်ဖြင့်ကျေအေး


မြစ်ကြီးနားမြို့တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရဲဝန် ထမ်း၊ မီးသတ်ဝန်ထမ်းများနှင့် ပြ ဿနာဖြစ်ပွားပြီး ဒဏ်ရာ ရသေ ဆုံးသွားသော န၀မတန်း ကျောင်း သား အမှုကို နစ်နာကြေးငွေ ကျပ်သိန်း ၅၀ ဖြင့် ကျေအေး လိုက်ကြောင်း သတင်းရရှိသည်။

သေဆုံးသွားသော ကျောင်း သားအပါအ၀င် သူငယ်ချင်း ၁၁ ဦးသည် မတ်လ ၃ ရက် ည၉ နာရီက အင်ဂျန် ဒုံရပ်ကွက်ရှိအဆောင်များရှေ့တွင် သီချင်းဆို နေရာ အဆောင်မှူးက အုပ်ချုပ် ရေးမှူးထံ တိုင်ကြားခဲ့သည်။ အုပ်ချုပ်ရေးမှူး၊ ရဲဝန်ထမ်း နှစ်ဦးနှင့် မီးသတ်ဝန်ထမ်း ငါးဦးတို့က ကျောင်းသားများကိုလာရောက်ဖမ်းဆီးရာမှ စတင်ကာ ပြဿနာဖြစ်ပွားခဲ့ကြောင်း သိရသည်။

အခင်း ဖြစ်ပွားပြီးနောက် ကျောင်းသားများကို အုပ်ချုပ်ရေး မှူးရုံးသို့ ခေါ်ဆောင်သွားပြီး အုပ် ချုပ်ရေးမှူးက မည်သည့် ပြဿနာမျှ မဖြစ်ခဲ့ကြောင်း ပြောကြား၍မိဘများထံ ပြန်လည်အပ်နှံခဲ့ သည်။ နောက်တစ်နေ့နံနက် တွင် အရိုက်ခံထားရသော ကျောင်းသားတစ်ဦး သတိလစ်သွားပြီး ဆေးရုံတင်ခဲ့ရကာ မကြာမီကွယ် လွန်သွားကြောင်း သေဆုံးသူ၏ ဦးလေးက ဆိုသည်။

‘‘ကျောင်းသားတွေကို အုပ် ချုပ်ရေးမှူး ဦးဘောက်နော် ကိုယ် တိုင်အမိန့်ပေးပြီး ရိုက်ခိုင်းတယ် လို့ ပြော တယ်။ မှုခင်းဆရာဝန် စစ်ဆေးချက်ကလည်း ဦးခေါင်းကို အမာစနဲ့ ရိုက်ထားတယ်လို့လည်းပြောတယ်’’ ဟု သေဆုံးသွားသော ကျောင်းသား၏ ဦးလေး ဦးဒီရမ်ကပြောသည်။

ကျောင်းသား လူငယ်များ အဆောင်ရှေ့တွင် သောင်းကျန်း နေကြောင်း ဖုန်းဆက်တိုင်ကြား လာခြင်းကြောင့် အုပ်ချုပ်ရေးမှူး နှင့် မီးသတ်အဖွဲ့က သွားရောက် ဖမ်းဆီးရာ ကျောင်းသားများက ထွက်ပြေးစဉ်သေဆုံး သွားသော ကျောင်းသား၏ ဆိုင်ကယ်နှင့် မီးသတ်ဝန်ထမ်းတစ်ဦး၏ ဆိုင် ကယ်တို့ မတော်တဆတိုက်မိပြီး ကျောင်းသား ဒဏ်ရာရခဲ့ခြင်းဖြစ် ကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူး ကဆိုသည်။

‘‘ကျွန်တော်တို့ ရိုက်လည်း မရိုက်ဘူး။ ဆိုင်ကယ်မတော်တ ဆဖြစ်သွားတာ သေချာတယ်။ ဖြစ်နိုင်ခြေ အများဆုံးပဲ’’ ဟု ရပ် ကွက်အုပ်ချုပ်ရေးမှူး ဦးဘောက် နော်ကပြောသည်။ အခင်းဖြစ်ပွား ရာတွင် ရိုက်နှက်မှု မရှိခဲ့ကြောင်း၊ ကျောင်းသားသေဆုံးခဲ့မှုအတွက် မတ်လ ၁၂ ရက်က လူမှုရေးအရ နစ်နာကြေး ကျပ်သိန်း ၅၀ ပေး၍ အမှု ကျေအေးထားပြီဖြစ်ကြောင်း ၎င်းကဆိုသည်။

မီးသတ်ဝန်ထမ်းများသည် ကျောင်းသားအားလုံးကို ခေါင်းငုံ့ ထားခိုင်းပြီး တုတ်များဖြင့် ရိုက် ခြင်း၊ လက် ထိတ်ခတ်ခြင်းများပြုလုပ်သကဲ့သို့ အုပ်ချုပ်ရေးမှူး ဦးဘောက်နော်ကလည်း လက်ဖြင့် ရိုက်ကြောင်း အဆောင်ရှေ့ တွင် သီချင်းသီဆိုမှုဖြင့် ဖမ်းဆီးခံခဲ့ရသော ကျောင်းသားတစ်ဦး ကပြောသည်။

ကျောင်းသားတစ်ဦး သေဆုံးမှုနှင့် ပတ်သက်၍ မြစ်ကြီးနားမြို့ အမှတ် (၁)ရဲစခန်းတွင် အမှုဖွင့် အရေးယူ ထားမှု မရှိကြောင်း စုံစမ်းသိရသည်။

မရန် - 7day

မှတ်ချက်များ