ရုပ်သံ အစီအစဉ် တစ်ခုမှာ ကပြခဲ့တဲ့ သမ္မတကြီးရဲ့ ကတော်





အမေရိကန် သမ္မတကြီး ဘာရက်အိုဘားမားရဲ့ ဇနီးဖြစ်သူ မီရှဲလ်အိုဘားမားဟာ ရုပ်သံ အစီအစဉ် တစ်ခုမှာ ကပြခဲ့တယ်လို့ သိရပါတယ်။ အသက်(၅၁)နှစ်ရှိပြီဖြစ်တဲ့ မီရှဲလ် အိုဘားမားရဲ့ ခုန်ပေါက် ကနေတဲ့ မြင်ကွင်းက အားလုံး အတွက် အံ့အားသင့်စရာ ဖြစ်ခဲ့ပါတယ်။

မီရှဲလ် အိုဘားမားဟာ အမေရိကန် ဟာသ သရုပ်ဆောင် ဒီဂီနီရီနဲ့ အတူ ကခုန်ပြခဲ့တာ ဖြစ်ပါတယ်။ ဒီဂီနီရီဟာ သူ့ရဲ့ အစီအစဉ်မှာ ပါဝင်ဖို့ ဖိတ်ခေါ်ခဲ့ တာကြောင့် မီရှဲလ် အိုဘားမားက ၀င်ရောက် ကပြခဲ့ခြင်း ဖြစ်ပါတယ်။ ဒီလို ကပြမူကို လာမယ့် မတ်လ (၁၆) ရက်မှာ ရုပ်သံကနေ ထုတ်လွှင့် ပြသ သွားမှာ ဖြစ်ပါတယ်။

မီရှဲလ်အိုဘားမား ၀င်ရောက် ကပြခဲ့ရာမှာ သမီးနှစ်ဦး ပါဝင်ခဲ့ခြင်း မရှိပါဘူး။ မီရှဲလ်အိုဘားမားဟာ အဖြူရောင် ဘောင်းဘီရှည်ကို ၀တ်ဆင်ပြီး ကပြသွားခဲ့ တာ ဖြစ်ပါတယ်။ မီရှဲလ် အိုဘားမား ပုံစံဟာ လူငယ်လေး တစ်ဦးလို ဖြစ်နေပြီး လက်ကို ပုံစံအမျိုးမျိုး ပြုလုပ်ပြခဲ့ ပါတယ်။ မီရှဲလ် အိုဘားမားဟာ ဧပြီ (၅) ရက် အိမ်ဖြူတော်မှာ ကျင်းပ သွားမယ့် ပွဲတော်တစ်ခု မှာလည်း ကပြသွားဖို့ စီစဉ်ထား တယ်လို့ သိရပါ တယ်။

messenger

မှတ်ချက်များ