ငါးနှစ်အရွယ်ကလေးငယ်တွေ စစ်သင်တန်းပေးတဲ့ အိုင်အက်စ်ရဲ့ စစ်မြေ ပြင်သင်တန်း







အချို့က လေး၊ ငါးနှစ် သာသာရှိတဲ့ ကလေးငယ်တွေပါ။ ဒါပေမဲ့ သူတို့လက် ထဲမှာရှိတာက ကစားစရာအ ရုပ်တွေမဟုတ်ပဲ လူ့အသက်ဇီဝှိန်ကို ချွေမယ့် လူသတ်လက်နက်တွေပါပဲ။ သူတို့လေးတွေရဲ့ စိတ်ထဲမှာ သူတို့နဲ့လိုက် ဖက်တဲ့ ကလေးသူငယ်ချစ်စရာ အပြုအမူ၊ ကစားနည်းတွေနဲ့ဆော့ကစား ဖို့မရှိပဲစစ်ဘက်ရေး ရာ လူသတ်တိုက်ခိုက်ခြင်းအတတ်တွေပဲ နှလုံးသွေး ခန္ဓာထဲမှာ စီးဆင်းနေတာကို တွေ့ရပါတယ်။

ဒီ ကလေးငယ်လေးတွေက အီရတ်နဲ့ ဆီးရီးယား နယ်မြေအချို့ကိုသိမ်းယူ ထားတဲ့ အစ္စလာမစ်အစွန်း
ရောက်အဖွဲ့ IS ရဲ့ စစ်သင်တန်းပေးသင်ကြားနေ ရတဲ့ ကလေးငယ်တွေပဲဖြစ်ပါတယ်။“ အဲ့ဒီကလေး ငယ်တွေက လူတွေကို သေစေနိုင်တဲ့ လူသတ် လက်နက် တွေကို သယ်ဆောင်ပြီး ရက်စက်ကြမ်းကြုတ်တဲ့ စစ်ဘက်ရေးရာအတတ် သင်ကြားနေကြတာကို ကျွန်တော်မြင်တော့ အံ့သြသွားခဲ့ရတယ်။

နောက်သူ တို့တွေကို သင်ကြားပေးတဲ့ စစ်ဘက်သင်တန်းနည်းပြက အကြမ်းဖက်တိုက် ခိုက်တဲ့ ကြမ်းကြမ်းရမ်းရမ်းလုပ်ဆောင်မှုတွေ ဦးခေါင်းကိုအုတ်နံရံနဲ့ အတင်း စောင့်ခိုင်းတာတို့၊ တစ်ယောက်နဲ့ တစ်ယောက် နပန်းလုံးသတ်ပုတ်ခိုင်းတာ တို့၊ ပစ်မှတ်ကိုချိန်ရွယ်ပြီး သေနတ်ပစ်သင်တာတို့ တွေနဲ့ ထောင်သားတွေကို ဘယ်လိုထိန်းချုပ်စောင့်ကြည့်ရမယ်ဆိုတာတွေ အားလုံးကို ကြမ်းကြမ်းရမ်း ရမ်းနဲ့ကို သင်ကြားနေတာတွေ့ဖူးပါတယ်” လို့ အီရတ်မြို့တော် မိုဆူးမြို့ ခံအမျိုးသားတစ်ဦးက ဆိုပါတယ်။

ထိုသို့ အစ္စလာမစ်အကြမ်းဖက်အစွန်းရောက်အဖွဲ့က ကလေးသူငယ်စစ် သားတွေကိုစုဆောင်းပြီး စစ် တိုက်ခိုက်ခြင်းနဲ့ စစ်မြေပြင်မှာကလေးစစ်သား အဖြစ် အသုံးချခြင်းတွေကို မကြာခဏတွေ့နေရပြီး တလောကလည်း ပါး ကွက်သားအဖြစ်အသုံးချ သတ်ဖြတ်တဲ့ပုံရိပ်တွေကိုလည်း ကမ္ဘာ့သတင်း ခေါင်းစီးပိုင်းတွေမှာ ပါလာခဲ့ပါတယ်။

ဖိုးသူတော်

မှတ်ချက်များ