ဝလည်းဝ၊ မလှလည်းမလှဆိုရင် ဘားဆိုင်မဝင်ရ
ဝတာနဲ့ မလှတာက အပြစ်တဲ့လားဟင်။ လူ့ပတ်ဝန်းကျင်ထဲမှာ တကယ်ပဲ လူရာမဝင်ဘူးလားဟင်။ သူငယ်ချင်းသုံးယောက်သား တစ်ယောက်ကိုတစ် ယောက်ကြည့်ပြီး ယူကြုံးမရတဲ့ အကြည့်တွေ၊ အားပေးတဲ့အကြည့်တွေနဲ့ စိတ်ပျက်လက်ပျက် ဘားဆိုင်ကထွက်လာကြလေရဲ့။
အမေရိကန်ပြည်ထောင်စု၊ မန်ချက်စတာမြို့တော်မှာနေထိုင်တဲ့ အသက် ၃၃ နှစ်အရွယ် ကလေးမိခင် စတေစီအိုဝမ်က သူမသူငယ်ချင်းမနှစ်ယောက်တို့ နဲ့အတူတစ်ခုသော တနင်္ဂနွေညနေခင်းမှာ မန်ချက် စတာရဲ့ စပင်းနင်းဖီးလ် က ဘားဆိုင်တစ်ဆိုင်သို့ စိတ်လက်အပန်းဖြေဖို့ သွားရောက်ခဲ့ကြပါတယ်။
ထိုနေရာသို့ သွားရောက်လိုက်တဲ့အချိန်ရောက်မှပဲ သူမတို့အတွက် စိတ်အား ငယ်စရာ စိတ်ပျက်စရာ တစ်ခုနဲ့ကြုံတွေခဲ့ရပါတော့တယ်။ ကလေးအမေတွေ ဖြစ်တဲ့အတွက် ပုံပျက်ပန်းပျက်ခန္ဓာကိုယ်တွေဖြစ်တဲ့ အပြင် ရုပ်ဆိုးတဲ့မျက်နှာ တွေထဲမှာပါတာကြောင့် ဘားဆိုင်တာဝန်ရှိသူတွေက ဝင်ခွင့်မပြုပဲ မောင်းထုတ် ခံခဲ့လိုက်ရပါတယ်။
“ ကျွန်မတို့သိပ်ကိုဝမ်းနည်းနေပါတယ်။ ကျွန်မတို့က စူပါမော်ဒယ်တွေ မဟုတ်တာတော့ ကျွန်မတို့ဘာ သာကျွန်မတို့သိပါတယ်။ ဒါပေမဲ့ ကျွန်မတို့ က ဆိုင်ကိုလာတဲ့ ဧည့်သည်တွေပဲလေ။ ဈေးအရောင်းဆိုင်အ တွက်ဧည့် သည်တွေက အဓိကပဲ မဟုတ်ဘူးလား။ အခုဟာက ကျွန်မတို့ကို မဆီ မဆိုင်တဲ့အကြောင်းပြ ချက်နဲ့ ကျွန်မတို့နှင်ထုတ်လိုက်တယ်။ ကျွန်မတို့ ကလေးအမေတွေလည်း သူများတွေလို လွတ်လွတ်လပ် လပ်ပျော်ချင်တဲ့ အချိန်လည်း ရချင်တယ်လေ” လို့ ကလေးအမေ အိုဝမ်က စိတ်မချမ်းသာ စွာဖြင့် ရင် ဖွင့်ပြောပြခဲ့ပါတယ်။
ဖိုးသူတော်


မှတ်ချက်များ