နေပြည်တော်တွင် အနှိပ်ခန်းနှင့် ကေတီဗီများ လိုက်လံဖမ်းဆီး
နေပြည်တော်နှင့် ပျဉ်းမနားမြို့နယ်များရှိ အနှိပ်ခန်း များနှင့် ကေတီဗီများ ပိတ်ထားရန် ညွန်ကြားသော်လည်း မလိုက်နာ သောကြောင့် မတ်လ ၁၅ ရက်မှ စတင်၍ ဖမ်းဆီးမှုများရှိနေကြောင်း သတင်းရရှိသည်။
တက္ကသိုလ်ဝင် စာမေးပွဲများ ဖြေဆိုနေစဉ် အနှိပ်ခန်းများ ပိတ် ထားရန် ညွှန်ကြားထားသော်လည်း လိုက်နာ မှုမရှိသည့် ဆိုင် ခန်းများရှိနေသောကြောင့် လိုက် လံဖမ်းဆီးနေခြင်းဖြစ်ကြောင်း ပေါင်းလောင်းတွင် အနှိပ် ခန်းဖွင့် လှစ်ထားသူ တစ်ဦးကဆိုသည်။
‘‘မနေ့က ပုဗ္ဗသီရိဘက်မှာ တော့ သုံးဆိုင်လောက် ပါသွား တယ်။ ပိတ်ဖို့ ကြိုပြောထားပါ တယ်။ ခိုးဖွင့်တော့ ၀င်ဖမ်းခံရ တာပါ။ ဒီနေ့ကတော့ ပျဉ်းမနား ဘက်မှာ ၀င်ဖမ်းတယ်ကြားတယ်’’ ဟု ၎င်းကဆိုသည်။
နေပြည်တော်တွင် အနှိပ် ခန်းများနှင့် ကေတီဗီများကို နိုင်ငံ တကာအခမ်းအနားများရှိချိန်နှင့် တက္ကသိုလ် ၀င်စာမေးပွဲကျင်းပနေ ချိန်တွင် ခေတ္တပိတ်ထားရန် ညွှန် ကြားလေ့ရှိကြောင်း သိရသည်။
‘‘အနှိပ်ခန်းတွေ ပိတ်တာ ဟုတ်ပါတယ်။ ပိတ်တော့ ကယ် ရီခတွေ လျော့တယ်။ ကျွန်တော် တို့က ညဘက် ပဲ ကယ်ရီဆွဲတာ။ အနှိပ်ခန်းတွေကို အားကိုးပြီး တော့’’ဟု ရာဇာဌာနေလမ်းမပေါ် တွင် ညဘက်ကယ်ရီဆွဲ သူ တစ် ဦးကဆိုသည်။
ထိုကဲ့သို့ ညွှန်ကြားချက်ကို မလိုက်နာ၍ ဖမ်းဆီးအရေးယူမှု များရှိနေသော်လည်း နေပြည် တော်ရှိ အနှိပ် ခန်း၊ ကေတီဗီများ ကို အပြီးသတ်ပိတ်စေခြင်းမျိုးများ မရှိကြောင်း နေပြည်တော်ရှိ ဒေသခံများထံမှ စုံစမ်း သိရှိရ သည်။
တက္ကသိုလ်ဝင်စာမေးပွဲများ ဖြေဆိုနေချိန်တွင် ရန်ကုန်မြို့ရှိ ဘီယာဆိုင်နှင့် စားသောက်ဆိုင် များကို ညဥ့်နက် ချိန်ထိ ဖွင့်လှစ်ခြင်း မပြုရန်နှင့် ၂၄ နာရီဖွင့်လှစ်သော စတိုးဆိုင်များတွင် ည ၉ နာရီ နောက်ပိုင်း အရက်၊ ဘီယာရောင်းချခြင်းမပြုရန် ညွှန်ကြားထား သည်။
ရဲနိုင် - 7day

မှတ်ချက်များ