Bon Jovi ရဲ့နာမည်ကို စကားပေါင်းမှားယွင်းစွာ တက်တူးထိုးခဲ့သူ


လူသားတွေရဲ့ ညံ့ဖျင်းမှုတွေကို ဆုတစ်ခုခုပေးမယ် ဆိုရင်တော့ မှားယွင်းတဲ့ တက်တူးတွေကို ပိုင်ဆိုင်ထား သူတွေကို အရင်ဆုံး ထည့်တွက်သင့်ပါတယ်။ တက်တူးဆိုတာဟာ သေရာပါမယ့် အသားပေါ်က ပန်းချီတစ် ခုဖြစ်တဲ့အတွက် လွဲချော်မှုတွေနဲ့ မတွဲဖက်ထားသင့်ပါဘူး။

အခုလည်း Reddit လူမှုကွန်ရက်မှာ ကျော်ကြားလာတဲ့ တက်တူးတစ်ပုံကတော့ သက္ကရာဇ် ၂၀၀၀ ခုနှစ်က ထွက်ရှိခဲ့တဲ့ ရော့ခ်အဆိုတော် Bon Jovi ရဲ့ It’s My Life ဆိုတဲ့ သီချင်း စာသား အကြောင်းရေးထိုးခဲ့တဲ့ တက်တူးပါ။

ဒါပေမယ့် အခုထိုးခဲ့တဲ့ လက်မောင်းပေါ်က တက်တူးပေါ်မှာတော့ It’s My Life – Jon Bovi လို့ဖြစ်နေပါ တယ်။ သီချင်းစာသားက မှန်နေပေမယ့် သီချင်းပိုင်ရှင် အဆိုတော် ရဲ့နာမည်ကို လွဲမှားစွာ ထိုးခဲ့တဲ့ သူကို သူ့ရဲ့ သူငယ်ချင်းတွေကလည်း ဝေဖန် ရှုံ့ချခဲ့တာကို တွေ့ရပါတယ်။ Lolololokokok လို့ခေါ်တဲ့ Reddit သုံစွဲသူ ကောင်မလေးတစ်ယောက်က ထိုတက်တူးပိုင်ရှင်ဟာ သူမရဲ့ ချစ်သူကောင်လေးဖြစ်တယ်လို့ အတည်ပြု ပြောကြားခဲ့ပြီး ထိုတက်တူးဟာလည်း အစစ်ဖြစ်တယ်လို့ ဆိုပါတယ်။

ထိုတက်တူးပုံကိုတော့ Reddit သုံးစွဲသူ တွေရဲ့ အကြိမ် ၂ သန်းတိတိ ကြည့်ရှုမှုကို ခံခဲ့ရပြီး တက်တူးပိုင်ရှင် ကတော့ ထိုတက်တူးဟာ တက်တူးဆရာရဲ့ မှားယွင်းမှု လား သူ့ရဲ့ မှားယွင်းမှုလားဆိုတာကို ထုတ်ဖော်ပြောကြားချင်း မရှိသေးပါဘူး။

Trend Myanmar

မှတ်ချက်များ