| မွန်းအောင်ရဲ့ “ဝတ်မှုန်ကူးတဲ့ည” တကိုယ်တော်ဖျော်ဖြေပွဲ အောင်မြင်စွာကျင်းပနိုင်ခဲ့ |
အဆိုတော်မွန်းအောင်၏သီချင်းများကို နားမထောင်ရသည်မှာ ကြာပြီဖြစ်သောပရိတ်သတ်အတွက် ရသအ သစ်တမျိုးခံစားပေးစွမ်းနိုင်ခဲ့သောအဆိုပါပွဲကြီးတွင် သူ၏နာမည်ကြီးသီချင်းများကို ပရိတ်သတ်အကြိုက်နှင့် ထပ်တူညီစွာ သီဆိုပေးနိုင်ခဲ့ သည်။
သူ၏ နာမည်ကျော်တေးသီချင်းများဖြစ်သော ဝတ်မှုံ၊ မိုးလုံးမှိုင်း၊ ရိုးရိုးလေးသာဝတ်ခဲ့ပါကွယ်၊ အချစ်များဖြင့် ဖန်ဆင်းတယ်၊ ယု၊ သွေးသစ္စာ၊ ပျံသာ ပျံပါ ခွပ်ဒေါင်းနီ၊ သွေးမုန်တိုင်း အစရှိသော တေးသီချင်း သုံးဆယ်ကျော်ကို နှစ်ပိုင်းခွဲ၍ ဖျော်ဖြေခဲ့သည်။
အခမ်းအနားမှူး အဖြစ် သရုပ်ဆောင်ဟာသ လူရွှင်တော် ဦးမေတ္တာမှ ဆောင်ရွက်ပေးခဲ့သည်။
“ကျနော် သူ့ (ကိုမွန်းအောင်) ရဲ့ သီချင်းကို သိပ်မသိပါဘူး။ ဒီသီချင်းတွေ သူဆိုခဲ့မှန်းလဲ မသိပါဘူး။ ကျနော်က ကိုမွန်းအောင် နိုင်ငံခြားထွက်တဲ့ အချိန်မှ မွေးခဲ့တာဆိုတော့ မကြည့်ဘူးလို့သာလာကြည့်တာ။ တကယ်ကောင်းတယ်ဗျာ” ဟု ပွဲသို့ လာ ရောက်ကြည့်ရှုသူပရိတ်သတ်တစ်ဦးမှ ပြောကြားခဲ့သည်။
လူလတ်ပိုင်းအရွယ်ပရိတ်သတ်တစ်ဦးမှတော့ “ဟာကွာ ယုတပုဒ်ထဲနဲ့တင် လက်မှတ်ခတန်သွားပြီကွာ” ဟုပြောကြားခဲ့ သည်။
မွန်းအောင်၏ ဝတ်မှုန်ကူးတဲ့ည ဖျော်ဖြေပွဲတွင် လက်မှတ်ခမှာ တသောင်း၊ ၂သောင်း၊ ၃သောင်း ဟု ရေးထားသော်လည်း ရှေ့ဆုံးတန်းမှာ တသိန်းဖြစ်ပြီး မှောင်ခိုတွင် သုံးသောင်းခွဲနှင့် ရောင်းချနေသည်ကို လည်း တွေ့ခဲ့ရသည်။
မှတ်ချက်များ