One Direction အမျိုးသား အဆိုတော် Zayn Malik ထွက်တော့မယ်
One Direction အမျိုးသား အဆိုတော် အဖွဲ့မှာ (၅) နှစ်ကြာ ဖျော်ဖြေခဲ့တဲ့ Zayn Malik ထွက်တော့မယ်လို့ ကြေညာ လိုက်ပါတယ်။
Zayn မပါဘဲ ၄ ယောက်တွဲ အဖွဲ့အနေနဲ့ ဆက်လှုပ်ရှားသွားမှာ ဖြစ်ပြီး ကမ္ဘာလှည့် ဖျော်ဖြေပွဲတွေ လုပ်ဖို့နဲ့ ပဉ္စမမြောက် အခွေထွက်ဖို့ လည်း ပြင်နေ ပါတယ်။
Zayn က သူ့ပရိသတ်တွေကို တောင်းပန်ခဲ့ပါတယ်။ ဒါပေမဲ့ သူ့နှလုံးသားက မှန်တယ် ထင်တာ သူလုပ်ရတာပါလို့ သူက ဆိုပါတယ်။
One Direction ဟာ ပထမဆုံး ထွက်တဲ့ အခွေ ၄ ခွေနဲ့ အမေရိကန် Billboard မဂ္ဂဇင်းက ထုတ်တဲ့ အရောင်းရဆုံး ခွေ ၂ဝဝ ထဲမှာ နံပတ် ၁ ချိတ်ခဲ့တဲ့ ပထမဆုံး အဖွဲ့ ဖြစ်ပါတယ်။
BBC Burmese




မှတ်ချက်များ