သုံးစွဲသူ၏ post အဟောင်းများကို ပြန်လည်ပြသပေးမည့် On This Day feature ကို Facebook မိတ်ဆက်
Facebook သည် သုံးစွဲသူများ၏ post အဟောင်းများကို ပြန်လည်ပြသပေးမည့် On This Day feature ကို မိတ်ဆက်ခဲ့ကြောင်းသိရသည်။
Facebook သည် သုံးစွဲသူများ၏ အမှတ်တရ ဖြစ်စရာများကို ပြန်လည်ဖော်ပြပေးနိုင်သည့် app ကို ဖန်တီး ရန် ၂၀၁၀ ခုနှစ်ကတည်းက ကြိုးပမ်းခဲ့သည်။ ထို့နောက် Facebook သုံးစွဲသူများသည် ၎င်းတို့၏ အမှတ်ရ စရာများကို ဖော်ပြပေးသည့် Timhop app ကို သုံးစွဲခဲ့ကြသည်။ အဆိုပါ app ကို အသုံးပြုသူ အရေအ တွက်သည် မိုဘိုင်းတွင် တစ်ရက်လျှင် ခြောက်သန်းအထိ ရှိလာသည်။
Facebook ၏ On This Day feature သည် လွန်ခဲ့သည့် တစ်နှစ်တိတိက သုံးစွဲသူများ၏ ဓာတ်ပုံများ သို့မ ဟုတ် လွန်ခဲ့သည့် လေးနှစ်ခန့် က status update များကို နေ့ရက်အတိအကျအလိုက် ပြန်လည်ပြသပေး သွားမည် ဖြစ်သည်။ Facebook သည် ၎င်း feature ကို လာမည့်ရက် အနည်းငယ်အတွင်း တစ်ကမ္ဘာလုံး သို့ ဖြန့်ချိပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။
၎င်း feature ကို Facebook ၏ bookmarks menu, search, News Feed stories သို့မဟုတ် iOS, Android နှင့် desktop ဗားရှင်းများတွင် မကြာမီ အသုံးပြုနိုင်တော့မည် ဖြစ်သည်။ မကြာမီ ကမ္ဘာတစ်ဝန်းသို့ ဖြန့်ချိတော့မည့် Facebook ၏ On This Day feature ကို Facebook web sidebar အပြင် မိုဘိုင်း ဝက်ဘ်ဆိုက်နှင့် app ၏ လမ်းညွှန် menu ရှိ bookmark အဖြစ် ထွက်ပေါ်လာမည် ဖြစ်သည်။ ထို့နောက် Facebook မှပေးထားသည့် link ကို နှိပ်၍လည်းကောင်း၊ On This Day ဟု ရှာဖွေ၍လည်းကောင်း အသုံးပြုနိုင်မည် ဖြစ်သည်။
စိုးထက် - Internet Journal

မှတ်ချက်များ