အီဂျစ်နိုင်ငံက ရထားဘူတာရုံတစ်ခုမှာ ကြောင်လေးတစ်ကောင်ဟာ နံရံက အပေါက်တစ်ပေါက်ကနေ အထဲကို တိုးဝင်သွားခဲ့ရာမှာ ပြန်မထွက်တတ်တော့လို့ ငါးနှစ်ကြာ ပိတ်မိနေခဲ့ပါတယ်။ ဒါပေမယ့် ၂၀၁၀ က စပြီး နံရံကြားမှာ ပိတ်မိနေတဲ့ အဲဒီကြောင်လေးဟာ အိမ်ခြေမဲ့ တိရစ္ဆာန်တွေကို စောင့်ရှောက်တဲ့ အဖွဲ့နဲ့ ကြင်နာတတ်တဲ့ အမျိုးသမီးတစ်စုကြောင့် ဒီနှစ်မှာ ပြန်လည် လွတ်မြောက်လာခဲ့ပြီ ဖြစ်ပါတယ်။
ဘီဆိုလို့ခေါ်တဲ့ အဲဒီကြောင်လေးဟာ လွန်ခဲ့တဲ့ ငါးနှစ်လောက်တုန်းက အီဂျစ်နိုင်ငံ၊ ကိုင်ရိုမြို့က မိုဟာ မက်နာဂွစ် ရထားဘူတာရုံက နံရံအပေါက်တစ်ခုကနေ အခုလို တိုးဝင်သွားခဲ့ရာက ပြန်မထွက်နိုင် ဖြစ်ခဲ့ရ တာပါ။ ဒါပေမယ့် အက်ဒိုဆိုတဲ့ ကြင်နာတတ်တဲ့ သူတစ်ဦးက ဘီဆိုကို အစာနဲ့ ရေ နေ့စဉ်ကျွှေးမွေးခဲ့တာ မို့ အခုလို အသက်ရှင်နိုင်ခဲ့တာပါ။ အက်ဒိုကတော့ ဘီဆိုဟာ သူ့ထက် အကောင်ကြီးတဲ့ ကြောင်တွေရဲ့ ရန်က လွတ်မြောက်ဖို့ အပေါက်ထဲ ၀င်ပုန်းပြီး အခုလို ဖြစ်ခဲ့တာလို့ ပြောခဲ့ပါတယ်။ အစောပိုင်းမှာ ဘီဆိုကို ကယ်တင်ဖို့ ကြိုးစားခဲ့ပေမယ့် သူက ကြောက်ရွံ့နေခဲ့တာမို့ အဆင်မပြေခဲ့ပါဘူး။ အမျိုးသမီးတစ်စုက အိမ်ခြေရာမဲ့ တိရစ္ဆာန် စောင့်ရှောက်ရေးအသင်းကို အကြောင်းကြားခဲ့တဲ့နောက် ကြောင်လေးဟာ ပထမ ဆုံးအကြိမ်အဖြစ် အလင်းရောင်ကို မြင်ခွင့်ရလာခဲ့ပါတယ်။
အီဂျစ်နိုင်ငံမှာ နံရံတစ်ခုကို ဖြိုချခဲ့မယ်ဆိုရင် ပြည်သူ့ပိုင်ပစ္စည်းကို ဖျက်ဆီးရာရောက်မှုနဲ့ တရားစွဲခံရနိုင်လို့ လည်း အခက်တွေ့နေခဲ့ပါတယ်။ ဒီနှစ် မတ်လ ၁၅ ရက်မှာ ကြောင်လေးကို ကယ်တင်ဖို့ အစီအစဉ်ကို ဖေ့ဘွတ်စာမျက်နှာမှာ ဖော်ပြခဲ့ပြီး တိရစ္ဆာန် အခွင့်အရေးလှုပ်ရှားသူ ၃ ဦးက ရဲအဖွဲ့ဆီ အကြောင်းကြား ခဲ့တာမို့ နံရံကို ဖြိုချနိုင်ခဲ့ပြီဖြစ်ပါတယ်။ အီဂျစ်ပြည်တွင်းသတင်းစာ ကိုင်ရိုပို့စ်ကတော့ ခုချိန်မှာ ဘီဆို ဆိုတဲ့ကြောင်လေး လွတ်မြောက်ခဲ့ပါပြီလို့ ရေးသားခဲ့ပါတယ်။
Planet Myanmar



မှတ်ချက်များ