ကမ္ဘာပေါ်က ဆွဲဆောင်မှုအရှိဆုံး ကျောင်းဆရာ


ဟန့်ပိုင်ထရို ဘိုဆယ်လီဆိုတဲ့ အသက် ၂၆ အရွယ် အမျိုးသားတစ်ယောက်ဟာ တစ်နေ့ကို ကြံ့ခိုင်မှု လေ့ကျင့်ခန်း နှစ်ကြိမ်ကနေ သုံးကြိမ်လောက် အထိ လုပ်လေ့ရှိပြီး ၂၀၁၄ မှာ ဥရောပရဲ့ ကြံ့ခိုင်မှု အကောင်းမွန်ဆုံး အမျိုးသားမော်ဒယ်ဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။

သူဟာ စက်မှုစွမ်းအား အင်ဂျင်နီယာ ဘာသာရပ်နဲ့လည်း ပီအိတ်ရှ်ဒီဘွဲ့ ရရှိထားသူ ဖြစ်ပါတယ်။ ဟန့်ရဲ့ တပည့်တစ်ယောက်က ဂူးဂဲလ်မှာ သူ့ဆရာရဲ့ နာမည်ကို ရိုက်ထည့်ပြီး ရှာဖွေခဲ့ရာမှာ သူ့ရဲ့ဆရာဟာ နာမည် ကြီး အမျိုးသား မော်ဒယ်တစ်ယောက် ဖြစ်နေခဲ့တဲ့အတွက် အံ့အားသင့်ခဲ့ရတယ်လို့ ဆိုပါတယ်။ အဲဒီနောက်မှာ တော့ ဟန့်ကို အွန်လိုင်းပေါ်က ရှာဖွေစူးစမ်းမှုတွေ ပိုမိုများပြားလာခဲ့ပြီး ကမ္ဘာပေါ်က ဆွဲဆောင်မှု အရှိဆုံး ကျောင်းဆရာအဖြစ် သတ်မှတ်ခဲ့ပါတော့တယ်။ အရပ် ၆ ပေ ၁ လက်မ မြင့်တဲ့ ကျောင်းဆရာ ဟန့်ဟာ အီတလီနိုင်ငံ၊ နီဂရွာဒေသမှာ မွေးဖွားခဲ့ပြီး လက်ရှိမှာတော့ လန်ဒန်တက္ကသိုလ်မှာ စာသင်ကြားပေးနေပါတယ်။

ဟန့်ရဲ့ ကျောင်းသားတစ်ယောက်ဖြစ်တဲ့ အရိအစ္စလီဆိုသူက သူ့ဆရာမှာ ပရိသတ်ပေါင်း ၈၀၀၀၀ ကျော်လောက် ရှိနေတဲ့ အင်စတာဂရမ်အကောင့်တစ်ခုကို ပိုင်ဆိုင်ထားတယ်ဆိုတာ သတိထားမိခဲ့ပါတယ်။ အစ္စလီက “ ကျွန်တော့်ရဲ့ သချာင်္ကျောင်းဆရာဟာ ဖက်ရှင်ကျကျ ၀တ်စားတတ်တဲ့ နာမည်ကြီး မော်ဒယ် တစ်ယောက် ဖြစ်နေဆိုတာ တဒင်္ဂအတွင်းမှာ သိရှိခဲ့ရပါတယ်” လို့ တွစ်တာမှာ ရေးသားခဲ့ပါတယ်။

Planet Myanmar

မှတ်ချက်များ