ကယ်ဗင်ဟားရစ်နဲ့ တကယ် ချိန်းတွေ့နေပြီဖြစ်တဲ့ တေလာဆွစ်ဖ်


နာမည်ကျော် ကန်းထရီးအဆိုတော်မလေး တေလာဆွစ်ဖ်ဟာ အဆိုတော်၊ တေးရေး၊ ထုတ်လုပ်သူနဲ့ ဒီင်္ဂျေ သမားတစ်ဦးဖြစ်တဲ့ ကယ်ဗင်ဟားရစ်နဲ့ ချိန်းတွေ့နေတာ သေချာသွားပြီပဲ ဖြစ်ပါတယ်။

အကြောင်းကတော့ ကယ်ဗင်နဲ့ တေလာတို့ဟာ တညလုံးလည်း အတူရှိနေခဲ့ပြီး သောကြာနေ့ နံနက်မှာ ကယ်ဗင်ဟာ တေလာ နေထိုင်တဲ့ အယ်လ်အေက နေအိမ်ကနေ ကားနဲ့ ပြန်ထွက်သွားခဲ့တာကြောင့်
ဖြစ်ပါတယ်။

ကယ်ဗင် အိမ်မပြန်ခင်မှာ တေလာဟာ ကေဗင်ရဲ့ ပေါင်ပေါ်မှာ ထိုင်ပြီး ကြည်နူးနေခဲ့တာကို ဓါတ်ပုံတွေက မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ အသက် ၂၅ နှစ်အရွယ် တေလာနဲ့ အသက် ၃၁ နှစ်အရွယ် ကယ်ဗင်တို့ဟာ ဖျော်ဖြေရေးပွဲတစ်ပွဲကို အတူသွားကြည့်ခဲ့ကြပြီး ကားပေါ်မှာလည်း အပြုံးကိုယ်စီနဲ့ ရှိနေခဲ့ကြပါတယ်။ ေ

တေလာဟာ အရင်တုန်းက ဂျွန်မေရာ၊ ဟယ်ရီစတိုင်၊ တိုင်လာလူတနာတို့နဲ့ တွဲခုတ်ခဲ့ဖူးသလို ကယ်ဗင်က  လည်းအဆိုတော်တွေဖြစ်တဲ့ ရီတာအိုရာ၊ အယ်လီဂူဒင်းတို့နဲ့ တွဲခုတ်ခဲ့ဖူးပါတယ်။ သတင်းတွေကတော့ တေလာဟာ ကယ်ဗင်နဲ့ အတတ်နိုင်ဆုံး အချိန်အတော်ကြာကြာ ဖြတ်သန်းသွားချင်တယ်လို့ ရေး သားနေကြပါတယ်။

Planet Myanmar

မှတ်ချက်များ