သဉ္ဇာနွယ်ဝင်းတို့ မိသားစုရဲ့ တော်ဝင် ရွှေစင်စိန်ရတနာဆိုင် ဖွင့်လှစ်

ဓာတ်ပုံ - အောင်ဇော်မင်း
တော်ဝင်ရွှေစင်စိန်ရတနာဆိုင် ကို မတ်လ ၅ရက်နေ့က အမှတ် ၁၁၉၊ အထက်ကြည့်မြင်တိုင်လမ်းမ၊ သမ္မတ သင်္ကန်းတိုက်အနီးကြည့်မြင် တိုင်မြို့ နယ်မှာ ဖွင့်လှစ်ခဲ့ပါတယ်။ အဆိုပါဆိုင်တွင် ၁၅ပဲရည်ပြည့် အထူးအာမခံ ရွှေထည်လက်ဝတ် ရတနာများကို ရောင်းချပေးပြီး တော်ဝင်ရွှေစင် မှ ရွှေထည်များကို လက်လီ၊လက်ကားပန်းထိမ်အလျော့ တစ်ရွေးသာကွာပြီး ရောင်းပေးနေ တယ်လို့ သိရပါတယ်။ 

ဆိုင်ဖွင့်ပွဲ အထူးပရိုမိုးရှင်းအနေနဲ့ မတ်လ ၁ရက်နေ့မှ မတ်လ ၁၁ရက်နေ့အထိ ကို ဗလာမပါကံစမ်းမဲနဲ့ 5 to 20% ရရှိနိုင်မည့်အခွင့်အရေးအနေ နဲ့ စိန်ဝယ်ယူလိုသူCustomer များ အတွက်5% to 20% ရွှေဝယ်ယူလိုသူ Customer များအတွက် လက်ခမပါ ကျေးဇူးတုံ့ပြန်သွားမယ်လို့ သိရပါ တယ်။ အဆိုပါ ဆိုင်က သဉ္ဇာနွယ် ဝင်းရဲ့ မိသားစုတွေဖွင့်တဲ့ ဆိုင်လို့ လည်းသိရပါတယ်။

အခုလို တော်ဝင် ရွှေစင်စိန်ရွှေရတနာဆိုင်ဖွင့်ပွဲနဲ့ ပတ်သက်ပြီးတော့ သဉ္ဇာနွယ်ဝင်းက”သဉ္ဇာတို့ အမျိုးတွေ ကလည်း ရွှေဆိုင်တွေ ဖွင့်တယ်။ ရွှေနဲ့လည်း ပတ်သက်ပြီးတော့ သဉ္ဇာတို့လည်း နည်းနည်းပါးပါးနားလည် တယ်။ အစ် မတွေ ကလည်း စိတ်ဝင်စားကြတယ်။ သူတို့ လုပ်ချင်ကြတာဖြစ်တဲ့အတွက် ဒီရွှေဆိုင်လေးကို ဖွင့်ဖြစ်သွားတာပါ။ သဉ္ဇာကတော့သိပ်ပြီးတော့နား မလည် ပါဘူး။ဒါပေမဲ့လူကြိုက်များမယ့် ဒီ ဇိုင်းလေးတွေ ကိုတော့ သဉ္ဇာ ပြော ပြတယ်။ အကြံပေးဖြစ်တယ်။ သဉ္ဇာအမေကတော့ ဒီရွှေလုပ်ငန်း ကို အရင် ကတည်း က လုပ်ချင်တာ အခုမှစပြီး လုပ်ဖြစ်တာပေါ့။ သဉ္ဇာ ကိုအားပေးသလို သဉ္ဇာတို့ မိသားစု ရဲ့ ဆိုင်လေးကို လည်း လာပြီး အား ပေးကြပါဦး” လို့ ပြောပါတယ်။

လွင်လွင်ထွန်း - Popular Myanmar 

မှတ်ချက်များ