ဧပြီ ၁၅ ရက်နောက်ပိုင်းမှ မုတ်သုံအဝင်ကာလအထိ မြန်မာတစ်နိုင်ငံလုံး၌ အပူချိန်အမြင့်မားဆုံးဖြစ်လာနိုင်ဟု ဒေါက်တာထွန်းလွင် ခန့်မှန်း
အပူချိန်ပိုမိုမြင့်မား ခြင်းကို မြန်မာနိုင်ငံ၏ မိုးဦး၊ မိုးကြို ကာလတွင် တစ်ပြည်လုံး အတိုင်းအ တာဖြင့် ကြုံတွေ့နိုင်ကြောင်း မိုးလေ ဝသနှင့် ဇလဗေဒပညာရှင် ဒေါက် တာထွန်းလွင်က ပြောသည်။
လက်ရှိတွင် မြန်မာနိုင်ငံဒေသ အချို့၌ အပူချိန် ၄ဝ ဒီဂရီဆဲလ်စီး ရပ်စ်နီးပါးအထိရှိနေပြီး ဧပြီ ၁၅ ရက်မှ မုတ်သုံအဝင်ကာလအထိတွင် မြန်မာတစ်နိုင်ငံလုံး၌ ယင်းအပူချိန် ထက် ပိုမိုမြင့်တက်လာနိုင်ဖွယ်ရှိ ကြောင်း ယင်းကဆိုသည်။
ယင်းကာလတွင် မြန်မာနိုင်ငံ ၏ အရှေ့တောင်ပိုင်းဒေသများနှင့် ဒေသ အချို့တွင် ဖြစ်မြဲအောက် မိုး ရွာသွန်းမှုလျော့နည်းနိုင်ကာ၊ အပူ ချိန်မှာလည်း ရှမ်းပြည်နယ်အရှေ့ ပိုင်းနှင့် တနင်္သာရီမှလွဲ၍ ကျန်ဒေ သများတွင် ဖြစ်မြဲထက် ပိုမိုပူပြင်းနိုင် ကြောင်း ယင်း၏ခန့်မှန်းချက်များအရ သိရသည်။
''ရှမ်းရှေ့၊ ရှမ်းတောင်၊ ကရင်၊ ကယား၊ မွန်၊ တနင်္သာရီတို့မှာ ရွာ သွန်းမြဲအောက်လျော့နိုင်တယ်။ ကျန် နေရာတွေမှာတော့ ရာသီဥတုအပေါ် မူတည်တယ်။ အပူကတော့ တစ် ပြည်လုံးနီးပါးပိုတယ်''ဟု ဒေါက်တာ ထွန်းလွင်က ပြောသည်။
လက်ရှိတွင် မြန်မာနိုင်ငံမြောက် ပိုင်းဒေသများတွင် အနောက်လေစီး ကြောင်းများ အားကောင်းနေခြင်း ကြောင့် မိုးတိမ်တောင်များဖြစ်ပေါ် နေပြီး မိုးရွာသွန်းခြင်း၊ လေပြင်း တိုက်ခတ်ခြင်းတို့ဖြစ်ပေါ်နေကြောင်း၊ အဆိုပါ အနောက်လေစီးကြောင်း အား ကောင်းခြင်းသည် မုတ်သုံအ ဝင်ကိုလည်း နောက်ကျစေကြောင်း သိရသည်။
''ဧပြီ ၁၅ ရက်ကနေ မုတ်သုံဝင် တဲ့နေ့အထိကို မိုးကြိုလို့ သတ်မှတ် တယ်။ မုတ်သုံဝင်ပြီဆိုတာနဲ့ မိုးရာသီ ဖြစ်သွားတယ်။ မုတ်သုံဝင်တဲ့ရက်က လဲ မမှန်တော့ဘူး။ မိုးကြိုရာသီကလဲ ပိုရှည်တော့ မြန်မာပြည်က မုန်တိုင်း အန္တရာယ်ပိုရှည်လာတယ်''ဟု ဒေါက် တာထွန်းလွင်က ဆက်လက်ပြော ကြားသည်။
မိုးကြိုကာလတွင် သတိထားရ မည့်ရာသီဥတုများမှာ မိုးတိမ်တောင် ဖြစ်ပေါ်ခြင်းကြောင့် မိုးကြိုးပစ်ခြင်း၊ မိုးသက်လေပြင်းကျခြင်း၊ လျှပ်စီး လက်ခြင်း၊ လေဆင်နှာမောင်းတိုက် ခတ်ခြင်း၊ မိုးသီးကြွေခြင်း အစရှိသည် တို့ကို ဖြစ်ပေါ်စေနိုင်သည့်အပြင် မုန်တိုင်းများလည်း ဖြစ်ပေါ်တတ် ခြင်းကြောင့် သတိပြုနေထိုင်သင့် ကြောင်း သိရသည်။
''အခုလဲပူနေတာပဲ။ ဟိုတလော ကလို မိုးလေးရွာရင်တော့ ကောင်း မယ်လို့ တွေးမိတယ်။ ဒါပေမဲ့ မိုးရွာ ပြီးရင် ပြန်ပူတာက အရမ်းဆိုးတယ်'' ဟု ရန်ကုန်မြို့တွင်နေထိုင်သူတစ်ဦး က ပြောသည်။
ယခုနှစ်သည် အယ်လ်နီညို ရာသီဥတုဖြစ်ပြီး အရှေ့တောင်အာရှ နိုင်ငံများနှင့် မြန်မာနိုင်ငံအပါအဝင် ပူပြင်းခြောက်သွေ့သောရာသီဥတု ကို ကြုံတွေ့နိုင်သည့် အပြင် မြန်မာ နိုင်ငံတွင် မုတ်သုံအဝင်၊ အထွက်မမှန် ခြင်းကြောင့် ရာသီဥတုပြောင်းလဲခြင်း တို့ကိုလည်း ခံစားနေရပြီး မြန်မာ နိုင်ငံသည် ကမ္ဘာပေါ်တွင် ဒုတိယ မြောက် ရာသီဥတုဖောက်ပြန်မှုအဆိုး ရွားဆုံးနိုင်ငံဖြစ်ကြောင်း သိရသည်။
MMA - ဒီမိုကရေစီတူဒေး

မှတ်ချက်များ