၂၀၅၀ ခုနှစ်ရောက်သည့်အခါ ကမ္ဘာ့ ရေ အသုံးပြုနှုန်းသည် လက်ရှိထက် (၅၅) ရာခိုင် နှုန်းထိ တိုးလာ မည်ဟု အစီရင်ခံစာက ဆိုသည်။၂၀၅၀ ခုနှစ်ရောက်သည့်အခါ တိုးလာသော လူဦးရေအတွက် လောက်ငှအောင် ဖွံ့ ဖြိုးပြီး နိုင်ငံများက စိုက်ပျိုးရေး ကဏ္ဍ ကနေ သီးနှံထွက်ကုန် (၆၀) ရာခိုင်နှုန်း တိုးထုတ်ရ မည်၊ ဖွံ့ဖြိုးဆဲနိုင်ငံများ ဘက်က (၁၀၀) ရာခိုင်နှုန်း တိုးထုတ်ရမည်။ က်္ဘာ့ကုန်ထုတ်လုပ်မှု ကဏ္ဍသည် ၂၀၀၀ မှ ၂၀၅၀ ကာလအတွင်း ရေလိုအပ်ချက် (၄၀၀) ရာခိုင်နှုန်းထိ တိုးလာမည်ဟု အစီရင်ခံစာက ဖော်ပြသည်။ ဖွံ့ဖြိုးဆဲ နိုင်ငံများဘက်မှ ကုန်ထုတ်လုပ်ငန်း များသည် ရေ ပိုလိုအပ် မည်ဟုလည်း အစီရင်ခံစာက ဆိုသည်။ ရရှိနိုင်သော ရေပမာဏနှင့် အသုံးပြု မည့် ရေပမာဏကို မျှခြေရှိအောင် ချိန်ညှိနိုင်ပါမှ ကမ္ဘာကြီးသည် ရေပြတ်လပ်မှု ဒုက္ခဘေးမှ လွတ်မြောက်နိုင်မည်ဟု အစီရင်ခံစာက သတိပေး ထားသည်။
လူဦးရေ တိုးလာခြင်း၊ မြို့ပြများ စနစ်မကျစွာ ကျယ်ပြန့်လာခြင်း တို့ကြောင့် ရေချို အရင်းအမြစ် များလည်း ပျက်စီးသထက် ပျက်စီးကာ ရေချို ထွက်နှုန်းက ကျဆင်းသထက် ကျဆင်းလာနေသည်။ အထင်ရှားဆုံး ဥပမာကား အာဖရိကဆာဟာရ သဲကန္တာရ တောင်ပိုင်းခြမ်းဒေသ ဖြစ်သည်။ ထိုဒေသတွင် ၁၉၉၀ ခုနှစ်က နေအိမ်ထဲထိ ရေပိုက် သွယ်တန်းပြီး သုံးနိုင်သော အိမ်ထောင် စုပေါင်းက စုစုပေါင်း ၏ (၄၂) ရာခိုင်နှုန်းထိ ရှိခဲ့သည်။
နောက်ပိုင်းတွင် မြို့ပြနေဦးရေ အလွန်အမင်း မြင့်တက် လာမှုကြောင့် ၂၀၁၂ ခုနှစ်ရောက်သည်တွင် စုစုပေါင်း အိမ်ထောင်စု၏ (၃၄) ရာခိုင်နှုန်းသည်သာ အိမ်ဝင်းထဲထိ ရေပိုက်သွယ်တန်း အသုံးပြုနိုင် တော့ကြောင်း သိရသည်။ တစ်ကမ္ဘာလုံး အတိုင်းအတာ အားဖြင့်လည်း (၈၁) ရာခိုင်နှုန်းမှ (၈၀) ရာခိုင်နှုန်း သို့ပင် ကျဆင်းသွား ရကြောင်း တွေ့ရသည်။ အထူးသဖြင့် ဖွံ့ ဖြိုးဆဲနိုင်ငံ များဘက်တွင် မြို့ ပြများ လျင်မြန်စွာ ကျယ်ပြန့်လာ နေရာ ရေချိုရင်းမြစ် ရှားပါးမှု ပြဿနာက ပိုကြီးမားသထက် ကြီးမားလာ နေသည်။
ကမ္ဘာ့ လူဦးရေသည် တစ်နှစ်ကို သန်း (၈၀) လောက် တိုးနေသည်။ ၂၀၅၀ ခုနှစ် ရောက်သည့်အခါ ကမ္ဘာ့ လူဦးရေသည် စုစုပေါင်း သန်း (၉၁၀၀) ထိ ရောက်ရှိ လာမည် ဖြစ်ပြီး ရေရှားပါးသည့် အာဖရိက ဆာဟာရ သဲကန္တာရ တောင်ပိုင်းဒေသမှာပင် လူသန်း (၂၄၀၀) လောက်ထိ နေထိုင်နေ ကြလိမ့်မည် ဟု အစီရင်ခံစာ က ဆိုသည်။ ဆာဟာရသဲ ကန္တာရ တောင်ပိုင်းခြမ်း အာဖရိကနိုင်ငံများ တွင် ရေအသုံးပြုမှုကို စနစ်တကျ မကြပ်မတ်နိုင် သဖြင့် အလဟဿ ပြုန်းတီးမှုများ ဖြစ်ပွား နေရသည်။ ထိုသို့ အလဟဿ ဖြစ်မှုများကို ကြီးကြပ်ပြင် ဆင်မှုလည်း နည်းပါးပြန်သဖြင့် ရေကောင်း ရေသန့် များ အလဟဿ ဆုံးရှုံးရမှုက များပြားနေဆဲ ဖြစ်သည်။ လူဦးရေ များ လာသည်နှင့်အမျှ ထိုသို့ ရေအလဟဿ ဖြစ်ရမှုက များလာမည် ဖြစ်ရာ ထိုပြဿနာကို ပြေလည်

အောင် မဖြေရှင်းနိုင်ကြပါက ရေလိုအပ်ချက်က ကြီးသထက်ကြီးလာ လိမ့်မည်။
အာရှဒေသတွင်လည်း လူသားများ ကြောင့်ရော၊ သဘာဝ အညစ်အကြေးဓာတ် များကြောင့်ပါ မြေအောက်ရေများ ညစ်ညမ်းရမှုနှုန်း မြင့်မား နေသည်။ အာရှမြေအောက် ရေများထဲတွင် အာဆင်းနစ် ဖလူအိုရိုက်နှင့် သံဓာတ်ကဲ့သို့ အညစ်အကြေးဓာတ်များ ပါဝင်နေကြောင်း စစ်ဆေးတွေ့ရှိ ရသည်။ လူသားများကြောင့် ညစ်ညမ်းရသည့် အကြောင်းရင်း ကလည်း များပြား လှသည်။ စိုက်ပျိုးရေး လုပ်ငန်းများတွင် သုံးသော မြေသြဇာများ၊ ပိုးသတ်ဆေးများမှ ညစ်ညမ်းဓာတ်များ မြေအောက် ရေရင်းမြစ်များထဲ ရောက်သည်။

သတ္တုတွင်း လုပ်ငန်းများ၊ စက်မှု လုပ်ငန်းများတွင် သုံးသော ဓာတု ညစ်ညမ်း စွန့်ပစ်ပစ်္စည်း အများအပြား လည်း မြေအောက်ရေချို ရင်း မြစ်များထဲ ရောက်သည်။ အမှိုက်စွန့်ပစ်သည့် အမှိုက်ကွင်းကြီးများက ထွက်သော အညစ်အကြေး ဓာတ်များ၊ စနစ်မကျသော မိလ္လာစနစ်များနှင့် ရေဆိုးစွန့်ပစ် စနစ်များကြောင့် လည်း မြေအောက်ရေများ ညစ်ညမ်းရသည်။
ဖွံ့ဖြိုးပြီး နိုင်ငံကြီးများဆီမှ အတွေ့အကြုံများအရ ဆုပေးဒဏ်ပေး စနစ်သည် ထိရောက် ကောင်းမွန်ကြောင်း တွေ့ရသည်။ ရေခြိုးခြံ ချွေတာရေး စည်းမျဉ်းကောင်းများ ချမှတ်မည်၊ ရေအလဟဿ ဖြစ်အောင် လုပ်နေ သူများကို ထိရောက်စွာ အရေးယူမည်၊ ရေကို စနစ်တကျ သုံးစွဲ သူများကို အထောက်အပံ့ ကောင်းများ ပေးမည်စသော စနစ်မျိုးသည် ရေအလဟဿ မဖြစ်ရေး အတွက် အသုံးဝင်ကြောင်း အစီရင်ခံစာက ဆိုသည်။
လူသားများကြောင့် ရာသီဥတု ပြောင်းလဲခြင်း အကျိုးဆက် အဖြစ် သဘာဝဘေး ဒဏ်များ ပြင်းထန် သထက် ပြင်းထန်လာနေခြင်းသည် ရေသယံဇာတ ရှားပါးအောင်ပါ ဖန်တီးလာနေကြောင်း အစီရင်ခံစာက သတိပေး သည်။ ယနေ့ ကမ္ဘာကြီးတွင် အပြောင်းအလဲ နှစ်ရပ် အပြိုင်ဖြစ်နေသည်။ ရာသီဥတုပြောင်း လဲခြင်း အကျိုး ဆက်အဖြစ် ရေချိုရင်းမြစ်များ ပျက်စီးလာ နေသည်။ တစ်ပြိုင်တည်းမှာပင် ဖွံ့ဖြိုးဆဲနှင့် ဖွံ့ဖြိုးမှုနိမ့် နိုင်ငံများ တွင် စဉ်ဆက်မပြတ် စီးပွား တိုးတက်လျက်ရှိ နေရာ ကုန်ထုတ် လုပ်ငန်းများ အတွက် ရေလိုအပ် ချက်က မြင့်တက်လာ နေသည်။ ထိုအဖြစ်နှစ်ရပ် အပြိုင်သွား နေကြခြင်းကြောင့် ရှေ့လျှောက် ပြီး ဖွံ့ဖြိုးမှုနိမ့်နှင့် ဖွံ့ဖြိုးဆဲ နိုင်ငံများတွင် ရေ ချိုရှားပါးမှုက ပိုဆိုးဝါးလာဖို့ရှိနေသည်။
ရေရှားပါးမှု ပြဿနာ ပိုမကြီးလာ စေ ရန်အတွက် နိုင်ငံအသီးသီးမှ နိုင်ငံရေးမူဝါဒ ချမှတ်သူများ အနေဖြင့် ရေသုံးစွဲမှုဆိုင်ရာ မူဝါဒ များကို ပြန်သုံးသပ်ကာ ရေအလဟဿ ဆုံးရှုံးမှု နည်းနိုင်သမျှ နည်းအောင် ကြပ်မတ်ကြဖို့ ကုလသမဂ္ဂက နှိုးဆော်ထားသည်။ ရေသုံးစွဲမှု များသော စက်မှု လုပ်ငန်းများ အနေဖြင့်လည်း ရေအသုံးနည်းနည်းဖြင့် ကုန်များများ ထုတ်လုပ်နိုင်မည့် နည်းစနစ်သစ်များ အသုံးပြုကြဖို့၊ ရေဆိုးစွန့်ပစ်ရာ တွင်လည်း သဘာဝ ပတ်ဝန်းကျင်ကို မထိခိုက်အောင် စနစ်တကျ သန့်စင်ပြီးမှ စွန့်ပစ်ဖို့ ကုလက တိုက်တွန်းဆော်သြ လိုက်သည်။
Messenger

မှတ်ချက်များ