University of Auckland ရဲ့လေ့လာသုံးသပ်ချက်အရ မိမိတို့ရဲ့ စိတ်ခံစားမှုတွေကို ရေးချလေ့ရှိသူတွေက နေ့စဉ်ပုံမှန် လှုပ်ရှားသွားလာနေသူတွေထက် စိတ်သက်သာမှု သုံးဆပိုရရှိပါတယ်။
စမ်းသပ်မှုအနေဖြင့် ပါဝင်သူ ကျား၊ မ ဦးရေ ၅၀ ခန့်ကို နေ့စဉ် ၂၀ မိနစ်ခန့် ၃ရက်ဆက်တိုက် စာရေးခိုင်းပြီး နောက်ဆုံးရလဒ်ကတော့ အဖွဲ့ရဲ့ တ၀က်ခန့်ဟာ သူတို့ ကြုံတွေ့နေရတဲ့ စိတ်ဓာတ်ကျစရာတွေကို ရေးသားကြပြီး ကျန်တ၀က်ကတော့ စိတ်ခံစားချက်ရေးသားဖော်ပြခြင်းမရှိဘဲ နောက်နေ့တွေမှာလုပ်ရမယ့် လုပ်စဉ်တွေကိုသာ ရေးချကြပါတယ်။ ၂ပတ်အကြာမှာ ပါဝင်သူများကို ပြန်လည်စမ်းစစ်ကြည့်ရာမှာတော့ စိတ်ခံစားမှုကို ရေးသားထားတဲ့ အဖွဲ့က စိတ်သက်သာမှု ၇၆ ရာခိုင်နှုန်း ရှိချိန်မှာ ကျန်ရှိတဲ့ တခြားအဖွဲ့က ၄၂ ရာခိုင်နှုန်းသာ ရှိနေပါတယ်။
Dr Elizabeth Broadbent က အခုလိုစိတ်နဲ့ ကိုယ် ဆက်နွယ်မှုကိုလေ့လာခြင်းဟာ လူသားတွေရဲ့ စိတ်ဝေဒနာတွေကို ကုသပေးနိုင်တယ် ဆိုတဲ့အကြောင်းကို ပြောကြားခဲ့ပါတယ်။ အနာဂတ်မှာလည်း အခုလို စာရေးခြင်းဖြင့် နာတာရှည်ရောဂါတွေကို ကုသပေးနိုင်မှာ ဖြစ်ပါတယ်။

ဒုတိယအကြိမ် စမ်းသပ်မှုမှာတော့ ဒဏ်ရာရထားတဲ့ အားကစားသမား အယောက် ၅၀ ခန့်ကို အပတ်စဉ် မိနစ် ၂၀ ခန့် ၊ ၃ ပတ်အတွင်း ရေးချခိုင်းတဲ့အခါ လူတ၀က်ခန့် ကသာ ဒဏ်ရာကြောင့် ဖြစ်ပေါ်လာတဲ့ ခံစားချက်တွေကို ရေးချတာတွေ့ရပြီး ကျန်တ၀က်ကတော့ ခံစားမှုနှင့် မသက်ဆိုင်တဲ့ အကြောင်းအ ရာတွေကိုသာ ရေးချထားကြပါတယ်။
Glasgow Caledonian University ရဲ့ လေ့လာမှုအရ ခံစားချက်တွေကို ထည့်ရေးထားတဲ့အဖွဲ့မှာ ဒဏ်ရာပျောက်ကင်းမှု ပိုမိုလျင်မြန်နေပါတယ်။

အခုလို ခံစားမှုတွေကိုရေးချခြင်းဖြင့် စိတ်ဖိစီးမှုတွေကို လျော့ပါးလာစေနိုင်ပါတယ်။ စိတ်ဖိစီးမှု ဟော်မုန်းတွေက အိပ်စက်ခြင်းကို နှောက်ယှက်စေနိုင်ပါတယ်။ ဒါ့ပြင် နှစ်ခြိုက်စွာအိပ်စက်ခြင်းက ဒဏ်ရာတွေကို ကုသရာမှာ အလွန်အရေးပါကြောင်းကို သိရှိရပါတယ်။
Trend Myanmar
Trend Myanmar

မှတ်ချက်များ