တစ်ခါ အလိမ်ခံရသူဟာ နောက်ထပ် လိမ်ညာခံရနိုင်ဖွယ်ရှိ

အလိမ်ခံလိုက်ရလို့ ခံပြင်းနေရတဲ့ ကြားထဲ ဒီဆောင်းပါးခေါင်းစဉ်မြင်လိုက်တော့ ပိုခံပြင်းသွားပါလိမ့်မယ်။ လူတစ်ယောက်ဟာ တစ်ခါလိမ်ပြီးရင် နောက်တစ်ခါလည်း ထပ်လိမ်နေလိမ့်ဦးမယ်လို့ Denver တက္ကသိုလ်က ကျောင်းသားတစ်ယောက်ရဲ့ လေ့လာချက် အသစ်တစ်ရပ်က ဆိုပါတယ်။

Kayla Knopp က အသက် (၁၈ - ၃၄) ရှိ အိမ်ထောင်မရှိသူ အယောက် ၄၈၄ ရဲ့ ချစ်သူတွေအပေါ် ပြောဆို ဆက်ဆံမှုတွေကို ကြည့်ရှုလေ့လာတဲ့အခါမှာ လိမ်ပြောတတ်တဲ့ သူတွေဟာ နောက်တခါ ထပ်လိမ်ဖို့ ၃.၅ ကြိမ်လုပ်နိုင်ခြေ ရှိတယ်လို့ တွေ့ရှိခဲ့ပါတယ်။ အလိမ် ခံရသူတွေလည်း ဒုတိယအကြိမ် ထပ်အလိမ်ခံရဖို့ ပိုများတယ်လို့လည်း သဘောပေါက် သိရှိခဲ့ပါတယ်။

ဒါ့အပြင် အတိတ်မှာ ထပ်ခါတလဲလဲ လုပ်တတ်တဲ့ အပြုအမူတွေက ယုံကြည်မှု ကင်းမဲ့အောင် တွန်းအားပေးတတ်ပါတယ်။ အပြုအမူပိုင်းအရရော (သို့) စိတ်ပိုင်းအရပါ ကြမ်းကြုတ်တဲ့ သူတွေ၊ အော်ဟစ်တတ်တဲ့အကျင့်၊ ကြမ်းကြမ်းတမ်းတမ်း တွန်းကန်ပြုမူတတ်တဲ့ အကျင့် ရှိတဲ့သူတွေဟာ နောက်တွဲမယ့် သူတို့ လက်တွဲဖော်တွေအပေါ်လည်း သုံးကြိမ်အထိ အဲဒီအကျင့်ကို လုပ်မိတတ်ကြတယ်လို့ အမေရိကန် စိတ်ပိုင်းဆိုင်ရာ လေ့လာတဲ့အဖွဲ့ရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

ဟန်နီ - Trend Myanmar

မှတ်ချက်များ