ရုပ်မြင်သံကြား ဒရမ်မာကား ရိုက်ကူးနေစဉ် ဒဏ်ရာရရှိခဲ့မှုကြောင့် ဆေးရုံတွင် တက်ရောက်ကုသမှု ခံယူရတဲ့ လီယုဘီနှင့် လီဂျွန်ဂီ


တောင်ကိုရီးယား မင်းသမီး လီယုဘီသည် The Scholar Who Walks the Night ရုပ်မြင်သံကြား ဒရမ်မာဇာတ်ကား ရိုက်ကူးနေစဉ် တင်ပါးတွင် ဒဏ်ရာရရှိခဲ့မှုကြောင့် ဆေးရုံတွင် ကုသမှုခံယူလျက်ရှိကြောင်းနှင့် ၎င်းနှင့်အတူ တွဲဖက် သရုပ်ဆောင်သူ မင်းသား လီဂျွန်ဂီသည်လည်း နှာခေါင်းတွင် ဒဏ်ရာရရှိခဲ့မှုကြောင့် ဆေးရုံတွင် ကုသမှုခံယူလျက်ရှိကြောင်း လီယုဘီ၏ အေဂျင်စီက ဇွန် ၁၁ ရက်တွင် ပြောကြားခဲ့သည်။

အဆိုပါဇာတ်ကားကို ဇူလိုင်တွင် ပွဲဦးထွက်ပြသရန် စီစဉ်ထားပြီး လီယုဘီနှင့် လီဂျွန်ဂီတို့သည် အဓိက သရုပ်ဆာင်များ ဖြစ်သည်။ လီဂျွန်ဂီသည် ဇာတ်ကားရိုက်ကူးစဉ် နှာခေါင်းတွင် ဒဏ်ရာရရှိခဲ့မှုကြောင့် နှာခေါင်းကို ခွဲစိတ်မှု လုပ်ဆောင်ခဲ့ရကြောင်း ၎င်း၏ အေဂျင်စီက ပြောကြားခဲ့သည်။

“လီဂျောင်ဂီနှင့် လီယုဘီတို့ဟာ အတူရုပ်ရှင်ရိုက်ကူးနေတဲ့ အချိန်မှာ နှစ်ယောက်လုံးဒ ဏ်ရာ ရရှိခဲ့ပါတယ်။သရုပ်ဆောင်နေချိန်မှာ နှစ်ယောက်လုံး လဲကျခဲ့တာဖြစ်ပါတယ်။ လီယုဘီဟာ လာမယ့်သီတင်းပတ်မှာ ဆေးရုံက ဆင်းပြီးတဲ့နောက် ဇာတ်ကားကို ပြန်လည်ရိုက်ကူးသွားမှာဖြစ်ပါတယ်။ လီယုဘီဟာ ရုပ်ပိုင်းဆိုင်ရာ နာကျင်မှုရှိပေမဲ့ မကြာမီ ပြန်လည်ကောင်းမွန်လာမှာ ဖြစ်ပါတယ်။ သူမဟာ ဇာတ်ကားကို ပြန်လည် ရိုက်ကူးသွားမှာ ဖြစ်ပါတယ်” ဟု လီယုဘီ၏ အေဂျင်စီက ပြောကြားသည်။

The Scholar Who Walks the Night ဇာတ်ကားသည် ကိုရီးယားနိုင်ငံ ဂျိုဆောင်ဘုရင်ခေတ်က ပညာရှင်များနှင့် သွေးစုပ်ဖုတ်ကောင်များနှင့် ပတ်သက်သော စိတ်ကူးယဉ် အချစ်ဇာတ်လမ်းအကြောင်းကို ပုံဖော်ရိုက်ကူးထားသည့် ဇာတ်ကားတစ်ကား ဖြစ်သည်။

အဆိုပါဇာတ်ကားကို MBC ရုပ်သံလိုင်းက ထုတ်လွှင့်နေသော Warm and Cozy ဒရမ်မာ ဇာတ်ကားဖြစ်ပြီး နောက်ဇူလိုင်လတွင် ပွဲဦးထွက် ပြသသွားမည် ဗုဒ္ဓဟူးနှင့် ကြာသပတေးနေ့ ညနေပိုင်းတို့တွင် ထုတ်လွှင့်ပြသသွားမည် ဖြစ်သည်။

Mizzima News

မှတ်ချက်များ