လမ်းဘေးရှူးရှူးပေါက်တဲ့ စီရိုနယ်ဒိုကို ရဲကမောင်းထုတ်
ကမ္ဘာကျော်ဘောလုံးသမား ခရစ္စတီ ယာနိုရိုနယ်ဒိုဟာ မကြာသေးမီက သူနဲ့ နှစ်ပေါင်းများစွာ တွဲလာတဲ့ အိုင်ရီနာရှိခ်နဲ့ ခွာပြဲသွားပြီးတဲ့နောက်မှာ စိတ်လွတ်ကိုယ်လွတ်နေထိုင်ခဲ့တာ တွေ့ရတယ်။ ဒါပေမဲ့လည်း ရိုနယ်ဒိုဟာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ညဖက်အပြင်ထွက်လည်ပတ်ပြီး လမ်းပေါ်မှာ ကျင်ငယ်စွန့်နေတာကို ရဲကတွေ့ပြီး စစ်ဆေးခံရပါတယ်။
တနင်္လာနေ့ စောစောပိုင်းအချိန်က ရိုနယ်ဒိုဟာ သူရဲ့မိတ်ဆွေတွေနဲ့ စိန့်ထရိုပက်ဇ်မှာရှိတဲ့ Le Quai ကလပ်ကအပြန်မှာ ရမ်းရမ်းကားကားလုပ်နေလို့ ရဲကခေါ်ပြီး သတိပေးတယ်။ နောက်တော့ စိန့်ထရိုပက်ဇ် ဆိပ်ကမ်းနားက ရေခဲမုန့်ဆိုင်ရှေ့မှာ ဘေးက သူငယ်ချင်းတွေကို အကာအကွယ်ယူပြီး ကျင်ငယ်စွန့်ခဲ့တယ်။ ကားတစီးနောက်ကွယ်မှာ အကာအကွယ်ယူပြီး ကျင်ငယ် စွန့်နေတာကို အနီးတ၀ိုက်မှာ တာဝန်ကျနေတဲ့ လုံခြုံရေးတဦးက တွေ့သွားပြီး အဲဒီနေရာက မောင်းထုတ်ပစ်ခဲ့ပါတယ်။
News Watch

မှတ်ချက်များ