မိမိကျန်းမာရေး အခြေအနေကို ဖော်ပြပေးနေတဲ့ အမှတ်အသားများ


မိမိခန္ဓာကိုယ်နဲ့ ပတ်သက်လို့ အမှားအယွင်း တစုံတရာရှိမရှိ ပြောတဲ့အခါ ဒီအချက်လေးတွေ အရေးကြီးပါတယ်။

မိမိဇီဝကမ္မမှာ အမှားအယွင်း တစ်ခုခုရှိမရှိ သိစေဖို့ ခန္ဓာကိုယ်မှ အမှတ်အသားတွေ အမြဲပြပေးနေတတ်ပါတယ်။ ဒါကြောင့် အချက်တွေကို လျစ်လျူရှူ မထားသင့်ပါဘူး။ အဲ့ဒီအမှတ်အသားတွေ အကြောင်း ပြောပြရရင်တော့

(၁) မှဲ့များ

မှဲ့အများစုက အန္တရာယ် မရှိပေမယ့် နေလောင်ဒဏ်ကြောင့် ဖြစ်တဲ့ မှဲ့တွေဟာ တစ်ခါတစ်လေ အန္တရာယ်ရှိနိုင်ပါတယ်။

(၂) အသက် ၄၀ မတိုင်ခင် ဆံပင်ဖြူခြင်း

အသက် ၄၀ မတိုင်မီ ဆံပင်ဖြူ ၅၀% ထက်မက ပိုပေါက်ပြီး မိသားစုထဲ ဒီလိုအဖြစ်မျိုး မရှိဘူးဆိုရင် သင် ဆီးချိုရောဂါ ခံစားရတာဖြစ်နိုင်ပါတယ်။

(၃) နှုတ်ခမ်းကွဲခြင်း

နှုတ်ခမ်းကွဲတာ အပူချိန်ပြောင်းလဲမှုများနဲ့ လေထုကြောင့် ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် နှုတ်ခမ်းမကြာခဏ ကွဲတတ်တယ်ဆိုရင် fungal infection သို့မဟုတ် ဗီတာမင်-ဘီ ချို့တဲ့မှုကြောင့် ဖြစ်နိုင်ပါတယ်။

(၄) လည်ပင်းယောင်ခြင်း

လည်ပင်းယောင်ကိုင်းလာတာ သတိပြုမိရင် ဒီတိုင်း လျစ်လျုရှုမထားဘဲ ဆရာဝန်ဆီ ချက်ချင်းပြပါ။ လည်ပင်းယောင်ကိုင်းမှု ဖြစ်နိုင်ခြေ အများဆုံးအကြောင်းရင်းက သိုင်းရွိုက်ဂရင်း ပုံမှန်အတိုင်း အလုပ်မလုပ်ခြင်းကြောင့် ဖြစ်ပါတယ်။ အများအားဖြင့် အသက် ၂၀- ၅၀ ကြားရှိ အမျိုးသမီးတွေမှာ ဖြစ်တတ်ပါတယ်။

ပေါ်ထွန်း - Trend Myanmar

မှတ်ချက်များ