မိန်းမ အယောက်(၁၀၀)ယူထားတဲ့ ဘုရင်ကြီး


ကင်မရွန်းနိုင်ငံရဲ့ (၁၁)ယောက် မြောက်ဘုရင် Abumbi ll မိန်းမအယောက် (၁၀၀)နီးပါးရှိနေတာကြောင့် အံ့အားသင့် စရာဖြစ်ခဲ့ပါတယ်။ အာဖရိကမှာရှိတဲ့ ဘုရင်တွေဟာ မိန်းမ အများအပြားယူခြင်းဟာ ထူးဆန်းတယ်လို့ မဆိုနိုင်ပေမယ့် ကင်မရွန်း ဘုရင်မှာရှိနေတဲ့ မိန်းမအရေအတွက်က အရမ်းများပြား နေတာကြောင့် စိတ်ဝင်စားစရာ ဖြစ်ခဲ့ပါတယ်။ ဘာကြောင့် မိန်းမတွေ အများအပြား ရှိသွားရသလဲဆိုတဲ့ နောက်ကွယ်မှာ အဖြေရှိနေပြီးသား ဖြစ်ပါတယ်။ ကင်မရွန်းဘုရင်တွေဟာ ထီးမွေနန်းမွေ ဆက်ခံရမှာ ဖခင်ဖြစ်သူထံမှာရှိတဲ့ အရာအားလုံးကို လွှဲပြောင်း ရယူရပါတယ်။ ဖခင် ဖြစ်သူ ပိုင်ဆိုင်ထားတဲ့ မိန်းမတွေရော၊ ကလေးတွေပါ ဆက်ခံရခြင်းကြောင့် ဒီလောက်အထိ များပြားသွားခြင်း ဖြစ်ပါတယ်။

ကင်မရွန်းနိုင်င်ငံမှာ လင်ပြိုင်မယားပြိုင် ထားပါက အရေးယူနိုင်တဲ့ ဥပဒေရှိနေပေမယ့် ယောကျာ်း တွေကတော့ မိန်းမ တစ်ယောက်ထက်ပိုပြီး ယူလေ့ရှိပါတယ်။ ဒါဟာ ရိုးရာ ထုံးတမ်းအစဉ်အလာအဖြစ် သတ်မှတ်ထား ကြပါတယ်။ ကင်မရွန်း ဘုရင်ဟာ ၁၉၆၈ ခုနှစ်မှာ ဖခင်ဖြစ်သူ သေဆုံးပြီးနောက် ထီးနန်းအမွေကို ဆက်ခံခဲ့ပါ တယ်။

ကင်မရွန်း ဘုရင်ရဲ့ ဖခင်ဖြစ်သူဟာ မိန်းမပေါင်း (၇၂)ဦးအထိ ယူခဲ့တာဖြစ်ပါ တယ်။ ဒါပေမဲ့ သားဖြစ်သူ ထီးနန်း ဆက်ခံပြီးနောက်မှာ မိန်းမ အရေအတွက်က (၁၀၀) နီးပါးအထိ ဖြစ်သွားခဲ့တာကြောင့် ယခင် စံချိန်ကို ကျော်သွားခဲ့ပါတယ်။ လက်ရှိဘုရင်မှာရှိတဲ့ သားသမီးပေါင်းကလည်း (၅၀၀) ကျော် လောက်ရှိတယ်လို့ သိရပါတယ်။ ဖခင် အမွေကို ဆက်ခံတဲ့ သားဖြစ်သူ ဘုရင်ကလည်း ဖခင်ခြေရာကို နင်းနိုင်ခဲ့ပြီး မိန်းမ တစ်ယောက်ပြီး တစ်ယောက်ယူကာ ကလေးတွေ အများအပြား မွေးဖွားခဲ့ခြင်း ဖြစ်ပါတယ်။

ဘုရင်ဖြစ်သူရဲ့ တတိယမြောက် မိန်းမက အောင်မြင်သူတွေရဲ့ နောက်ကွယ်မှာ အရာအားလုံး လုပ်ဆောင်ပေးနေတဲ့ မိန်းမတွေ ရှိနေတတ်ကြောင်း ၊ မိမိတို့အနေဖြင့် ဘုရင် ဖြစ်သူအတွက် လက်ဆင့်ကမ်း အမွေများ သယ်ဆောင်ပေးနေကြောင်း၊ အသက်ကြီးသူက အသက်ငယ်သူကို သင်ယူစရာများ လက်ဆင့်ကမ်းခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။ ဘုရင်ဖြစ်သူရဲ့ မိန်းမတွေဟာ ဘာသာစကား အတော်များများ ပြောနိုင်အောင် လေ့ကျင့်သင်ကြား ပေးထားကြောင်း သိရပါတယ်။ ဘုရင်ဖြစ်သူဟာ မိန်းမအများ အပြားယူခြင်းဟာ ဂုဏ်သိက္ခာကို မြင့်တက်စေတယ်လို့ ရှေးယခင်ကတည်းက အစဉ်အလာ ရှိခဲ့ပါတယ်။

ဘုရင်ဖြစ်သူဟာ ဇနီးသည်တွေနဲ့ နန်းတော်ထဲမှာ နေထိုင်ပြီး ပြင်ပနဲ့ ဆက်သွယ်လို့ မရအောင် တားမြစ်မှုတွေ ပြုလုပ်ထားပါတယ်။ စည်းကမ်း ဖောက်ပြန်သူတွေကို ရှေးအစဉ်အလာတိုင်း ပြင်းထန်တဲ့ အပြစ်တွေ ပေးလေ့ရှိပါ တယ်။ကင်မရွန်းဘုရင် နေထိုင်ရာ နေရာဟာ ကမ္ဘာ့လှည့် ခရီးသွားတွေအတွက် စိတ်ဝင်စားစရာ အကောင်းဆုံး သတ်မှတ်ထားပြီး အန္တရာယ်လည်းများကြောင်း သတိပေးထားတယ်လို့ သိရပါတယ်။

messenger

မှတ်ချက်များ