မြန်မာ့ရေပိုင်နက်အတွင်းဝင်ရောက်လာသူများနှင့်မြန်မာနယ်ခြားစောင့်တပ်ဖွဲ.အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားရာမှဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့ဝတ်စုံဝတ်ထားသူ အဒူလ္လာဇတ်ဆိုသူတစ်ဦးတစ်ဦးဖမ်းမိ




ရခိုင်ပြည်နယ်မောင်တောမြို့နယ်ရေတွင်းကျွန်းချောင်းဝကင်းစခန်းအနီးမြန်မာ့ရေပိုင်နက်အတွင်းဝင်လာသောစက်လှေတစ်စီးကိုမြန်မာနယ်ခြားစောင့်တပ်ကစစ်ဆေးရန်ပြောကြားစဉ်ဖြေကြားခြင်းမရှိဘဲပြန်လှည့်ထွက်ရန်ကြိုးစားပြီးသေနတ်ဖြင့်ပစ်ခတ်၍မြန်မာနယ်ခြားစောင့်တပ်ကပြန်လည်ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ထိုစက်လှေပေါ်တွင် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ဝတ်စုံဝတ်ဆင်ထားသူ တစ်ဦနှင့် အရပ်ဝတ်နှစ်ဦး ပါဝင်ပြီး အပြန်အလှန်ပစ်ခတ်ရာ၎င်းတို့စီးနင်းလာသည့် စက်လှေစက် ချို့ယွင်းပြီး ရေထဲသို့ခုန်ချရာမှဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့ဝတ်စုံဝတ်ထားသူအဒူလ္လာဇတ်ဆိုသူတစ်ဦးကိုM22သေနတ်တစ်လက်နှင့်အတူဖမ်းဆီးမိခဲ့ကြောင်းနှင့်

အရပ်ဝတ်နှစ်ဦးမှာလွတ်မြောက်သွားခဲ့ပြီး၎င်းတို့နှစ်ဦးအနက်တစ်ဦးမှာသေနတ်ထိမှန်သွားခဲ့ကြောင်း၊ဖမ်းဆီးရမိသူအဒုလ္လာဇတ်ကိုအသေးစိတ်ချက်အလက်များစစ်ဆေးမေးမြန်းနေပြီးယင်းပစ်ခတ်မှုကြောင့်မြန်မာနယ်ခြားစောင့်တပ်ဖွဲ့မှတပ်သားတစ်ဦးခြေထောက်
သေနတ်ထိမှန်ခဲ့၍ ဆေးဝါးကုသမှု ခံယူနေရကြောင်းလည်းသတင်းကြားသိရပါသည်။

Zaw Shinn

မှတ်ချက်များ