အထက်တန်းအဆင့် စာမေးပွဲများအား အစိုးရကျောင်းမတက်ဘဲ ပြင်ပမှ ဖြေဆိုခွင့်ပြုပြီ


ယခု ၂ဝ၁၅-၂ဝ၁၆ ပညာသင်နှစ်မှစတင်ပြီး အထက်တန်းအ ဆင့်ဖြစ်သည့် နဝမတန်းနှင့် တက္ကသိုလ်ဝင် တန်းစာမေးပွဲ(ဒသမတန်း)များအား အစိုး ရမှ ဖွင့်လှစ်ထားသည့် ကျောင်းများသို့ တက် ရောက်ခြင်းမရှိဘဲ ပြင်ပမှဝင်ရောက်ဖြေဆို ခွင့် ပြုလိုက်ပြီဖြစ်ကြောင်း သိရသည်။

အခက်အခဲအမျိုးမျိုး၊ အကြောင်း အမျိုးမျိုးကြောင့် အဋ္ဌမတန်း အောင်မြင်ပြီး ကျောင်းဆက်မတက်နိုင်သော ကျောင်းသား၊ ကျောင်းသူများကို နှစ်စဉ် ပညာသင်နှစ်ကုန် ဆုံးပြီး ကျောင်းမဖွင့်မီ မေလအတွင်း မြို့ နယ်ပညာရေးမှူးရုံးများမှ ဦးစီး၍ နဝမတန်း ပြင်ပဖြေဆိုခွင့်များ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန က ဇွန် ၁၉ ရက်တွင် ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ''အဓိက,ကတော့ က လေးတွေရဲ့ အခက်အခဲကြောင့်ပါပဲ။ ကျောင်း ဆက်မတက်နိုင်တဲ့ အခက်အခဲတွေ ရှိတယ် ပေါ့။ ဖောင်တွေ ဘယ်လိုတင်ရမလဲဆိုတာ နဲ့ပတ်သက်လို့လဲ သက်ဆိုင်ရာ တိုင်းဒေသ ကြီးတွေကနေ မြို့နယ်အဆင့်ဆင့်ကို ညွှန် ကြားပါလိမ့်မယ်''ဟု ပြောသည်။

အလားတူ နဝမတန်းပညာရေး ကို ကျောင်းတွင်းဖြစ်စေ၊ ပြင်ပဖြေမှဖြစ်စေ အောင်မြင်ခဲ့သူများကို အကြောင်းအမျိုးမျိုး ကြောင့် ကျောင်းဆက်မတက်နိုင်ပါက တစ် နှစ် ဆိုင်းငံ့ထားခြင်းမပြုဘဲ လာမည့် ၂ဝ၁၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲမှစ၍ ပြင်ပဖြေ အဖြစ် သက်ဆိုင်ရာမြို့နယ်များတွင် ပြင်ပ ဖြေဆိုခွင့် ပြုသွားမည်ဖြစ်ကြောင်း သိရသည်။

ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ခွင့်လျှောက်လွှာများကို တင်သွင်းသည့် အခါ ဘုန်းတော်ကြီးပညာသင်ကျောင်းများ အတွက် စုစည်း၍ ပြင်ပဖြေဆိုခွင့် တင်သွင်း ရန်နှင့် နဝမတန်းအောင်မြင်ထားသည့် မည် သည့် ကျောင်းသားမဆို ပြင်ပဖြေဆိုခွင့်လက် ခံရန် သက်ဆိုင်ရာ မြို့နယ်ပညာရေးမှူးရုံး များသို့ ဆက်လက် အကြောင်းကြားသွား မည်ဖြစ်ကြောင်း သိရသည်။

မြဝတီနယ်စပ်ရှိ ရွှေ့ပြောင်းလုပ် သားများ၏သားသမီး၊ ကျောင်းသား၊ ကျောင်း သူများနှင့် ဘုန်းတော်ကြီးသင်ကျောင်းများ ရှိ နဝမတန်းအောင်မြင်ထားသည့် ကျောင်း သား၊ ကျောင်းသူများအား ၂ဝ၁၃ ခုနှစ် တက္က သိုလ်ဝင်စာမေးပွဲမှစ၍ ပြင်ပဖြေဆိုခွင့်ကို တစ်နှစ်မနားဘဲ ခွင့်ပြုပေးခဲ့ကြောင်း သိရ သည်။

''ကိုးတန်းတွေကို ပြင်ပဖြေဆိုခွင့် ပြုလိုက်ရင်တော့ ကျူရှင်တွေ အလုပ်ဖြစ် သွားမှာပေါ့။ ဘာလို့လဲဆိုတော့ တချို့ကအ ခက်အခဲရှိတယ်ဆိုတာထက် ကျောင်းမနေ ချင်ကြတာက များတယ်။ ဆယ်တန်းကို တိုက် ရိုက် ပြင်ပဖြေဆိုခွင့်ပြုလိုက်တာကတော့ နည်းနည်းနောက်ကျသွားတယ် ထင်တယ်။ တချို့က ကျောင်းတွေအပ်ပြီး သွားကြပြီကိုး'' ဟု ကျူရှင်ဆရာဦးသန့်ဇင်အောင်က ပြော သည်။

စိုးမြင့်နိုင် - TheFlowerNews‬

မှတ်ချက်များ