ကျန်းမာရေးစောင့်ရှောက်မှု ဥပဒေအပေါ် အမေရိကန်အထက်ရုံးချုပ် သဘောတူ
အမေရိကန် သမ္မတ အိုဘားမား ပြုပြင် ပြောင်းလဲခဲ့ တဲ့ ကျန်းမာရေး စောင့် ရှောက် မှု အစီအစဉ် နဲ့ ပတ်သက်ပြီး အရေး ကြီးတဲ့ အပိုင်း တွေ အပေါ် အမေရိကန် တရားရုံးချုပ် က သဘောတူ ဆုံးဖြတ် ခဲ့ တဲ့ အပေါ် သမ္မတ အိုဘားမား က ကြိုဆို လိုက်ပြီး ဒါဟာ အမေရိကန် အခြေခံ လူတန်းစား တွေ ရဲ့ အောင်မြင် မှု ပဲ လို့လည်း ဆိုပါတယ်။
အမေရိကန် နိုင်ငံသား အားလုံး ကျန်းမာရေး အာမခံ ၀ယ်ယူ ထား ရှိ နိုင်ဖို့ ဗဟို စိုးရ က စိုက်ထုတ် ပေးမှု မှာ ဘယ် ပြည်နယ် အတွင်း နေထိုင် သူ သာ အဲဒီ့ အကျိုး ကျေးဇူး ရ သင့်တယ် ဆိုတဲ့ ခွဲခြား မှု မလုပ် ဖို့ တရား ရုံးချုပ် က ဆုံး ဖြတ် ခဲ့တာ ဖြစ် ပါတယ်။
သမ္မတ အိုဘားမား ပြုပြင် ပြောင်းလဲ ခဲ့တဲ့ အစီအစဉ် အရ ဗဟို အစိုးရ ရဲ့ စိုက်ထုတ် ပေး မှု နဲ့ ကျန်းမာရေး အာမခံ ဝယ်ယူ ရသူ တွေ စုစုပေါင်း ၉ သန်း နီးပါး ရှိ ပါတယ်။
ဒီ ဥပဒေ အပေါ် ကန့်ကွက် ကြသူ တွေ ကတော့ ဥပေဒ ပါ စာသား တစ်ခု အပေါ် မူတည် ပြီး ကျန်းမာရေး အာမခံ ၀ယ်နိုင် တဲ့ နေရာ တွေ ဖန်တီး ထားရှိ တဲ့ ပြည်နယ် တွေ မှာ နေသူ တွေ သာ ဗဟို အစိုးရ ရဲ့ စိုက်ထုတ် ပေးမှု ရရှိ နိုင်တယ် ဆိုပြီး ပြောခဲ့ ကြတာ ဖြစ်ပါတယ်။
သမ္မတ အိုဘားမား ရဲ့ ကျန်းမာရေး စောင့်ရှောက် မှု ပြုပြင် ပြောင်းလဲ ရေး ဥပဒေ အပေါ် ၃ နှစ် အတွင်း အဓိက စိန်ခေါ် မှု ကြီး ၂ ကြိမ် ဖြစ်လာ တာမှာ တရားရုံးချုပ် အနေ နဲ့ အဲဒီ့ ၂ ကြိမ် လုံး ကို ပယ်ချ ခဲ့တာ ဖြစ် ပါတယ်။
BBC Burmese

မှတ်ချက်များ