![]() |
| ဓာတ်ပုံ - သက္က |
''ကန်ထရိုက်တာတွေကို ဂရန်မူရင်းတွေ အပ်နှံထားဖို့ ဌာနအနေနဲ့ ညွှန်ကြားထားတာ မရှိပါဘူး။ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန (အဆောက်အအုံ)အနေနဲ့ အိမ်ရာဆောက်လုပ်ခွင့်တွေကို ခွင့်ပြုပေးနိုင်ဖို့ စိစစ်ရာမှာ ပိုင်ဆိုင်မှုအထောက်အထား ဖြစ်တဲ့ ဂရန်မိတ္တူနဲ့ မူရင်းကို တစ်ကြိမ်သာ တိုက်ဆိုင် စစ်ဆေးပါတယ်။ စစ်ဆေးပြီးတာနဲ့ ဂရန်မူရင်းကို မြေရှင် ကသာ ပြန်သိမ်းထားရမှာဖြစ်ပါတယ်။ ဒါပေမယ့် မသိနား မလည်တဲ့ မြေရှင်တွေက ကန်ထရိုက်တာတွေနဲ့ ကိုယ်စား လှယ်လွှဲအပ်ထားသူများထံမှာ ဂရန်မူရင်းတွေကို အပ်နှံ ထားတဲ့အတွက် မလိုလားအပ်တဲ့ပြဿနာတွေ ဖြစ်ပေါ်နိုင် လို့ မြေရှင်တွေအနေနဲ့သတိပြုကြဖို့လိုပါတယ်''ဟု ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန (အဆောက်အအုံ)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ကန်ထရိုက်တာများနှင့် အဆောက်အအုံဆောက်လုပ်ခွင့် ကိုယ်စားလှယ်ရယူထားသူများအနေဖြင့် မြေရှင်များထံမှ ဂရန်မူရင်းကို ရယူထားပြီးနောက် အခြားတစ်နေရာတွင် ပေါင်နှံခြင်း၊ ဂရန်ဖြင့် ငွေချေးမှုများပြုလုပ်ခြင်း၊ အခြား နည်းများဖြင့် အလွဲသုံးစားလုပ်ခြင်းများဖြစ်နိုင်ပြီး ထိုသို့ လုပ်ထားခြင်းကြောင့် အဆောက်အအုံ ဆောက်လုပ် ခွင့်ကျသော်လည်း ဆောက်လုပ်ခြင်းမပြုနိုင်ဘဲ အချိန်ဆွဲ ထားခြင်းစသည့် ပြဿနာများဖြစ်ပေါ်နေသည်ကိုတွေ့ရကြောင်း အဆိုပါတာဝန်ရှိသူက ဆက်လက်ပြောကြား သည်။
ထို့ကြောင့် မလိုလားအပ်သော ပြဿနာများ မဖြစ်ပေါ် စေရန်အတွက် မြေရှင်များအနေဖြင့် ဂရန်မူရင်းများကို ကန်ထရိုက်တာများနှင့် ကိုယ်စားလှယ်များထံ အပ်နှံထား ခြင်း မပြုကြရန် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီက အသိပေးကြေညာထားသည်။
ကြံတိုင်းအောင် - Myanmaalinn

မှတ်ချက်များ