အနုပညာလောကကို ရဲလေး နောက်တစ်ခေါက် ပြန်လာပြီ


အနုပညာလောကသို့ ပြန်လည်ဝင်ရောက်လာသည့် အ ထိမ်းအမှတ်အနေဖြင့် ‘‘နောက် တစ်ခေါက်’’ဟု အမည်ပေးထား သော တစ်ကိုယ်တော်အယ်လ် ဘမ်သစ်ကို ဇူလိုင်တွင် ဖြန့်ချိပေး သွားမည်ဟု ရဲလေးကပြောသည်။

‘‘နောက်တစ်ခေါက်ဆိုတဲ့ သီချင်းကလည်း ဒီအခွေထဲမှာပါ ပါတယ်။ သီချင်းတွေကတော့ ကျွန်တော်ကိုယ်တိုင်ရေးထားတာ တွေချည်းပါပဲ။ သီချင်းအားလုံး ပေါင်း ခုနစ်ပုဒ်ပါပါမယ်’’ဟု ရဲ လေးက ပြောသည်။

ယင်းအခွေကို အော်ဒီယိုနှင့် ဒီဗီဒီတစ်ပါတည်းဖြန့်ချိပေးမည် ဖြစ်ပြီး ဇူလိုင် ၁၂ ရက်တွင် စတင် ဖြန့်ချိပေးမည်ဟု ၎င်းက ပြော သည်။

‘‘အရင်အခွေတွေနဲ့ မတူ အောင် ပုံဖော်ထားတာတွေကတော့အများကြီးပါ။ နောက်ပြီး နိုင်ငံခြားမှာခေတ်စားတဲ့ အကတစ်ခု၊ ကပ္ပ လီတွေကတဲ့အကတစ်ခုကိုလည်း ဒီအခွေထဲမှာ ပရိုမိုးရှင်းလုပ်ထား ပါတယ်။ ဒီအကလေးကပရိသတ် ထဲမှာ ရေပန်းစားမယ်လို့မျှော်လင့် ပါတယ်’’ဟု ၎င်းကဆက်လက် ပြောကြားသည်။

ယင်းအကကို သင်္ကြန်ကာ လက ညီအစ်ကိုနှစ်ဦး ကပြခဲ့ကြ သကဲ့သို့ ယခုနောက်ပိုင်းဖျော်ဖြေ ပွဲများတွင်လည်း ဖျော်ဖြေပေးဖြစ်ကြောင်း ၎င်းကဆိုသည်။

နောက်တစ်ခေါက် တစ် ကိုယ်တော်အခွေသည် ရဲလေး၏ ခုနစ်ခွေမြောက် တစ်ကိုယ်တော် တေးစီးရီးဖြစ်ပြီး ယင်းအခွေထွက် ရှိပြီးချိန်မှစ၍ အနုပညာလှုပ်ရှား မှုများကို ဆက်တိုက်ပြုလုပ်သွား မည်ဟု ရဲလေးက ပြောသည်။

လက်ရှိတွင်လည်း အနုပ ညာလှုပ်ရှားမှုအနေဖြင့် ဖျော်ဖြေ ပွဲများလက်ခံသီဆိုနေပြီး ဇွန်လ ၂၇ ရက်က မန္တလေးမြို့တွင်ပြု လုပ်သည့် အူရီးဒူး၏ ဖျော်ဖြေပွဲ ၌လည်း ပါဝင်ဖြစ်ကြောင်း ၎င်း ကပြောသည်။

7 Day Daily

မှတ်ချက်များ