မျောက်ဝံတစ်ကောင်ကြောင့် ဂျပန်ကတိရိစ္တာန်ရုံမှာ အမျိုးသမီးဧည့်သည်အဝင်များ


ဂျပန်နိုင်ငံ နာဂိုရာမြို့က ဟီဂါရှီယာမာ တိရိစ္ဆာန်ရုံမှာ အခုရက်ပိုင်းအမျိုးသမီးဧည့်သည်တွေနဲ့ ကြိတ်ကြိတ်တိုး စည်ကားလျက်ရှိပါတယ်။ နဲနဲတော့ ကြောင်တောင်တောင် နိုင်တဲ့ဖြစ်ရပ်ဆိုပေမယ့် တကယ်ဖြစ်နေတာပါ။ အကြောင်းကတော့ တိရိစ္ဆာန်ရုံထဲမှာရှိတဲ့ ဂေါ်ရီလာမျိုးနွယ်ဝင် မျောက်ဝံထီးကြီးဟာ ကြည့်ကောင်းလွန်းနေတဲ့အတွက် ဖြစ်ပါတယ်။

အသက် ၁၈ နှစ်ရှိပြီဖြစ်တဲ့မျောက်ဝံထီးကြီးဟာ မျောက်တကောင်အနေနဲ့ကြည့်မယ်ဆိုရင်တော့ တကယ်ကြည့်ကောင်းတာ အမှန်ပဲဖြစ်ပါတယ်။ တောင့်တင်းတဲ့ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားပြီး မျက်နှာကလည်း ကြည့်ကောင်းနေပါတယ်။ ဒီမျောက်ဝံကြီးအကြောင်းကို တွစ်တာပေါ်မှာ လူသိများလာပြီးတဲ့နောက် တိရိစ္ဆာန်ရုံထဲက မျောက်ဝံလှောင်အိမ်ရှေ့မှာ တစ်နေ့ထက်တစ်နေ့ အမျိုးသမီးပရိသတ်တွေ များလာရတာပဲ ဖြစ်ပါတယ်။ သင်ဟာဂျပန်နိုင်ငံမှာ နေသူတစ်ယောက်ဆိုရင်တောင် အခုရက်ပိုင်းမှာတော့ ဒီမျောက်ဝံကို အလွယ်တကူသွားကြည့်နိုင်မှာ မဟုတ်ပါဘူး။ ရှာဘာနီလို့အမည်ရတဲ့ သူ့ကိုကြည့်ရဖို့ သင်တန်းစီရမှာဖြစ်ပါတယ်။ အနည်းဆုံး အယောက် တစ်ရာလောက်တော့ သင့်ရှေ့မှာ ရှိနေပါလိမ့်မယ်။

မျောက်ဝံလှောင်အိမ်ရှေ့မှာ ‘‘ ဟေး.. ဒီဘက်ကိုကြည့်ပါဦး’’ ဆိုတဲ့အမျိုးသမီးလေးတွေရဲ့ အသံတွေ သင်ဆူညံအောင်ကြားနေရမှာ ဖြစပါတယ်။ လူမှုကွန်ယက်ပေါ်မှာ အမျိုးသမီးပရိသတ်အများစုရဲ့ မှတ်ချက်ကတော့ ဒီမျောက်ဝံဟာတကယ်ပဲ ချောမောကြည့်ကောင်းတယ်ဆိုတာပါပဲ။

Planet Myanmar

မှတ်ချက်များ