ရဲတပ်ဖွဲ့က သတင်းအချက်အလက်များ မြန်မြန်ဆန်ဆန် ထုတ်ပြန်မည်

ပြည်သူလူထုထံမှ ယုံ ကြည်မှုရရှိရေး၊ မီဒီယာများနှင့် ဆက်ဆံရေး ကောင်းမွန်ရေးတို့တွက် ရဲတပ်ဖွဲ့က ယနေ့(ဇွန်လ၁၉ရက်)မှစတင်၍မှန်ကန်သောသတင်းအချက်အလက်များ မြန်မြန်ဆန်ဆန်ထုတ်ပြန်ပေးမည်
ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှ ရဲမှူးကြီး ၀င်းနိုင်က ပြောကြားသည်။

မီဒီယာများအား သတင်း ထုတ်ပြန်ပေးရန် ဇွန်လ ၁၈ ရက်က ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ရုံးတွင်ပြုလုပ်သော ရဲတပ်ဖွဲ့ မီဒီယာဌာနဖွင့်လှစ်သည့် အခမ်းအနား၌ ရဲမှူးကြီးက အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။

‘‘ရဲတပ်ဖွဲ့ဟာ သတင်းမီဒီ ယာသမားတွေနဲ့လည်း ဆက်ဆံ မှုအားနည်းချက်တွေရှိခဲ့ပါတယ်။ ပြည်သူအပေါ် ပေးပို့လိုက်တဲ့ သတင်းအချက်အလက်တွေဟာ မြန်မြန်နဲ့ မှန်မှန်မရောက်ရှိဘဲနဲ့ လွဲမှားတဲ့ အမြင်ကိုသာ ပြည်သူလူထုက လက်ခံရရှိလာတဲ့အတွက် ရဲတပ်ဖွဲ့ လုပ်ငန်း လည်ပတ်မှု အပေါ်မှာလည်း ယုံကြည်မှုပြည့် ပြည့်၀၀မရှိသလို သံသယများ ဖြစ်ပေါ်လာစေခဲ့တာကို သိရှိလာ ခဲ့ရပါတယ်။ ဒါကြောင့် ရဲတပ်ဖွဲ့ နဲ့ ပြည်သူလူထုဆက်ဆံတဲ့ နေရာမှာ မီဒီယာလုပ်ငန်းဟာ မရှိမဖြစ်လိုအပ်လာပါတယ်။ 

ရဲတပ်ဖွဲ့ဆောင်ရွက်တဲ့ လုပ်ငန်းတွေမှာပြည်သူလူထု ယုံကြည်မှု ရရှိစေရန် တရားဥပဒေစိုးမိုးရေး၊ ရပ် ရွာအေးချမ်းသာယာရေး ဆောင် ရွက်တဲ့ နေရာတွေမှာ ပွင့်လင်းမြင်သာမှုရှိနိုင်မှသာ ပြည်သူလူထု က ပူးပေါင်းပါဝင်လာမှာ ဖြစ်ပါ တယ်။ ဒီလိုယုံကြည်မှု ရရှိလာစေဖို့အတွက် သတင်းအချက်အ လက်တွေကို မှန်မှန်ကန်ကန်နဲ့ အချိန်မီ သတင်းထုတ်တဲ့ဟာ လည်း အရေးကြီးလှတယ်ဆိုတဲ့ အကြောင်း ရဲတပ်ဖွဲ့အနေနဲ့ သိရှိ လာပါတယ်။ အဲဒါကြောင့် ရဲချုပ် ရုံးနဲ့ ပြည်ထဲရေးဝန်ကြီးဌာနကို တင်ပြပြီး လုပ်ဆောင်ခဲ့တာပါ’’ဟု ရဲမှူးကြီး ၀င်းနိုင်က ပြောကြား သည်။

ရဲတပ်ဖွဲ့ မီဒီယာဌာနဖွင့် လှစ်ရန်နှင့် ရဲတပ်ဖွဲ့နှင့် မီဒီယာ အကြား ဆက်ဆံရေးကောင်းမွန် ရန် ဥရောပသမဂ္ဂမှ တာဝန်ရှိသူ များက မီဒီယာ၊ ရဲတပ်ဖွဲ့တို့ နှင့်ပူးပေါင်း၍ ဆွေးနွေးပွဲများ ပြုလုပ် ပြီး ဥရောပသမဂ္ဂ၏ ကူညီမှုဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

ရဲတပ်ဖွဲ့ မီဒီယာဌာနဖွင့် လှစ်ခြင်းသည် ရဲတပ်ဖွဲ့၏ လုပ် ဆောင်ချက်များကို ၀ါဒဖြန့်ရန် လုပ်ဆောင်ခြင်းမဟုတ်သည်မှာသေချာကြောင်း ဥရောပသမဂ္ဂ၏ ပထမအတွင်းဝန် Mr. Andreas Magnusson က ပြောကြားသည်။

ရဲတပ်ဖွဲ့မီဒီယာဌာနသည် ရန်ကုန်တိုင်းအတွင်း ဖြစ်ပျက်နေ သည့် သတင်းအချက်အလက် များကိုသာ ပေးပို့နိုင်မည်ဖြစ်ပြီး သက်ဆိုင်ရာ ပြည်နယ်၊ တိုင်း အလိုက် ရဲတပ်ဖွဲ့မီဒီယာဌာနများ လုပ်ဆောင်ရန် စီစဉ်နေကြောင်း ရဲမှူးကြီးဝင်းနိုင်က ပြောသည်။

‘‘အခုဖြစ်ပျက်နေတဲ့ဟာဆို ရင်တော့ သတင်းအချက်အလက် မှန်ကန်အောင် ခဏတော့ စောင့် ရမှာပေါ့။ ဒါပေမဲ့ အဲဒါတကယ်ဖြစ်နေတယ်ဆိုတာတော့ အတည်ပြုပေးသွားမှာပါ။ သတင်း အ ချက်အလက်တွေကို အားလုံးပြည့်စုံတဲ့အထိ ထပ်စုမှာပေါ့’’ ဟု ရဲ မှူးကြီးက ဆက်လက်ပြောကြား သည်။ မီဒီယာများ ရယူလိုသည့် သတင်းအချက်အလက်များကို ရဲတပ်ဖွဲ့ မီဒီယာဌာနတွင် ရုံးချိန်း အတွင်း၌သာ လာရောက်ယူ ဆောင်နိုင်ကြောင်း သတင်းရရှိ သည်။

7day Daily

မှတ်ချက်များ