စိန်တလုံးသရက် ဈေးကွက်ချဲ့နိုင်ရေး ပိုးမွှားကင်းစင်ကြောင်း လက်မှတ်လိုအပ်လာ


မြန်မာ့စိန်တလုံး သရက်ကို လက်ရှိတင်ပို့နေသည့် တရုတ်နှင့် စင်ကာပူနိုင်ငံတို့အပြင် ဈေးကွက်သစ်ဖော်ထုတ်ရန်နှင့် ဈေးပိုမိုရရှိရန် ပိုးမွှားကင်းစင်ကြောင်း လက်မှတ်(GAP) အရေးတကြီး လိုအပ်နေကြောင်း မြန်မာနိုင်ငံ သရက်သီးထုတ်လုပ်တင်ပို့ရောင်းချသူများ အသင်းမှ သတင်းရရှိသည်။

တရုတ်နှင့် စင်ကာပူနိုင်ငံ များသို့ GAP လက်မှတ်မပါဘဲ တင် ပို့နိုင်သော်လည်း နောက်ပိုင်းတွင် သက်သေခံလက်မှတ်ကို တောင်းလာနိုင်ကြောင်း သရက်သီးလုပ် ငန်းရှင်များက ပြောသည်။

‘‘စိန်တလုံး သရက်သီးက အိတ်စပို့ကို သွားနိုင်တဲ့ အရည်အသွေး ရှိပေမယ့်လည်း လက်မှတ်မရှိရင်တော့ ပြည်ပဈေးကွက်ကို ပိုနိုင်မှာမဟုတ်ဘူး။ တရုတ်ပြည်နယ်စပ်လောက်ပဲ ပို့နိုင်မယ့် အနေအထားဖြစ် နေတယ်။ အခုက တရုတ်ပြည်ကလည်း လောလောဆယ်လောက်ပဲ GAP လက်မှတ်မလိုတာပေါ့။ တရုတ်ပြည်မကို ပို့မယ်ဆိုရင် လိုလာပြီ။လက်မှတ်မရှိလို့ အမြင့်ဈေး ရ နိုင်မယ့် တိုင်းပြည်ကို ပို့မယ်ဆို ရင် ပို့နိုင်မှာ မဟုတ်ဘူး’’ ဟု မြန်မာနိုင်ငံ သစ်သီးဝလံနှင့် ပန်းမန်စိုက်ပျိုးထုတ်လုပ်ရောင်းချသူများအ သင်း ဥက္ကဋ္ဌ ဦးစိုးသန်းမင်းဒင်က ပြောကြားသည်။

‘‘လက်မှတ်ရဖို့ တင်ပြထား တာက ခြောက်လလောက်ရှိပြီ။ မြန်မာ့ စိုက်ပျိုးရေး လုပ်ငန်းက တော့ စစ်ဆေးနေတယ်လို့ ပြော တယ်။ လက်ရှိငါးကျပ်နဲ့ ရောင်း ရင် သက်သေခံလက်မှတ်ရှိရင် ခြောက်ကျပ်တောင်းလို့လည်း ရတယ်။ စိုက်ပျိုးထုတ်လုပ်တဲ့အ ချိန်မှာ စားသုံးသူတွေ ထိခိုက်မှု မရှိအောင် မှတ်တမ်းမှတ်ရာတွေ နဲ့ ပိုးသတ်ဆေးသုံးလည်း သူတို့ သတ်မှတ်ထားတဲ့ မှတ်တမ်းမှတ် ရာတွေနဲ့ ဒီလက်မှတ်ကိုပေးတာ လေ’’ ဟု မန္တလေးတိုင်း သရက် သီးထုတ်လုပ်တင်ပို့ရောင်းချသူ များအသင်း ဥက္ကဋ္ဌဒေါ်သန်းသန်း ဆွေက ပြောသည်။

ပြည်ပ ၀ယ်လက်များ အ ကြိုက်များသည့် စိန်တလုံး သရက်ကို GAP လက်မှတ်ရရှိရန် မြန်မာ့စိုက်ပျိုးရေးဌာနသို့ တင်ပြ ထားသည်ဟု ဆိုသည်။ လက် မှတ်ရရှိရန် သရက်ဖူးသည့်အချိန် မှ စတင်ကာ ဈေးကွက်တွင်း ရောက်ချိန်အထိ စိုက်ပျိုးရေးဌာန မှ သတ်မှတ်ထားသည့် စည်းကမ်း များနှင့်အညီ ထုတ်လုပ်ထားသည့် မှတ်တမ်းကို စိုက်ပျိုးရေးဌာနသို့ တင်ပြရမည် ဖြစ်သည်။

7day Daily

မှတ်ချက်များ