သထုံမြို့  မြသပိတ်တောင်မှာ အမှန်တစ်ကယ် ရာသက်ပန် သီလရှင်ဝတ်သွားခဲ့ပြီး အငယ်တန်းဖြေဆိုပြီး ဖြစ်တဲ့ အဆိုတော် ရုပ်ရှင်သရုပ်ဆောင် တင့်တင့်ထွန်း …



သီလရှင်ဝါ တစ်ဝါ ရရှိပြီဖြစ်သော ရုပ်ရှင်နှင့် ဗီဒီယို သရုပ်ဆောင်၊ အဆိုတော် တင့်တင့်ထွန်း (ခ) ဒေါ်နန္ဒမာလာသည် ပဋိပတ္တိ ပထမငယ်တန်း စာမေးပွဲ ဖြေဆိုထားကြောင်း ၎င်း၏ Facebook စာမျက်နှာတွင် ဖော်ပြချက်များ အရ သိရသည်။

''သီလရှင်ဝတ်တာ တစ်ဝါ ရပြီးပါပြီ။ပဋိပတ္တိ စာပေလေ့လာ ဆည်းပူး နေရင်းက ပထမငယ် စာမေးပွဲကို ဝင်ရောက် ဖြေဆိုထားပါတယ်'' ဟု ၎င်းကမိန့်ကြားခဲ့သည်။

ဒေါ်နန္ဒမာလာသည် ပဋိပတ္တိ စာပေများကို လေ့လာ လိုက်စား၍ တရား ဘာဝနာများ စီးဖြန်း အားထုတ်နေပြီး တစ်ဖက်မှလည်း နာရေးကူညီမှု အသင်း (ရန်ကုန်) တွင် အများပြည်သူများ အတွက် ၂၀၁၄ ခု စက်တင်ဘာ ၆ ရက်က အလှူငွေ ကျပ်သိန်းသုံးဆယ် လှူဒါန်း ခဲ့ကြောင်း သိရသည်။
ခန့်ချောကြီး

ကိုထွန်းဝေ

မှတ်ချက်များ