လေယာဉ်ခိုးစီးလို့ လေယာဉ်ပေါ်ကပြုတ်ကျသွားတဲ့ အမျိုးသား


အင်္ဂလန်နိုင်ငံ ဂျိုဟန်နက်စဘတ်မြို့ကနေ ဟီးသရိုးလေဆိပ်ကို ပျံသန်းသွားတဲ့ လေယာဉ်မှာ ခိုးဝှက်လိုက်ပါသွားတဲ့ အမျိုးသားနှစ်ဦးမှာ တစ်ဦးသေဆုံးပြီး တစ်ဦးအသက်ရှင်ကျန်ရစ်ခဲ့ပါတယ်။ အမျိုးသား တစ်ဦးကတော့ လေယာဉ်ပျံလေထုထဲရောက်သွားတဲ့အချိန်မှာ အောက်ကိုပြုတ်ကျပြီးသေဆုံးသွားခဲ့တာ
ဖြစ်ပါတယ်။

ဂျိုဟန်နက်စဘတ်ကနေ ဟီးသရိုးကို ထွက်ခွာလာတဲ့ British Airways လေယာဉ်မှာ အဆိုပါ အမျိုးသားနှစ်ဦး လိုက်ပါလာခဲ့တာဖြစ်မယ်လို့ ယုံကြည့်ရပါတယ်။ အောက်ကိုပြုတ်ကျလာတဲ့အမျိုးသားဟာ Kew လမ်းမပေါ်မှာ ရှိတဲ့ အိမ်ခေါင်မိုးပေါ် ပြုတ်ကျခဲ့တာဖြစ်ပါတယ်။ သူပြုတ်ကျခဲ့တဲ့နေရာဟာ notonthehighstreet.com အွန်လိုင်းအရောင်းဆိုင်ရှိတဲ့နေရာဖြစ်ပါတယ်။ ဒါပေမယ့် စစ်ဆေးနေတဲ့ ရဲအရာရှိတွေကတော့ ဒါကိုဟုတ်မှန်ကြောင်း အတည်ပြုပေးခြင်း မရှိသေးပါဘူး။ ပြုကျလာတဲ့ လူဟာ ပြင်းထန်တဲ့ဒဏ်ရာတွေနဲ့ သေဆုံးသွားခဲ့တာဖြစ်ပါတယ်။

လေယာဉ်ပေါ်မှာ အသက်ရှင်လျှက်ပါသွားတဲ့ တစ်ယောက်ကိုလည်း တာဝန်ရှိသူတွေ တွေ့ရှိခဲ့ပြီး လောလောဆယ်တော့ လန်ဒန်အနောက်ပိုင်းဆေးရုံမှာ တင်ထားရပါတယ်။

Planet Myanmar News

မှတ်ချက်များ