ရေပေါ်မှာတည်ဆောက်မယ့် ရွေ့လျားရေပေါ်ဟိုတယ်



မြစ်ကြောင်းတစ်လျှောက်သဘာဝရှုခင်းတွေကို လိုက်လံကြည့်ရှုနိုင်မယ့် ရွေ့လျားဟိုတယ်တွေမှာ မကြာခင်ကာလအတွင်း ခရီးသွားဧည့်သည်တွေ တည်းခိုနိုင်ကြတော့မှာဖြစ်ပါတယ်။ ရွက်လှေပုံစံတည်ဆောက်ထားတဲ့ ရေပေါ်ဟိုတယ်တွေကို Salt & Water ကဒီဇိုင်းထုတ်ပြီး မကြာခင် အကောင်အထည်ဖော်တော့မှာဖြစ်ပါတယ်။

ရွက်လှေပုံစံတည်ဆောက်ထားတဲ့ဟိုတယ်တွေကို တစ်လုံးခြင်းတည်ဆောက်ထားတာဖြစ်ပြီး ရေပေါ်မှာ ကြိုက်တဲ့နေရာကိုသွားလာနိုင်ပါတယ်။ ဟိုတယ်ခန်းလို့ခေါ်ရမယ့် ရွက်လှေထဲမှာ တည်းခိုမယ့် ဧည့်သည်တွေသာ ရှိမှာဖြစ်တာကြောင့် ပုဂ္ဂလိကလွတ်လပ်ခွင့်ကို အပြည့်အဝရမှာ ဖြစ်ပါတယ်။ ရွက်လှေထဲမှာ ဧည့်ခန်း၊ ကော်ဖီဘား၊ စားသောက်ခန်း စတာတွေ အပြည့်အစုံပါဝင်ထားမှာ ဖြစ်ပါတယ်။ အိပ်စက်အနားယူနိုင်မယ့် နေရာအပြည့်အစုံအပြင် အပြင်ထွက် လေကောင်းလေသန့်ရှုနိုင်မယ့် နေရာလည်းပါဝင်ပါတယ်။

သာမန်ဟိုတယ်တွေထက်ပိုထူးခြားတာက ဟိုတယ်နဲ့အတူ သင်လည်းရေပေါ်မှာရွေ့လျားနေတုန်း ငါးမျှားတာတွေ၊ ရေကူးတာတွေ လုပ်နိုင်မှာဖြစ်ပါတယ်။ နေပူစာလည်း လှုံလို့ရပါသေးတယ်။ ဧည့်သည်တွေကို ရေပြင်ပေါ်မှာ ထူးခြားတဲ့အတွေ့အကြုံတွေပေးမယ့် ဟိုတယ်ရွက်လှေတွေဖြစ်လာမှာပါ။

Planet Myanmar News

မှတ်ချက်များ