အတုမြင် အတတ်သင်တဲ့ လေးနှစ်အရွယ်သမီးငယ်



အမေရိကန်နိုင်ငံ တင်နက်စီပြည်နယ်မှာ အ သက်လေးနှစ်အရွယ် ကလေးမက မိခင်ဖြစ်သူရဲ့ အပြုအ မူ လုပ်ရပ်ကိုကြည့်ပြီး အတုမြင် အတတ်သင်နိုင်တယ်လို့ သိရပါတယ်။

အဆိုပါ အသက်လေးနှစ်အရွယ် ကလေးမလေး ကတော့ အန်ဒါဆန်ပေါလ်မာလို့ အမည်ရပြီး သူ့မိခင်ရဲ့ မင်္ဂလာဆောင်မှာ အတုမြင် အတတ်သင်နိုင်တယ်ဆိုတာ ကို ပြသခဲ့တာပဲ ဖြစ်ပါတယ်။

အဲဒါကတော့ တင်နက်ဆီပြည်နယ်ရှိ Knoxville မြို့မှာ အန်ဒါဆန်ရဲ့မိခင် အန်တိုနီပေါလ်ဟာ ချစ်သူ မီချီ လာဟော့လ်နဲ့ လက်ထပ်ပြီးမှာ အမှတ်တရ ဓာတ်ပုံရိုက်ကူး ခဲ့ပါတယ်။

အမှတ်တရ ဓာတ်ပုံရိုက်ကူးတဲ့အချိန်မှာ ဓာတ် ပုံဆရာက မင်္ဂလာဇနီးမောင်နှံနှစ်ဦးကို နမ်းခိုင်းပြီး ဓာတ်ပုံ ရိုက်တဲ့အချိန်မှာ ကလေးမလေး အန်ဒါဆန်က သူ့ဘေးရှိ ကောင်လေးကို အပြိုင်နမ်းလိုက်တာကတော့ မိခင်ရဲ့ခြေရာ ကို နင်းနိုင်ပြီဆိုတာ သက်သေပြခဲ့တာပါပဲ။

Yangon Media Group

မှတ်ချက်များ