ပလက်ဝ အ.ထ.က ကျောင်းခွဲမှာ စာရေးခုံ ကိုယ်ထူကိုယ်ထ၀ယ်သုံးရ
ချင်းပြည်နယ်၊ ပလက်ဝမြို့ ရိက္ခာရပ်ကွက်မှာ ရှိတဲ့ ထ/ခွဲမှာစာသင်ခုံ၊ ထိုင်လုံမလောက်တဲ့အတွက် ကျောင်းသားတွေကိုယ်တိုင် ၀ယ်ပြီး အခုလို အသုံးပြုရတယ်လို့ သိရပါတယ်။
“အစိုးရက ကျောင်းပဲ ဆောက်ပေးထားတယ်။ အဲ့ဒီတော့ ကိုယ့်စရိတ်ကိုယ်သုံးရတယ်။ ထိုင်ခုံက ပလက်စတစ် ထိုင်ခုံပဲ ဝယ်တာတွေ့ရတယ်။ အပြင်ကဝယ်ရတာပါ” ဟု ရပ်မိရပ်ဖတစ်ဦးက ပြောပါတယ်။
ဆရာတွေ အပြောအရ ကျောင်းသားအသစ်တွေကိုပဲ ထိုင်ခုံ စားပွဲ နှစ်မျိုးစီဝယ်ခိုင်းတာလို့ပြောတယ်။
မတတ်နိုင်တဲ့သူတွေ၊ မ၀ယ်နိုင်တဲ့သူတွေတော့ တော်တော်ဒုက္ခရောက်မယ့် သဘောမှာရှိတယ် ဟု သူတို့ကပြောပါတယ်။
Khumi Media Group - ခူမီးမီဒီယာ


မှတ်ချက်များ