New MacBook အားကြွေကြည့်ခြင်း


















Apple က မေလထဲမှ စတင်ထုတ်ရောင်းတဲ့ New MacBook ကိုကြွေသွားပါတယ်၊ iPhone စထွက်တော့ Revolutionary Device (တော်လှန်ပြောင်းလဲ လိုက်သော ပစ္စည်း) လို့တင်စားပြောဆိုပါတယ်၊ အခု New MacBook ကလည်း Revolutionary Mac Computer လို့ပြောနိုင်ပါတယ်၊ ကမ္ဘာ့အပါးဆုံးလို့ပြောချင်ပေမဲ့ အခြားသူများနဲ့ရန်မဖြစ်ချင်လို့ Mac to Mac ချင်းပဲယှဉ် ပြချင်ပါတယ် ဘာတွေများထူးခြားလို့လဲ၊ တချက်ချင်းပြောချင်ပါတယ်၊ နည်းပညာ ပစ္စည်းများမှာ လုပ်ဆောင်နိုင်စွမ်း( Performence) နဲ့ သယ်ဆောင်ရလွယ်ကူမှု (Portability) ဖြစ်မှုက ပြောင်းပြန်အချိုးကျမယ်ထင်ပါတယ်၊ အပိုင်းတစ်ခုကို အားပေးလိုက်ရင် အပိုင်းတစ်ခုက အားနည်းသွားပါတယ်၊ ဒီနှစ်ခု ကို မျှခြေညီအောင် (Balance) လုပ်ပေးနိုင်တာ New MacBook ပါ။

ကျွှန်တော်ပြောခဲ့သလိုပါဘဲ Apple က we do not change the original, we only concentrate it.တဲ့ ရှိပြီးသားကို ပြောင်းတာမဟုတ်ပါ၊ ပိုကောင်းအောင်လုပ်တာပါတဲ့၊ အခုကတော့ ရှိပြီးသားကို အကောင်းဆုံးဖြစ်အောင်လုပ်ထားတာပါ၊

Design

Design ပိုင်းအနေနဲ့ ပြောရရင် Body တစ်ခုလုံး ဘယ်အပိုင်းမှ ပိုတယ် လိုတယ်မရှိအောင် ကွက်တိပြင်ဆင်ထားပါတယ်။ ပထမဆုံး Mac Computer ထဲမှာ ရွှေရောင်၊ ငွေရောင်၊ မီးခိုးရောင်နဲ့ စတင်ထုတ်လုပ်တဲ့ Modelပါ။ 2.03 lb ပဲ လေးပြီး 0.35 cm ပဲ ထူတဲ့ အတွက် Mac Computer တွေထဲမှာ အပါးဆုံးနဲ့အပေါ့ဆုံးဖြစ်တဲ့ MacBook Air ထက် အကုန်သာသွားပါတယ်၊ အဲ့ဒီလိုပါးပြီး ပေါ့ပေမဲ့ Performence မထိခိုက်အောင် လုပ်ဆောင်နိုင်မှုကို iPhone, iPad တွေလုပ်ခဲ့တဲ့ အတွေ့အကြုံကို အခြေခံတာပါတဲ့။ New MacBook မှာသုံးထား Motherboard က သိပ်သည်းဆအမြင့်ဆုံးနဲ့တည်ဆောက်ထားပြီး MacBook Air 11 inch Model Motherboard ရဲ့ ၃ပုံ ၁ပုံ အရွယ်သာရှိပြီး iPhone 6 MotherBoard ရဲ့ နှစ်ဆကျော်ကျော်လေးပဲရှိပါတော့တယ်။

Retina Display

ဒီလောက်ပါးတဲ့ Model မှာ Retina Display နဲ့ ထုတ်တာ ဒါပထမဆုံးပါ။ Retinal Display အထူကလဲ 0.88mm ပဲရှိလို့ ကမ္ဘာ့အပါးဆုံး Retina Display ပါ။
Pixel ပေါင်း ၃သန်းကျော်ပါဝင်ပြီး 12 inch MacBook ရဲ့ Resolution က 2304*1440 ပါ။

Force Touch Trackpad

Mac Computer များမှာ Trackpad က Multi touch, Multi Gesture ရတာကြာလှပါပြီ၊ အခုက အဲ့ဒီ Trackpad မှာ pressure sensor ထပ်ထည့်ထားတာပါ။ အသုံးပြုသူရဲ့ခိုင်းစေတာကို ဖိအားသက်ရောက်မှုပေါ်မှုတည်ပြီး ခိုင်းစေနိုင်ပါတယ်။ ဒါ့အပြင် Taptic Engine ကို trackpad မှာ ထပ်မံထည့်သွင်းထားလို့ မိမိခိုင်းစေတဲ့ လှုပ်ရှားမှုတိုင်းကို တုန့်ပြန်ပေးမှာဖြစ်ပါတယ်. ဥပမာ file တစ်ခု ကို drag ဆွဲရွှေ့ပြီး လွှတ်တာနဲ့ လက်မှာ vibration sense တစ်ခုလာတိုးမှာဖြစ်ပါတယ်, ပြောရရင် လူ့အရေပြားမှာပါတဲ့ Tactile sensation သဘောမျိုးပါ, ကြောက်လို့ ဆံပင်တွေထောင်သွားတာ Tactile sensation ကြောင့်ပါ, trackpad ရဲ့တုန့်ပြန်မှုကို လူ့အရေးပြားက sensor တွေထည့်ထားပေးသလိုဖြစ်သွားတာပါ,
Pressure sensor ပါဝင်တာကြောင့် trackpad ပေါ်မှာ လက်ချောင်းတွေအသုံးပြုလက်မှတ်ထိုးရင် အပြင်မှာ ဘောပင်အသုံးပြု လက်မှထိုးသလို ဖိထိုးရင် မှင်လုံးတုတ်ပါမယ် ဖွထိုးရင် မှင်အလုံးသေးပါမယ်,

Full size keyboard

Keyboard ပိုင်းမှာလဲ အကြီးအကျယ် ပြောင်းလဲမှုပြုလုပ်ထားပါတယ်, full size keyboard ဆို မျက်နှာပြင်တစ်ခု လုံး keyboard ခလုတ်ရဲ့ မျက်နှာပြင်အပြည့်ဖြစ်နေတာကို ပြောရမယ်ထင်ပါတယ်, လက်ကွက်ကိုနှိပ်လိုက်ရင် ပြန်ကန်တဲ့ တုန့်ပြန်မှုကိုလဲ ပုံမှန် သမရိုးကျ scissor shape mechanism အစား butterfly shape mechanism ကိုအသုံးပြုထားပါတယ်, ဒီ butterfly shape mechanism က mac computer များ ပထမဆုံးလို့ ပြောနိုင်သလို ဒီ ဒီဇိုင်းကို အသုံးပြုနိုင်ခြင်းကြောင့် ပုံမှန် keyboard ထက် ၄ ဆ တည်ငြိမ်မှု ရှိသွားသလို မျက်နှာပြင် ၁၇% ပိုကျယ်ပြီး ၄၀% ပါးသွားပါတယ်, keyboard back light ကို ပိုမို တိကျမှုရှိအောင် led မီးသီးများ ကို အရင် mac များမှာလို အတန်းလိုက်မထည့်တော့ဘဲ key ကွက်တစ်ခုကို led မီးသီး တစ်ခုနှုန်း ထည့်ပေးလို့ ညအချိန်စာရိုက်ရင် တိကျတဲ့ backlight ကိုရရှိမှာဖြစ်ပါတယ်

USB C type connection

input device များအတွက် type c connector port ကို သုံးထားပါတယ်, computer မှာ USB စသုံးတော့ ကျွန်တော်တို့ ကြောင်တောင်တောင်ဖြစ်နေသလို အခုလဲဖြစ်နိုင်ပါတယ်, သို့သော် USB C က အနာဂတ် connection နည်းပညာတစ်ခုဖြစ်လာမှာပါ, အခုတော့ နည်းနည်းဂွမကျအောင် Type C to မိမိ သုံးလိုရာ Adapter လိုနေမှာပါ , ကျွန်တော်ကတော့ လက်ရှိနည်းပညာများနဲ့ အဆင်ပြေအောင် Type C to USB Adapter ကိုသုံးထားပါတယ်, ဒီ Type C port တစ်ခုတည်းကနေပဲ အားသွင်းနိုင်ပါတယ်, VGA, Thunderbolt, HDMI ရုပ်ထွက်ကို လဲ ပေးနိုင်ပါတယ် တစ်ခုပဲ သက်ဆိုင်ရာ adapter တစ်ခုတော့ 
လိုပါမယ်,

New Design Battery

ဒီလောက်ပါးတဲ့ MacBook မှာ All Day Battery Life ( ရုံးချိန် ၈ နာရီထိကြာတာကို ဆိုလိုသည်) ရနိုင်ဖို့ ပုံမှန် သမရိုးကျ battery နည်းပညာနဲ့ မရနိုင်ပါဘူး, နေရာလွတ် မှန်သမျှ Battery ထည့်နိုင်အောင် Battery Design ကို contours Shape battery ကိုသုံးပါတယ်, ပုံမှန် rectangular shape battery ကို အသုံးပြုမယ်ဆိုရင်နေရာလွတ်တွေကျန်သွားနိုင်ပါတယ်, နေရာလွတ်မှန်သမျှ မီလီမီတာ လောက်ထိ မကျန်အောင် သိပ်ထည့်ပေးပါတယ်, ဒီဒီဇိုင်းကြောင့် ၃၅% Battery capacity တက်လာသလို internet ကြည့်တာလိုမျိုး, စာရိုက်တာလိုမျိုးအတွက် ၉ နာရီကြာ မနားတမ်း သုံးနိုင်(ကျွန်တော်စမ်းထားပြီး) သလို Standby mode မှာ တစ်လထိ ခံနိုင်ပါတယ်, battery တပ်ဆင်တဲ့ process တစ်ခုလုံးမှာ ဟာကွက်မရှိအောင် HD Camera များနဲ့ ရိုက်ကူးမှတ်တမ်းတင်ပြီး နောက်ဆုံး အဖုံး မပိတ်ခင်ထိ နေရာလွတ်ကျန်မကျန်စစ်ဆေးပြီး video ကိုလဲ အကြိမ်ကြိမ်စစ်ဆေးပြီးမှ အခု model ကို အတည်ပြုထုတ်လုပ်တာပါတဲ့ Mac computer ထဲမှာ Compact အဖြစ်ဆုံးModel လို့ပြောနိုင်ပါတယ်,

World 1st Fanless MacBook

Processor ကလဲ Intel core M ကိုအသုံးပြုထားပြီး power အနေနဲ့ 5 watt သာအသုံးပြုမှာမို့ ( 5 watt မီးသီးတစ်လုံးသာသာ) Energy efficient အဖြစ်ဆုံး Model ပါ, Heat က မဆိုစလောက်ဘဲထွက်မှာမို့ CPU Fan မသုံးတော့လို့ world 1st Fanless MacBook Ever ပေါ့, fan မပါ, Storage SSD ကိုသုံးထားလို့ လုံးဝ အငြိမ် ဘာသံမှမကြားရတော့ဘူးပေါ့, မဆို စလောက်ထွက်တဲ့ Heat ကိုလဲ Conduction နည်းနဲ့ Mac Computer Body ကနေတဆင့် ပျံနှံလျော့ချပေးမှာပါ,

နိဂုံး

အချုပ်ပြောရရင် ဒီ New MacBook ကပေးရတဲ့ ဈေးနဲ့ ထည့်ထားတဲ့ နည်းပညာတန်တယ်လို့ ပြောနိုင်ပါတယ်, လက်ရှိ ကျွန်တော် သိသလောက် US Store မှာပဲ Stock ရှိပြီး ကျန် store များက pre order မှာမှရပါတယ် အခုတစ်လုံး စင်္ကာပူကနေ မှာတာ တစ်လခွဲလောက်ကြာပါတယ်၊ ဒီ Model မှာအားနည်းချက်လုံးဝ မရှိဘူးလားလို့မေးမယ်ဆိုရင် ရှိကောင်းရှိပါမယ်၊ Anti-Apple သမားတွေထောက်ပြတဲ့ အားနည်းချက်ဆိုတာတွေက ကျွှန်တော့်အတွက်တော့ အားသားချက်တွေပါပဲ၊ New MacBook က အနာဂတ်ကိုကြိုပြေးထားတဲ့ computer လို့ဆိုချင်ပါတယ်၊ ဘ၀ကတိုတိုလေးဗျ၊ အနာဂတ်ကို ကြိုတင်ကိုင်တွယ်ထားလိုက်ရအောင်လား။

Dr.Zaw Zaw

မှတ်ချက်များ