![]() |
| Photo_dailymail |
ပြင်သစ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် နောက်ဆုံးအဆင့် ပွဲစဉ်တွေကို ခြေစစ်ပွဲစဉ်တွေ မကုန်ဆုံးခင် အင်္ဂလန်၊ အိုက်စလန်၊ ချက်နဲ့ သြစတြီးယားတို့က ခြေစစ်ပွဲ အောင်မြင်ခဲ့ပြီးသားပါ။
ယူရို ၂၀၁၆ ပြိုင်ပွဲက ပုံစံသစ်နဲ့ ပထမဆုံး တိုးချဲ့ ယှဉ်ပြိုင်တာဖြစ်ပြီး အသင်းပေါင်း ၂၄သင်း ပါဝင်ခွင့် ရရှိမှာပါ။
ခြေစစ်ပွဲ အုပ်စု ၉စု ရှိတဲ့အနက် အုပ်စု ထိပ်ဆုံး ၂သင်းစီက တိုက်ရိုက် ခြေစစ်ပွဲ အောင်မြင်မှာပါ။
အုပ်စု တတိယ ၉သင်းထဲက အကောင်းဆုံး အသင်းတစ်သင်း ခြေစစ်ပွဲ တိုက်ရိုက် အောင်မြင်မှာဖြစ်ပြီး ကျန်တဲ့ အသင်း၈သင်းကတော့ play-off ပွဲစဉ်တွေ ယှဉ်ပြိုင်ကစားကာ အနိုင်ရတဲ့ အသင်း၎သင်းက ခြေစစ်ပွဲ အောင်မြင်မှာ ဖြစ်ပါတယ်။
ခြေစစ်ပွဲ အောင်မြင်ပြီး အသင်းတွေနဲ့ အုပ်စု တစ်ခုချင်းစီက အနေအထားတွေကို တင်ပြလိုက်ပါတယ်။
ခြေစစ်ပွဲ အောင်မြင်ပြီး အသင်းများ
ပြင်သစ် (အိမ်ရှင်)၊ အင်္ဂလန်၊ အိုက်စလန်၊ ချက်၊ သြစတြီးယား။
အုပ်စု (A)
ခြေစစ်ပွဲ အောင်မြင်ပြီး အသင်းများ
အိုက်စလန်၊ ချက်
အုပ်စုတတိယ ရနိုင်သည်ပ့ အသင်းများ
တူရကီ၊ ချက်
ခြေစစ်ပွဲ အောင်မြင်ရန် မျှော်လင့်ချက် မရှိတော့သော အသင်းများ
လတ်ဗီးယား၊ ကာဇက်စတန်
ပြိုင်ပွဲဝင် အသင်း အရေအတွက်ကို အရင်က ၁၆သင်းသာ သတ်မှတ်ထားရာကနေ ၂၄သင်းအထိ တိုးမြှင့် ခဲ့ပေမယ့် ထိပ်သီး အသင်းတစ်သင်းဖြစ်တဲ့ ဟော်လန်က ယူရို ၂၀၁၆ ခြေစစ်ပွဲ မအောင်မြင်မှာ စိုးရိမ်ရမယ့် အနေအထားနဲ့ ရင်ဆိုင်နေရပါတယ်။
နည်းပြသစ် ဒန်န်ီ ဘလိုင်းရဲ့ ဟော်လန်အသင်းက အုပ်စု နောက်ဆုံး ပွဲစဉ်၂ပွဲမှုာ ကာဇက်စတန်နဲ့ ချက်တို့နဲ့ ကစားရမှာဖြစ်ပြီး ၂ပွဲစလုံး အနိုင်ကစားဖို့ လိုအပ်နေပါတယ်။
တစ်ဖက်မှာလည်း ပြိုင်ဘက် တူရကီက သူုတို့ရဲ့ နောက်ဆုံး၂ပွဲမှာ ၁ပွဲရှုံးမှ ဟော်လန် ခြေစစ်ပွဲ အောင်မြင်ဖို့ အခွင့်အရေးရ မှာပါ။
အထက်က ဖော်ပြခဲ့သလို ဖြစ်ခဲ့ရင်တောင် အိုက်စလန်နဲ့ ချက်တို့က ခြေစစ်ပွဲ အောင်မြင်ပြီးသား ဖြစ်နေလို့ အုပ်စုတတိယ နေရာကိုပဲ ဟော်လန်ုတို့ ရရှိမှာပါ။
ချက်၊ အိုက်စလန်တို့နဲ့ ကစားရမယ့် နောက်ဆုံး ပွဲစဉ်၂ပွဲမှာ ၄မှတ် ရခဲ့ရင် တူရကီက အုပ်စု တတိယနေရာကို ရရှိနိုင်မှာဖြစ်ပြီး ဟော်လန်တို့ ခြေစစ်ပွဲ အောင်မြင်ခွင့် လက်လွှတ်ရမှာပါ။
အုပ်စု နောက်ဆုံး ပွဲစဉ်များ
အောက်တိုဘာ ၁၀
အိုက်စလန် - လတ်ဗီးယား
ကာဇက်စတန် - ဟော်လန်
ချက် - တူရကီ
အောက်တိုဘာ ၁၃
လတ်ဗီးယား - ကာဇက်စတန်
ဟော်လန် - ချက်
တူရကီ - အိုက်စလန်
အုပ်စု (B)
ခြေစစ်ပွဲ အောင်မြင်ပြီး အသင်းများ ဒီအုပ်စုမှာ မရှိသေးပါ။ ဝေလ၊ ဘယ်ဂျီယံနဲ့ အစ္စရေးတို့ ခြေစစ်ပွဲ အောင်မြင်ဖို့ အခွင့်အရေး ရှိနေပါတယ်။
အုပ်စုတတိယနေရာ မျှော်လင့်ချက် ရှိသော အသင်းများ
ဘော့စနီးယား၊ ဆိုက်ပရပ်စ်။
ခြေစစ်ပွဲ အောင်မြင်ရန် မျှော်လင့်ချက် မရှိတော့သော အသင်း
အန်ဒိုရာ။
ဝေလက အုပ်စုနောက်ဆုံး ပွဲစဉ် ၂ပွဲဖြစ်တဲ့ ဘော့စနီးယား၊ အန်ဒိုရာတို့နဲ့ ပွဲစဉ်တွေမှာ ရမှတ်၁မှတ် ရရုံနဲ့ ၁၉၅၈ ကမ္ဘာ့ဖလား နောက်ပိုင်း အဓိက ပြိုင်ပွဲကြီး တစ်ခုမှာ ပါဝင်ခွင့် ရရှိမှာပါ။
ဘယ်ဂျီယံက နောက်ဆုံး၂ပွဲမှာ ၂မှတ်ရရုံနဲ့ ခြေစစ်ပွဲ အောင်မြင်မှာပါ။ နောက်ဆုံး ပွဲစဉ်တွေ အဖြစ် အန်ဒိုရာ၊ အစ္စရေးတို့နဲ့ ကစားရမှာပါ။
အစ္စရေးကလည်း ခြေစစ်ပွဲ အောင်မြင်ဖို့ မျှော်လင့်ချက် ရှိနေပါတယ်။ လက်ရှိ အချိန်မှာ အုပ်စု တတိယနေရာ ရပ်တည်နေပြီး ဆိုက်ပရပ်စ်၊ ဘယ်ဂျီယံတို့နဲ့ ပွဲစဉ်၂ပွဲစလုံးကို အမှတ်ပြည့်ရရမှာ ဖြစ်ပြီး ဝေလနဲ့ ဘယ်ဂျီယံတို့ထဲက တစ်သင်းကလည်း ရမှတ် ဆုံးရှုံးမှု ရှိရမှာ ဖြစ်ပါတယ်။
ဒါပေမယ့် လက်ကျန်၂ပွဲမှာ ၄မှတ်ရရင် အုပ်စု တတိယနေရာမှာ ဆက်လက် ရပ်တည်နိုင်မှာဖြစ်လို့ play-off နေရာ သေချာမှာပါ။
ဘော့စနီးယားက မျှော်လင့်ချက် ရှိသေးပေမယ့် ထိပ်တိုက်တွေ့ဆုံမှုမှာ အစ္စရေးကို အသာမရထားသလို လက်ကျန် ၂ပွဲစလုံး အနိုင်ကစားဖို့လည်း လိုအပ်နေပါတယ်။
အုပ်စု နောက်ဆုံး ပွဲစဉ်များ
အောက်တိုဘာ ၁၀
အန်ဒိုရာ - ဘယ်ဂျီယံ
ဘော့စနီးယား - ဝေလ
အစ္စရေး - ဆိုက်ပရပ်စ်
အောက်တိုဘာ ၁၃
ဘယ်ဂျီယံ - အစ္စရေး
ဆိုက်ပရပ်စ် - ဘော့စနီးယား
ဝေလ - အန်ဒိုရာ
အုပ်စု (C)
စပိန်၊ ဆလိုဗက်ကီးယားနဲ့ ယူကရိန်းတို့က မျှော်လင့်ချက် ရှိနေပါတယ်။
ခြေစစ်ပွဲ အောင်မြင်ရန် မျှော်လင့်ချက် မရှိတော့သော အသင်းများ
ဘီဘာရုစ်၊ လူဇင်ဘတ်၊ မက်ဆီဒိုးနီးယား။
လက်ရှိ ချန်ပီယံ စပိန်က လူဇင်ဘတ်ကို အနိုင်ရရင် ခြေစစ်ပွဲ အောင်မြင်မှာပါ။ လူဇင်ဘတ်ကို အနိုင်မရရင်လည်း နောက်ဆုံးပွဲစဉ်မှာ ယူကရိန်းကို မရှုံးရင် ခြေစစ်ပွဲ အောင်မြင်မှာပါ။
ဆလိုဗက်ကီးယားကလည်း လက်ကျန်၂ပွဲဖြစ်တဲ့ ဘီလာရုစ်၊ လူဇင်ဘတ်တို့နဲ့ ပွဲစဉ်တွေမှာ ၁ပွဲ အနိုင်ရရင် ခြေစစ်ပွဲ အောင်မြင်မှာပါ။
ယူကရိန်းကတော့ အနိမ့်ဆုံး Play-off အဆင့်ကနေ ခြေစစ်ပွဲ အောင်မြင်နိုင်မယ့် အခွင့်အရေး ရှိနေပါတယ်။
တိုက်ရိုက် အောင်မြင်ဖို့ ဆိုရင်တော့ လက်ကျန် ပွဲစဉ်၂ပွဲဖြစ်တဲ့ မက်ဆီဒိုးနီးယားနဲ့ စပိန်တို့ကို အနိုင်ရရမှာဖြစ်ပြီး ဆလိုဗက်ကီးယားကလည်း နိုင်ပွဲမရဖို့ လိုအပ်ပါတယ်။ ဆလိုဗက်ကီးယား ၂ပွဲစလုံး ရှုံးခဲ့ရင်တော့ ယူကရိန်းက ၂ပွဲမှာ ၄မှတ် ရရင် လုံလောက်ပါပြီ။
အုပ်စု နောက်ဆုံး ပွဲစဉ်များ
အောက်တိုဘာ ၉
မက်ဆီဒိုးနီးယား - ယူကရိန်း
ဆလိုဗက်ကီးယား - ဘီလာရုစ်
စပိန် - လူဇင်ဘတ်
အောက်တိုဘာ ၁၂
ဘီလာရုစ် - မက်ဆီဒိုးနီးယား
လူဇင်ဘတ် - ဆလိုဗက်ကီးယား
ယူကရိန်း - စပိန်
အုပ်စု (D)
ခြေစစ်ပွဲ အောင်မြင်ပြီးတဲ့ အသင်းတွေ မရှိသေးဘဲ ဂျာမနီ၊ ပိုလန်နဲ့ အိုင်ယာလန်တို့က တိုက်ရိုက် ခြေစစ်ပွဲ အောင်မြင်ဖို့ မျှော်လင့်ချက် ရှိနေပါတယ်။
အုပ်စုတတိယနေရာ မျှော်လင့်ချက် ရှိသော အသင်း
လစ်သူရေးနီးယား
ခြေစစ်ပွဲ အောင်မြင်ရန် မျှော်လင့်ချက် မရှိတော့သော အသင်းများ
ဂျော်ဂျီယာ၊ ဂျီဘရော်တာ
ကမ္ဘာ့ဖလား ချန်ပီယံ ဂျာမနီက အိုင်ယာလန်နဲ့ ကစားမယ့် ပွဲစဉ်မှာ သရေတစ်မှတ် ရရုံနဲ့ ခြေစစ်ပွဲ အောင်မြင်မှာပါ။
ပိုလန်ကလည်း စကော့တလန်ကို အနိုင်ရပြီး အိုင်ယာလန်က ဂျာမနီကို အနိုင်မရရင် ပိုလန် ခြေစစ်ပွဲ အောင်မြင်မှာပါ။
စကော့တလန်ကတော့ ပိုလန်ကို အနိုင်ရပြီး အိုင်ယာလန်က ဂျာမနီကို အနိုင်မရရင် ခြေစစ်ပွဲ အောင်မြင်မှာပါ။
အိုင်ယာလန်က ဂျာမနီကို အနိုင်ရလိုက်ရင် စကော့တလန်က လက်ကျန်ပွဲစဉ် ၂ပွဲဖြစ်တဲ့ ပိုလန်၊ ဂျီဘရော်တာတို့နဲ့ ပွဲစဉ် ၂ပွဲစလုံးကို အနိုင်ရဖို့ လိုအပ်ပါတယ်။
အိုင်ယာလန်က ဂျာမနီကို အနိုင်မရဘဲ အုပ်စုနောက်ဆုံးပွဲမှာ ပိုလန်ကို အနိုင်ရခဲ့ရင်တော့ စကော့တလန်က အုပ်စုတတိယနေရာကို ရရှိမှာ ဖြစ်ပါတယ်။
အုပ်စု နောက်ဆုံး ပွဲစဉ်များ
အောက်တိုဘာ ၈
ဂျော်ဂျီယာ - ဂျီဘရော်တာ
အိုင်ယာလန် - ဂျာမနီ
စကော့တလန် - ပိုလန်
အောက်တိုဘာ ၁၁
ဂျာမနီ - ဂျော်ဂျီယာ
ဂျီဘရော်တာ - စကော့တလန်
ပိုလန် - အိုင်ယာလန်
အုပ်စု (E)
ခြေစစ်ပွဲ အောင်မြင်ပြီး အသင်း
အင်္ဂလန်
ခြေစစ်ပွဲ အောင်မြင်ရန် မျှော်လင့်ချက် ရှိနေသေးသော အသင်းများ
ဆွစ်ဇာလန်၊ စလိုဗေးနီးယား၊ အက်စ်တိုးနီးယား။
အုပ်စုတတိယနေရာ မျှော်လင့်ချက် ရှိသော အသင်း
လစ်သူရေးနီးယား
ခြေစစ်ပွဲ အောင်မြင်ရန် မျှော်လင့်ချက် မရှိတော့သော အသင်းများ
ဆန်မာရီနို
အင်္ဂလန်က ခြေစစ်ပွဲ တစ်လျှောက် ရာနှုန်းပြည့် နိုင်ပွဲစံချိန်နဲ့အတူ ပြီးခဲ့တဲ့လက ခြေစစ်ပွဲ အောင်မြင်ခဲ့တာပါ။
ဆွစ်ဇာလန်က ခြေစစ်ပွဲ တိုက်ရိုက်အောင်မြင်ဖို့ လက်ကျန် ပွဲစဉ် ၂ပွဲစလုံး အနိုင်ရဖို့ လိုအပ်နေပါတယ်။
အကြောင်းကတော့ တတိယနေရာမှာ ရှိနေတဲ့ စလိုဗေးနီးယားကြောင့်ပါ။ သူတို့က ထိပ်တိုက်တွေ့ဆုံမှုမှာ ဆွစ်ဇာလန်အပေါ် အသာစီး ရထားလို့ ဖြစ်ပါတယ်။
ဒါကြောင့် စလိုဗေးနီးယားက ရမှတ်တူခဲ့ရင်တောင် ခြေစစ်ပွဲ အောင်မြင်ခွင့် ရရှိမှာပါ။
စလိုဗေးနီးယားက လစ်သူရေးနီးယားကို အနိုင်ရလိုက်ရင် အုပ်စု ဒုတိယနေရာ အဆုံးအဖြတ်ကို အုပ်စု နောက်ဆုံးပွဲစဉ်အထိ စောင့်ကြည့်ရမှာပါ။
အက်စ်တိုးနီးယားက အင်္ဂလန်နဲ့ ဆွစ်ဇာလန်ကို အနိုင်ရပြီး ဆွစ်ဇာလန်နဲ့ စလိုဗေးနီးယားတို့ကလည်း ကျန်တဲ့ပွဲစဉ်တွေမှာ ရှုံးနိမ့်မယ် ဆိုရင် အက်စ်တိုးနီးယား ခြေစစ်ပွဲ အောင်မြင်မှာပါ။
အက်စ်တိုးနီးယားက လက်ကျန် ၂ပွဲမှာ ၄မှတ်ရရင် တတိယနေရာ ရရှိမှာပါ။ ဒါပေမယ့် စလိုဗေးနီးယားက လက်ကျန်၂ပွဲမှာ တစ်မှတ်ပဲ ရမှာ ဖြစ်မှာပါ။
အုပ်စု နောက်ဆုံး ပွဲစဉ်များ
အောက်တိုဘာ ၉
အင်္ဂလန် - အက်စ်တိုးနီးယား
စလိုဗေးနီးယား - လစ်သူရေးနီးယား
ဆွစ်ဇာလန် - ဆန်မာရီနို
အောက်တိုဘာ ၁၂
အက်စ်တိုးနီးယား - ဆွစ်ဇာလန်
လစ်သူရေးနီးယား - အင်္ဂလန်
ဆန်မာရီနို - စလိုဗေးနီးယား
အုပ်စု (F)
ခြေစစ်ပွဲ အောင်မြင်ရန် မျှော်လင့်ချက် ရှိနေသေးသော အသင်းများ
မြောက်အိုင်ယာလန်၊ ရိုမေးနီးယား၊ ဟန်ဂေရီ
အုပ်စုတတိယနေရာ မျှော်လင့်ချက် ရှိသော အသင်း
ဖင်လန်
ခြေစစ်ပွဲ အောင်မြင်ရန် မျှော်လင့်ချက် မရှိတော့သော အသင်းများများ
ဖာရိုး၊ ဂရိ
မြောက်အိုင်ယာလန်က လက်ကျန်၂ပွဲမှာ ၂မှတ်ရရုံနဲ့ ခြေစစ်ပွဲ အောင်မြင်မှာပါ။ နောက်ဆုံး ပွဲစဉ်တွေ အဖြစ် ဂရိ၊ ဖင်လန်တို့နဲ့ ကစားရမှာပါ။
ရိုမေးနီးယားက ခြေစစ်ပွဲ အောင်မြင်ဖို့ လက်ကျန် ၂ပွဲစလုံး အနိုင်ကစားဖို့ လိုအပ်ပါတယ်။ လက်ကျန် ၂ပွဲမှာ ဖင်လန်၊ ဖာရိုးတို့နဲ့ ကစားရမှာပါ။
ထိပ်တိုက်တွေ့ဆုံမှုမှာ တတိယနေရာက ဟန်ဂေရီက ရိုမေးနီးယားအပေါ် အသာစီး ရထားတာပါ။
ရိုမေးနီးယား ခြေချော်ခဲ့ရင် ဟန်ဂေရီကို အခွင့်အရေး ပေးသလို ဖြစ်သွားမှာပါ။ ဟန်ဂေရီက ဖာရိုး၊ ဂရိတို့နဲ့ ကစားရမှာပါ။
ဖင်လန်က ရိုမေးနီးယားကို ရှုံးနိမ့်ရင်တော့ အုပ်စုတတိယနေရာ မျှော်လင့်ချက် ပျက်ပြယ်သွားမှာပါ။
အုပ်စုနောက်ဆုံး ပွဲစဉ်များ
အောက်တိုတာ ၈
ဟန်ဂေရီ - ဖာရိုး
မြောက်အိုင်ယာလန် - ဂရိ
ရိုမေးနီးယား - ဖင်လန်
အောက်တိုဘာ ၁၁
ဖာရိုး - ရိုမေးနီးယား
ဖင်လန် - မြောက်အိုင်ယာလန်
ဂရိ - ဟန်ဂေရီ
အုပ်စု (G)
ခြေစစ်ပွဲ အောင်မြင်ပြီး အသင်း
သြစတြီးယား
ခြေစစ်ပွဲ အောင်မြင်ရန် မျှော်လင့်ချက် ရှိနေသေးသော အသင်းများ
ရုရှား၊ ဆွီဒင်၊ မွန်တီနီဂရိုး။
ခြေစစ်ပွဲ အောင်မြင်ရန် မျှော်လင့်ချက် မရှိတော့သော အသင်းများ
လက်ချင်စတိန်း၊ မော်ဒိုဗာ
သြစတြီးယားက ခြေစစ်ပွဲ အောင်မြင်ပြီးသားပါ။
အုပ်စု ဒုတိယ နောက်ဆုံး ပွဲစဉ်မှာ ရုရှားက မော်ဒိုဗာကို အနိုင်ရပြီး ဆွီဒင်နဲ့ မွန်တီနီဂရိုး၂သင်းစလုံး ရမှတ်တွေ ဆုံးရှုံးခဲ့ရင် ရုရှားက ပွဲမကုန်ခင် ခြေစစ်ပွဲ အောင်မြင်မှာပါ။
ဆွီဒင်က ရုရှားရဲ့နောက် ၂မှတ်အကွာမှာ ရှိနေတာပါ။ ရုရှား ခြေချော်ပြီး ဆွီဒင်က လက်ကျန်၂ပွဲ အနိုင်ရရင် ဆွီဒင် ခြေစစ်ပွဲ အောင်မှာ ဖြစ်ပါတယ်။
မွန်တီနီဂရိုးက သြစတြီးယားနဲ့ ရုရှားကို အနိုင်ရပြီး ရုရှားကလည်း မော်ဒိုဗာကို ရှုံးနိမ့်ခဲ့ရင် မွန်တီနီဂရိုး တိုက်ရိုက် ခြေစစ်ပွဲ အောင်မြင်မှာပါ။
အုပ်စုနောက်ဆုံး ပွဲစဉ်များ
အောက်တိုဘာ ၉
လက်ချင်စတိန်း - ဆွီဒင်
မော်ဒိုဗာ - ရုရှား
မွန်တီနီဂရိုး - သြစတြီးယား
အောက်တိုဘာ ၁၂
သြစတြီးယား - လက်ချင်စတိန်း
ရုရှား - မွန်တီနီဂရိုး
ဆွီဒင် - မော်ဒိုဗာ
အုပ်စု (H)
ခြေစစ်ပွဲ အောင်မြင်ရန် မျှော်လင့်ချက် ရှိနေသေးသော အသင်းများ
အီတလီ၊ နော်ဝေ၊ ခရိုအေးရှား
အုပ်စုတတိယနေရာ မျှော်လင့်ချက် ရှိသော အသင်း
ဘူဂေးရီးယား
ခြေစစ်ပွဲ အောင်မြင်ရန် မျှော်လင့်ချက် မရှိတော့သော အသင်းများ
အဇာဘိုင်ဂျန်၊ မော်တာ
အီတလီက စနေညမှာ အဇာဘိုင်ဂျန်နဲ့ ကစားရမှာဖြစ်ပြီး အနိုင်ရရင် ခြေစစ်ပွဲ အောင်မြင်မှာပါ။
ဒုတိယ နေရာက နော်ဝေ မော်တာနဲ့ အရင် ရင်ဆိုင်ရမှာဖြစ်ပြီး နောက်ဆုံးပွဲမှာ အီတလီကို အဝေးကွင်း သွားရောက် ကစားရမှာပါ။
ဒါကြောင့် သူတို့အနေနဲ့ ခရိုအေးရှား ရမှတ် ဆုံးရှုံးဖို့ မျှော်လင့်ရဖွယ် ရှိနေပါတယ်
ခရိုအေးရှားက ထိပ်တိုက်တွေ့ဆုံမှုမှာ အသာရနေလို့ပါ။
ခရိုအေးရှားက လက်ရှိအချိန်မှာ တတိယနေရာကို ရယူထားတာပါ။
ဒါပေမယ့် ဘူဂေးရီးယားက သူတို့ကို ၁-၀နဲ့ အထက် အနိုင်ရပြီး အဇာဘိုင်ဂျန်ကိုပါ ဆက်လက် အနိုင်ရကာ ခရိုအေးရှားက မော်တာကို အနိုင်ရခဲ့ရင် ဘူဂေးရီးယား တတိယနေရာကို ရယူသွားနိုင်မှာပါ။
အုပ်စုနောက်ဆုံးပွဲစဉ်များ
အောက်တိုဘာ ၁၀
အဇာဘိုင်ဂျန် - အီတလီ
နော်ဝေ - မော်တာ
ခရိုအေးရှား - ဘူဂေးရီးယား
အောက်တိုဘာ ၁၃
ဘူဂေးရီးယား - အဇာဘိုင်ဂျန်
အီတလီ - နော်ဝေ
မော်တာ - ခရိုအေးရှား
အုပ်စု (I)
ခြေစစ်ပွဲ အောင်မြင်ရန် မျှော်လင့်ချက် ရှိနေသေးသော အသင်းများ
ပေါ်တူဂီ၊ ဒိန်းမတ်၊ အယ်ဘေးနီးယား
ခြေစစ်ပွဲ အောင်မြင်ရန် မျှော်လင့်ချက် မရှိတော့သော အသင်းများ
အာမေးနီးယား၊ ဆားဘီးယား
ပေါ်တူဂီက ဒိန်းမတ်နဲ့ ပွဲစဉ်မှာ သရေ၁မှတ် ရရုံနဲ့တင် ခြေစစ်ပွဲ အောင်မြင်မှာပါ။
ဒိန်းမတ်ကို ရှုံးနိမ့်ပြီး အယ်ဘေးနီးယားက ဆားဘီးယားကို အနိုင်ရရင်တောင် ပေါ်တူဂီက အုပ်စုနောက်ဆုံး ပွဲစဉ်မှာ ဆားဘီးယားကို အနိုင်ရရင် ခြေစစ်ပွဲ အောင်မြင်မှာပါ။
လက်ကျန် ၂ပွဲစလုံး ရှုံးနိမ့်မှ ပေါ်တူဂီ ခြေစစ်ပွဲအောင်မြင်ခွင့် လွဲချော်မှာပါ။
ဒိန်းမတ်က ပေါ်တူဂီကို အနိုင်မရဘဲ အယ်ဘေးနီးယားက ဆားဘီးယားကို အနိုင်ရခဲ့ရင် အယ်ဘေးနီးယား မျှော်လင့်ချက် ရှိမှာပါ။
ဘယ်ဘေးနီးယား ရှုံးနိမ့်ပြီး ဒိန်းမတ် အနိုင်ရရင်တော့ ဒိန်းမတ်က ခြေစစ်ပွဲ အောင်မြင်ပြီး အယ်ဘေးနီးယား အုပ်စုတတိယနေရာ ရရှိမှာပါ။
အုပ်စုနောက်ဆုံးပွဲစဉ်များ
အောက်တိုဘာ ၈
အယ်ဘေးနီးယား - ဆားဘီးယား
ပေါ်တူဂီ - ဒိန်းမတ်
အောက်တိုဘာ ၁၁
အာမေးနီးယား - အယ်ဘေးနီးယား
ဆားဘီးယား - ပေါ်တူဂီ
အကောင်းဆုံး အုပ်စု တတိယ အသင်း
အကောင်းဆုံး အုပ်စု တတိယ အသင်းက တိုက်ရိုက် ခြေစစ်ပွဲ အောင်မြင်မှာဖြစ်ပြီး လက်ရှိ အချိန်မှာတော့ ယူကရိန်းက အကောင်းဆုံး အုပ်စုတတိယအဖြစ် ရပ်တည်နေပါတယ်။
Writer_aung sann moe / Planet Myanmar

မှတ်ချက်များ