![]() |
| Head of the Mohammad Rasulallah Revolutionary guard base Hossein Hamedani attends a conference to mark the martyrs of terrorism in Tehran September 6, 2011. REUTERS/Morteza Nikoubazl |
ဗိုလ်ချုပ်ကြီး ဟူစိန် ဟာမေဒါနီဟာ အောက်တိုဘာ ၇ ရက်နေ့ နှောင်းပိုင်းက သေဆုံးတာလို့ ကြေညာချက်က ဆိုပါတယ်။
အီရန်ဟာ ဆီးရီးယား သမ္မတ ဘတ်ရှား အယ်လ် အာဆတ်ရဲ့ အဓိက ဒေသတွင်း မဟာမိတ်ပါ။
ဆီးရီးယားရဲ့ လေးနှစ်ကြာ ပြည်တွင်းစစ်အတွင်း စစ်ရေး၊ စီးပွားရေး အကူအညီတွေ ပေးခဲ့ပါတယ်။
အီရန်ဟာ ဆီးရီးယား နိုင်ငံအတွင်း စစ်တပ်တွေ ထားရှိမှုကို ငြင်းပယ်ပေမယ့် အကြမ်းဖက် အုပ်စုတွေကို တိုက်ရာမှာ အာဆတ်ရဲ့ တပ်တွေကို စစ်ရေး အကြံပေးဖို့ ကမ်းလှမ်းခဲ့တယ်လို့ ပြောပါတယ်။
ဗိုလ်ချုပ်ကြီး ဟာမေဒါနီဟာ ၁၉၈၀-၈၈ အီရန် အီရတ် စစ်ပွဲက စစ်ပြန်ပါ။ ၂၀၀၅ မှာ ထိပ်တန်းတပ်တွေရဲ့ ဒုစစ်ဦးစီးချုပ် ဖြစ်လာပါတယ်။
အီရန် လွှတ်တော်အမတ် အစ်မေးလ် ကိုစာရီက ဟာမေဒါနီဟာ အိုင်အဲ့စ် စစ်သွေးကြွတွေကို တိုက်ဖို့ ဆီးရီးယား စစ်တပ်နဲ့ လုပ်အားပေးတပ်ကြား ညှိနှိုင်းဆောင်ရွက်မှုကို ကူညီပေးခဲ့တယ်လို့ ပြောပါတယ်။
DVB

မှတ်ချက်များ