![]() |
| Iraqi forces found 365 ISIS bodies in Baiji graves |
အီရန် အစိုးရတပ် များသည် ရုပ်အလောင်း ၃၆၅ လောင်းကို မြုပ်နှံထားသော မြေပုံ ၁၉ ခုကို ဆာလာဟူဒင် ပြည်နယ်ရှိ ဘာဂျီမြို့တွင် အောက်တိုဘာ ၂၁ ရက်က ရှာဖွေတွေ့ရှိ ခဲ့ပြီး အဆိုပါ မြို့သည် ISIS စစ်သွေးကြွ များက ၂ဝ၁၄ ခုနှစ် နွေရာသီတွင် အစိုးရတပ်များ ထံမှ သိမ်းယူခဲ့ခြင်း ဖြစ်သည်။ ယင်းမြို့ကို အီရတ်လုံခြုံရေး တပ်ဖွဲ့များက အီရန် အစိုးရက ထောက်ပံ့ ပေးထားသည့် လက်နက်ကိုင် တပ်များ၏ အကူအညီဖြင့် သီတင်းပတ်ပေါင်း များစွာ ထိုးစစ်ဆင်နွှဲ ပြီးနောက် ပြန်လည် သိမ်းယူနိုင်ခဲ့ခြင်း ဖြစ်သည်။
အီရတ် အစိုးရတပ် များ၏ တိုက်ခိုက်မှုကြောင့် ISIS စစ်သွေးကြွ များမှာ နောက်ဆုံးတွင် မြို့ကိုစွန့်ခွာ၍ ထွက်ပြေးခဲ့သည်။ အီရတ်တပ် များသည် အဆိုပါ မြေပုံများကို အယ်အာဆရီ အရပ်တွင် တွေ့ရှိခဲ့ခြင်း ဖြစ်ပြီး မြေပုံများ အတွင်းရှိ ရုပ်အလောင်း များမှာ ISIS စစ်သွေးကြွ များ၏ ရုပ်အလောင်းများ ဖြစ်ကြောင်း၊ ယင်း ISIS စစ်သွေးကြွ များမှာ မည်သည့် အချိန်က သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း စသည့် အသေးစိတ် အချက်အလက် များကို စစ်ဘက်က အတိအကျ ထုတ်ဖော် ပြောကြားခဲ့ခြင်း မရှိဟု သိရသည်။
PyiChitThar

မှတ်ချက်များ