ဘယ္ေယာက်ာ္းကိုမွအားကိုးမွာမဟုတ္တဲ့ အာဂမိန္းကေလးေတြရဲ႕ လကၡဏာမ်ား

Zawgyiျဖင့္ဖတ္ရန္

စိတ္ဓာတ္ၾကံ့ခိုင္တဲ့ မိန္းကေလးေတြဆိုတာ ဘယ္ေတာ့မွ တစ္ေယာက္တည္းျဖစ္ေနမွာကို ေတြးျပီးေၾကာက္ေနတတ္တဲ့သူေတြ မဟုတ္ပါဘူး။ ကုိယ္နဲ႔အဆင္မေျပတဲ့သူနဲ႔ စိတ္ပင္ပန္းစြာ အခ်ိန္ကုန္ေနမယ့္အစား တစ္ေယာက္တည္းေအးေအးေဆးေဆး စိတ္ၾကိဳက္လြတ္လပ္ေနခ်င္တဲ့သူျဖစ္ပါတယ္။ ဒီလိုမိန္းကေလးေတြဟာ ဘယ္လိုလူပဲျဖစ္ျဖစ္ ဆိုျပီး တြဲလိုက္မယ့္သူေတြလံုးဝမဟုတ္သလို၊ တစ္သက္လံုး အပ်ိဳၾကီးျစဖ္သြားလည္း ေအးေဆးပါပဲ။ သူတုိ႔စိတ္ၾကိဳက္လူနဲ႔ မဆံုမခ်င္း Single အျဖစ္နဲ႔ပဲေနသြားမယ့္ အာဂမိန္းကေလးေတြရဲ႕ လကၡဏာေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

(၁) ေယာက်္ားေတြမရွိလည္း ျပီးျပည့္စံုတယ္

စိတ္ဓာတ္ၾကံ့ခိုင္ျပီး အစြမး္အစရွိတဲ့မိန္းကေလးေတြဆိုတာ ဘဝကို ေပ်ာ္ရႊင္စြာျဖတ္သန္းဖို႔၊ ျပီးျပည့္စံုတဲ့ဘဝကုိ ရရွိဖို႔အတြက္ ေဘးနားမွာရွိေနေပးမယ့္ ေယာက်ာ္းတစ္ေယာက္ကုိ မလိုအပ္ပါဘူး။ ဘာေၾကာင့္လဲဆိုေတာ့ တစ္ေယာက္တည္းလညး္ ေပ်ာ္ေပ်ာ္ရႊင္ရႊင္ျပီးျပည့္စံုစြာ ျဖတ္သန္းႏိုင္တယ္ဆိုတာ ကုိယ့္ကိုယ္ကို ေကာငး္ေကာငး္သိပါတယ္။ ဒီလုိမိန္းကေလးေတြဟာ သူတုိ႔ကို ေပ်ာ္ရႊင္ေစမယ့္ ေယာက်္ားေလး၊ သူတုိ႔ရဲ႕ျပသနာေတြကို ေျဖရွင္းေပးႏိုငမယ့္ ေယာက်္ားေလးမ်ိဳးကို တကူးတကလိုက္ရွာေနမယ့္သူေတြေတာ့မဟုတ္ပါဘူး။ သူ႔ဘဝထဲကုိ မဝင္လာတဲဲ့ေယာက်္ားကို အတင္းသြားခ်ဥ္းကပ္ဖုိ႔လညး္ စိတ္ကူးမရွိပါဘူး။

(၂) ဘာလိုခ်င္လဲေကာင္းေကာငး္သိတယ္

စိတ္ဓာတ္ၾကံ့ခိုင္တဲ့မိန္းကေလးေတြ၊ အရည္အခ်င္းရွိတဲ့မိန္းကေလးေတြဟာ အရမး္လိုက္ရခက္တယ္၊ လြယ္လြယ္ခ်ဥ္းကပ္လုိ႔မရဘူးလို႔ ေတာ္ေတာ္မ်ားမ်ားက ထင္တတ္ၾကပါတယ္။ ဒါေပမယ့္တကယ္ကေတာ့ သူတုိ႔ေတြဟာ သူတုိ႔အဆင့္အတန္းကို အင္မတန္ထိန္းတဲ့သူေတြျဖစ္တာေၾကာင့္ မာနၾကီးတယ္လို႔ထင္ရတာပါ။ ဒီလိုမိန္းကေလးေတြဟာ သူတုိ႔ဘယ္လိုလူမ်ိဳးကို လိုခ်င္တယ္၊ ဘယ္လိုရေအာင္ယူမလဲဆိုတာေကာင္းေကာငး္သိပါတယ္။ ေယာက်္ားတစ္ေယာက္ကုိ သူတို႔ဖက္က စျပီးခ်ဥ္းကပ္တယ္ဆိုရင္ေတာင္ အဲ့ဒီ့ေယာက်္ားဆီက ရစရာတစ္ခုခုကို ေမွ်ာ္ကိုးတာမ်ိဳး လံုးဝမဟုတ္ပါဘူး။

(၃) ကုိယ့္တန္ဖိုးကိုယ္သိတယ္

အရည္အခ်င္းရွိတဲ့မိန္းကေလးေတြဆိုတာ ကိုယ့္တန္ဖိုးကိုယ္ေကာငး္ေကာငး္သိတဲ့သူေတြပါ။ ဒါေၾကာင့္ပဲ သူတုိ႔ကို တကယ္ခ်စ္တဲ့၊ တကယ္တန္ဖိုးထားတဲ့သူေတြကုိပဲ လက္ခံဖို႔ ဆံုးျဖတ္ထားတဲ့သူေတြျဖစ္ပါတယ္။ သူမရဲ႕အရည္အခ်င္း၊ အစြမး္အစကို ေကာငး္မြန္စြာသိျပီး သူမသာတစ္စံုတစ္ေယာက္ရဲ႕ခ်စ္သူျဖစ္ခဲ့ရင္ ခ်စ္သူအတြက္ အေကာငး္ဆံုးေသာအရာေတြကို လုပ္ေပးႏိုင္မယ့္သူမ်ိဳးဆိုတာ သူ႔ကုိသူေကာငး္ေကာငး္သိပါတယ္။ ဒါေၾကာင့္သူမရဲ႕တန္ဖိုးကိုနားမလည္တဲ့သူမ်ိဳး၊ အေလးအနက္မထားတဲ့သူမ်ိဳး၊ ေပါ့ပ်က္ပ်က္သေဘာထားတဲ့သူမ်ိဳးကုိ လံုးဝ စိတ္ဝင္စားမွာမဟုတ္ပါဘူး။

(၄) Single ဘဝရဲ႕အႏွစ္သာရကိုသိဖူးသြားျပီ

လူေတြဟာ အၾကာၾကီး Single ဘဝနဲ႔ေနတဲ့ မိန္းကေလးေတြကို ေတြ႕တဲ့အခါမွာ သူ႔ကို ၾကိဳက္တဲ့သူမရွိလို႔၊ သူ႔မွာေရြးခ်ယ္ရမယ့္သူတစ္ေယာက္မွ မရွိလို႔လို႔ ထင္တတ္ၾကပါတယ္။ ဒါေပမယ့္ ဒါဟာလံုးဝမဟုတ္ပါဘူး။ အရည္အခ်င္းရွိတဲ့မိန္းကေလးေတြဟာ Single ဘဝမွာ အရမး္ကုိ ေပ်ာ္ရႊင္ၾကလို႔သာ  Single အျဖစ္နဲ႔ေနၾကတာျဖစ္ပါတယ္။ Single ျဖစ္လုိ႔ အထီးက်န္တာေတြ၊ ဝမး္နည္းတာေတြ၊ သူမ်ားအတြဲေတြကို အားက်တာမ်ိဳးျဖစ္ေနမယ့္လို႔ လံုးဝမထင္လိုက္ပါနဲ႔။ လိုခ်င္ရင္ လိုခ်င္တဲ့အခ်ိန္ ခ်က္ခ်င္းရတယ္၊ ဒါေပမယ့္ သူတို႔ကုိယ္တိုင္ Single ဘဝမွာ ေပ်ာ္ေနလို႔ Single အျဖစ္ေနေနတာျဖစ္ပါတယ္။

(၅) ေယာက်္ားေတြအေၾကာင္းေကာငး္ေကာငး္သိတယ္

Single ဘဝကို ေရြးခ်ယ္လုိက္တဲ့ မိန္းကေလးေတာ္ေတာ္မ်ားမ်ားဟာ ေယာက်ာ္းေလးေတြရဲ႕ အေၾကာင္းကုိ ေကာငး္ေကာငး္သိေနျပီးသားသူေတြျဖစ္ပါတယ္။ သူတုိ႔ဘဝမွာ မေကာင္းတဲ့ေယာက်ာ္းေတြေၾကာင့္ အၾကိမ္ၾကိမ္နာက်င္ခဲ့ရျပီးျပီမုိ႔ ေယာက်္ားေတြကုိ စိတ္ကုန္သြားတာျဖစ္ႏိုင္ပါတယ္။ ဒါေပမယ့္လည္း ဘယ္သူ႔ကိုမွ မခ်စ္ႏိုင္ေတာ့တာေတာ့မဟုတ္ပါဘူး။ ေယာက်္ားတိုင္းကို လြယ္လြယ္နဲ႔လက္မခံခ်င္ေတာ့တာသာ ျဖစ္ပါတယ္။

Em Em

Credit:Aunty May

Unicodeဖြင့်ဖတ်ရန်

ဘယ်ယောကျာ်းကိုမှအားကိုးမှာမဟုတ်တဲ့ အာဂမိန်းကလေးတွေရဲ့ လက္ခဏာများ

စိတ်ဓာတ်ကြံ့ခိုင်တဲ့ မိန်းကလေးတွေဆိုတာ ဘယ်တော့မှ တစ်ယောက်တည်းဖြစ်နေမှာကို တွေးပြီးကြောက်နေတတ်တဲ့သူတွေ မဟုတ်ပါဘူး။ ကိုယ်နဲ့အဆင်မပြေတဲ့သူနဲ့ စိတ်ပင်ပန်းစွာ အချိန်ကုန်နေမယ့်အစား တစ်ယောက်တည်းအေးအေးဆေးဆေး စိတ်ကြိုက်လွတ်လပ်နေချင်တဲ့သူဖြစ်ပါတယ်။ ဒီလိုမိန်းကလေးတွေဟာ ဘယ်လိုလူပဲဖြစ်ဖြစ် ဆိုပြီး တွဲလိုက်မယ့်သူတွေလုံးဝမဟုတ်သလို၊ တစ်သက်လုံး အပျိုကြီးစြဖ်သွားလည်း အေးဆေးပါပဲ။ သူတို့စိတ်ကြိုက်လူနဲ့ မဆုံမချင်း Single အဖြစ်နဲ့ပဲနေသွားမယ့် အာဂမိန်းကလေးတွေရဲ့ လက္ခဏာတွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) ယောကျ်ားတွေမရှိလည်း ပြီးပြည့်စုံတယ်

စိတ်ဓာတ်ကြံ့ခိုင်ပြီး အစွမ်းအစရှိတဲ့မိန်းကလေးတွေဆိုတာ ဘဝကို ပျော်ရွှင်စွာဖြတ်သန်းဖို့၊ ပြီးပြည့်စုံတဲ့ဘဝကို ရရှိဖို့အတွက် ဘေးနားမှာရှိနေပေးမယ့် ယောကျာ်းတစ်ယောက်ကို မလိုအပ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ တစ်ယောက်တည်းလည်း ပျော်ပျော်ရွှင်ရွှင်ပြီးပြည့်စုံစွာ ဖြတ်သန်းနိုင်တယ်ဆိုတာ ကိုယ့်ကိုယ်ကို ကောင်းကောင်းသိပါတယ်။ ဒီလိုမိန်းကလေးတွေဟာ သူတို့ကို ပျော်ရွှင်စေမယ့် ယောကျ်ားလေး၊ သူတို့ရဲ့ပြသနာတွေကို ဖြေရှင်းပေးနိုငမယ့် ယောကျ်ားလေးမျိုးကို တကူးတကလိုက်ရှာနေမယ့်သူတွေတော့မဟုတ်ပါဘူး။ သူ့ဘဝထဲကို မဝင်လာတဲ့ယောကျ်ားကို အတင်းသွားချဉ်းကပ်ဖို့လည်း စိတ်ကူးမရှိပါဘူး။

(၂) ဘာလိုချင်လဲကောင်းကောင်းသိတယ်

စိတ်ဓာတ်ကြံ့ခိုင်တဲ့မိန်းကလေးတွေ၊ အရည်အချင်းရှိတဲ့မိန်းကလေးတွေဟာ အရမ်းလိုက်ရခက်တယ်၊ လွယ်လွယ်ချဉ်းကပ်လို့မရဘူးလို့ တော်တော်များများက ထင်တတ်ကြပါတယ်။ ဒါပေမယ့်တကယ်ကတော့ သူတို့တွေဟာ သူတို့အဆင့်အတန်းကို အင်မတန်ထိန်းတဲ့သူတွေဖြစ်တာကြောင့် မာနကြီးတယ်လို့ထင်ရတာပါ။ ဒီလိုမိန်းကလေးတွေဟာ သူတို့ဘယ်လိုလူမျိုးကို လိုချင်တယ်၊ ဘယ်လိုရအောင်ယူမလဲဆိုတာကောင်းကောင်းသိပါတယ်။ ယောကျ်ားတစ်ယောက်ကို သူတို့ဖက်က စပြီးချဉ်းကပ်တယ်ဆိုရင်တောင် အဲ့ဒီ့ယောကျ်ားဆီက ရစရာတစ်ခုခုကို မျှော်ကိုးတာမျိုး လုံးဝမဟုတ်ပါဘူး။

(၃) ကိုယ့်တန်ဖိုးကိုယ်သိတယ်

အရည်အချင်းရှိတဲ့မိန်းကလေးတွေဆိုတာ ကိုယ့်တန်ဖိုးကိုယ်ကောင်းကောင်းသိတဲ့သူတွေပါ။ ဒါကြောင့်ပဲ သူတို့ကို တကယ်ချစ်တဲ့၊ တကယ်တန်ဖိုးထားတဲ့သူတွေကိုပဲ လက်ခံဖို့ ဆုံးဖြတ်ထားတဲ့သူတွေဖြစ်ပါတယ်။ သူမရဲ့အရည်အချင်း၊ အစွမ်းအစကို ကောင်းမွန်စွာသိပြီး သူမသာတစ်စုံတစ်ယောက်ရဲ့ချစ်သူဖြစ်ခဲ့ရင် ချစ်သူအတွက် အကောင်းဆုံးသောအရာတွေကို လုပ်ပေးနိုင်မယ့်သူမျိုးဆိုတာ သူ့ကိုသူကောင်းကောင်းသိပါတယ်။ ဒါကြောင့်သူမရဲ့တန်ဖိုးကိုနားမလည်တဲ့သူမျိုး၊ အလေးအနက်မထားတဲ့သူမျိုး၊ ပေါ့ပျက်ပျက်သဘောထားတဲ့သူမျိုးကို လုံးဝ စိတ်ဝင်စားမှာမဟုတ်ပါဘူး။

(၄) Single ဘဝရဲ့အနှစ်သာရကိုသိဖူးသွားပြီ

လူတွေဟာ အကြာကြီး Single ဘဝနဲ့နေတဲ့ မိန်းကလေးတွေကို တွေ့တဲ့အခါမှာ သူ့ကို ကြိုက်တဲ့သူမရှိလို့၊ သူ့မှာရွေးချယ်ရမယ့်သူတစ်ယောက်မှ မရှိလို့လို့ ထင်တတ်ကြပါတယ်။ ဒါပေမယ့် ဒါဟာလုံးဝမဟုတ်ပါဘူး။ အရည်အချင်းရှိတဲ့မိန်းကလေးတွေဟာ Single ဘဝမှာ အရမ်းကို ပျော်ရွှင်ကြလို့သာ  Single အဖြစ်နဲ့နေကြတာဖြစ်ပါတယ်။ Single ဖြစ်လို့ အထီးကျန်တာတွေ၊ ဝမ်းနည်းတာတွေ၊ သူများအတွဲတွေကို အားကျတာမျိုးဖြစ်နေမယ့်လို့ လုံးဝမထင်လိုက်ပါနဲ့။ လိုချင်ရင် လိုချင်တဲ့အချိန် ချက်ချင်းရတယ်၊ ဒါပေမယ့် သူတို့ကိုယ်တိုင် Single ဘဝမှာ ပျော်နေလို့ Single အဖြစ်နေနေတာဖြစ်ပါတယ်။

(၅) ယောကျ်ားတွေအကြောင်းကောင်းကောင်းသိတယ်

Single ဘဝကို ရွေးချယ်လိုက်တဲ့ မိန်းကလေးတော်တော်များများဟာ ယောကျာ်းလေးတွေရဲ့ အကြောင်းကို ကောင်းကောင်းသိနေပြီးသားသူတွေဖြစ်ပါတယ်။ သူတို့ဘဝမှာ မကောင်းတဲ့ယောကျာ်းတွေကြောင့် အကြိမ်ကြိမ်နာကျင်ခဲ့ရပြီးပြီမို့ ယောကျ်ားတွေကို စိတ်ကုန်သွားတာဖြစ်နိုင်ပါတယ်။ ဒါပေမယ့်လည်း ဘယ်သူ့ကိုမှ မချစ်နိုင်တော့တာတော့မဟုတ်ပါဘူး။ ယောကျ်ားတိုင်းကို လွယ်လွယ်နဲ့လက်မခံချင်တော့တာသာ ဖြစ်ပါတယ်။

Em Em

Credit:Aunty May

မှတ်ချက်များ