အိပ္ယာဝင္ေနာက္က်ျခင္းက ငယ္ငယ္႐ြယ္႐ြယ္နဲ႔ ေသဆုံးႏိုင္
Zawgyiျဖင့္ဖတ္ရန္
ပညာရွင္မ်ားရဲ႕ ေလ့လာစမ္းစစ္မႈအသစ္အရ ညအိမ္ယာဝင္ေနာက္က်တတ္သူမ်ား ငယ္ငယ္႐ြယ္႐ြယ္နဲ႔ ေသဆုံးႏိုင္ေၾကာင္း ေတြ႕ရွိထားသည္။ ပညာရွင္မ်ားက လူေပါင္း ၄၃၃,၆၂၈ ေယာက္ကို တစ္ဦးခ်င္းစီ ေျခာက္ႏွစ္ခြဲေက်ာ္ၾကာ ေလ့လာဆန္းစစ္မႈမ်ား ျပဳလုပ္ခဲ့ၿပီးေနာက္ အထက္ပါအတိုင္း ေတြ႕ရွိခဲ့ျခင္းျဖစ္သည္။ ထိုလူမ်ားထဲမွ ငါးေသာင္းေက်ာ္ဟာ အိပ္ယာဝင္ေနာက္က်ေလ့ရွိသူမ်ားျဖစ္ၿပီး သူတို႔ေတြမွာ ေသေစႏိုင္ေလာက္တဲ့ ေရာဂါလကၡဏာ ဒါမွမဟုတ္ စိတ္ပိုင္းဆိုင္ရာ ျပႆနာမ်ား တစ္ခုမဟုတ္တစ္ခု ရွိေနၾကာင္း ေတြ႕ရွိခဲ့ၾကသည္။
စိတ္ဖိစီးတာေတြ၊ ေလ့က်င့္ခန္း မလုပ္တာေတြ၊ အရက္ မူးယစ္ေဆးဝါး စြဲလန္းမႈေတြ ဒါမွ မဟုတ္ရင္ က်န္းမာေရးနဲ႔ မညီၫြတ္တဲ့ အျပဳအမူေတြ ျဖစ္ၾကတယ္လို႔ ပညာရွင္မ်ားအဖြဲရဲ႕ တြဲဖက္ဦးေဆာင္သူတစ္ဦးျဖစ္တဲ့ Kristin Knutson က ရွင္းျပခဲ့ပါတယ္။
အိပ္ယာေနာက္က်မွ ဝင္သူေတြက ေစာေစာအိပ္၊ ေစာေစာထ သူေတြထက္ ေသးဆုံးႏိုင္ေျခ ၁၀% ျမင့္တယ္လို႔ ေလ့လာဆန္းစစ္မႈမွာ ေတြ႕ရွိခဲ့ပါတယ္။ ဒါေၾကာင့္ ေန႔စဥ္ပုံမွန္ ေစာေစာအိပ္ယာဝင္ၿပီး နံနက္ပိုင္း ေစာေစာထၾကဖို႔ Kristin Knutson က အႀကံေပးထားပါတယ္။
Credit:popolay
Unicodeဖြင့်ဖတ်ရန်
အိပ်ယာဝင်နောက်ကျခြင်းက ငယ်ငယ်ရွယ်ရွယ်နဲ့ သေဆုံးနိုင်
ပညာရှင်များရဲ့ လေ့လာစမ်းစစ်မှုအသစ်အရ ညအိမ်ယာဝင်နောက်ကျတတ်သူများ ငယ်ငယ်ရွယ်ရွယ်နဲ့ သေဆုံးနိုင်ကြောင်း တွေ့ရှိထားသည်။ ပညာရှင်များက လူပေါင်း ၄၃၃,၆၂၈ ယောက်ကို တစ်ဦးချင်းစီ ခြောက်နှစ်ခွဲကျော်ကြာ လေ့လာဆန်းစစ်မှုများ ပြုလုပ်ခဲ့ပြီးနောက် အထက်ပါအတိုင်း တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ထိုလူများထဲမှ ငါးသောင်းကျော်ဟာ အိပ်ယာဝင်နောက်ကျလေ့ရှိသူများဖြစ်ပြီး သူတို့တွေမှာ သေစေနိုင်လောက်တဲ့ ရောဂါလက္ခဏာ ဒါမှမဟုတ် စိတ်ပိုင်းဆိုင်ရာ ပြဿနာများ တစ်ခုမဟုတ်တစ်ခု ရှိနေကြာင်း တွေ့ရှိခဲ့ကြသည်။
စိတ်ဖိစီးတာတွေ၊ လေ့ကျင့်ခန်း မလုပ်တာတွေ၊ အရက် မူးယစ်ဆေးဝါး စွဲလန်းမှုတွေ ဒါမှ မဟုတ်ရင် ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အပြုအမူတွေ ဖြစ်ကြတယ်လို့ ပညာရှင်များအဖွဲရဲ့ တွဲဖက်ဦးဆောင်သူတစ်ဦးဖြစ်တဲ့ Kristin Knutson က ရှင်းပြခဲ့ပါတယ်။
အိပ်ယာနောက်ကျမှ ဝင်သူတွေက စောစောအိပ်၊ စောစောထ သူတွေထက် သေးဆုံးနိုင်ခြေ ၁၀% မြင့်တယ်လို့ လေ့လာဆန်းစစ်မှုမှာ တွေ့ရှိခဲ့ပါတယ်။ ဒါကြောင့် နေ့စဉ်ပုံမှန် စောစောအိပ်ယာဝင်ပြီး နံနက်ပိုင်း စောစောထကြဖို့ Kristin Knutson က အကြံပေးထားပါတယ်။
Credit:popolay


မှတ်ချက်များ