Zawgyi ဖြင့်ဖတ်ရန်
Unicode ဖြင့်ဖတ်ရန်
ကလေးတွေ ကို ကျောင်းပို့တဲ့အခါ မိဘတွေ အထူးသတိထား ကြပါ ၊ ကလေးသူခိုး ဖမ်းမိတဲ့ ဖြစ်စဉ်
ဒီတခေါက် တင်ဆက်ပေးချင်တဲ့ သတင်းလေးကတော့ ကလေးမိဘတွေ သတိထားရမယ့် သတင်းလေးတစ်ပုဒ်ပါ။
ပခုက္ကူမြို့မှာ ဖြစ်ပွားခဲ့တဲ့ ကလေး ခိုးပြေးမှုတစ်ခုအကြောင်းဖြစ်ပြီး ၂ တန်းကျောင်းသူ ကလေးကို နေ့လည်ကျောင်းပြန်တက်ချိန်မှာ အတင်း ပွေ့ ချီပြီး ထွက်ပြေးတာပါတဲ့ အခုတော့ ကလေးသူခိုးကို ဖမ်းဆီးရမိထားပြီး အရေးယူဖို့ စီစဉ်ဆောင်ရွက်နေတယ်လို့ သိရပါတယ် ကလေးမိဘများသတိထားဖို့ ကလေးသူခိုးရဲ့ ပုံရိပ်တွေကို မျှဝေပေးလိုက်ပါတယ်။
ကလေးမိဘတွေအနေနဲ့လည်း မိမိ ကလေးကို ကျောင်းမှာ သူစိမ်းတွေက အတင်းခေါ်ယူဖို့ကြိုးစားရင် အော်ဟစ်အကူအညီတောင်းဖို့ သင်ကြားပေးထားသင့်ပါတယ် ကလေးမိဘများအတွက် သတိထားနိုင်ဖို့ ဒီသတင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်နော်။
share from: burmese.asia


မှတ်ချက်များ