ကာယသင္တန္းသူ ၁၆၀ ေက်ာ္ကို အဝွာလုပ္ခဲ့တဲ့ဆရာကို ေထာင္ဒဏ္ ၁၇၅ ႏွစ္ခ်
Zawgyi ျဖင့္ဖတ္ရန္
အေမရိကန္ျပည္ေထာင္စုမွာ အ႐ြယ္မေရာက္ေသးတဲ့ ကေလးငယ္ေတြ အပါအဝင္ အမ်ိဳးသမီး အားကစားသမား ၁၆၀ ေက်ာ္ကို လိင္မဖြယ္မရာျပဳမႈနဲ႔ ကိုယ္ကာယ ေလ့က်င့္ခန္းဆိုင္ရာ ဆရာဝန္ေဟာင္း လယ္ရီနက္ဆာကို ေထာင္ဒဏ္ ၁၇၅ ႏွစ္ ခ်မွတ္ခဲ့ပါတယ္။
အေမရိကန္ ကိုယ္ကာယအလွ အားကစားအသင္းရဲ႕ ဆရာဝန္ျဖစ္သူ လယ္ရီနက္ဆာကို မိန္းကေလးေတြအေပၚ လိင္မဖြယ္မရာျပဳမႈနဲ႔ ဇန္နဝါရီ ၂၄ ရက္က မီခ်ီဂန္ျပည္နယ္ တရား႐ုံးက ေထာင္ဒဏ္ ၁၇၅ ႏွစ္ ခ်မွတ္ခဲ့တာျဖစ္ပါတယ္။
“၁၇၅ ႏွစ္ဆိုတာ မွန္ကန္တယ္လို႔ ထင္ပါသလား။ သိပ္မွန္တာေပါ့။ တရားသူႀကီး အကြီလီနာကို က်မတို႔အားလုံးအတြက္ ျပသခဲ့တဲ့ သူ႔ရဲ႕ေခါင္းေဆာင္မႈအတြက္ က်မ အလြန္ေက်းဇူးတင္ပါတယ္” လို႔ ဆရာဝန္ နက္ဆာရဲ႕ လိင္မဖြယ္မရာ အျပဳခံခဲ့ရသူတဦးျဖစ္တဲ့ ေရခ်ယ္ဒန္ေဟာ္လန္ဒါက ေျပာပါတယ္။
နက္ဆာရဲ႕ လိင္မဖြယ္မရာ အျပဳခံခဲ့ရသူ မိန္းကေလးတဦးရဲ႕ မိခင္ လီဆာေလာရင့္ခ်္က “ေျပာမျပတတ္ေလာက္ေအာက္ပါပဲ။ က်မသမီးက တကယ္ထြားလာၿပီး အ႐ြယ္ေရာက္ေနၿပီ။ ဒီျဖစ္ခဲ့တဲ့ကိစၥက တကယ့္ကို ရင္နာစရာပါ။ အခုအခ်ိန္မွာ က်မစိတ္ထဲမွာ သမီး အားကစားၿပိဳင္ပြဲ ဝင္ခဲ့တဲ့အခ်ိန္ကို ျပန္ေရာက္သြားပါတယ္။ တကယ့္ကို ေကာင္းမြန္ပါတယ္။ က်မ အလြန္ဂုဏ္ယူခဲ့ရပါတယ္။ ေနာက္ၿပီး အခု သမီး ပညာသင္ဆုရတဲ့ အခ်ိန္ကာလတုန္းကလည္း အလြန္ဝမ္းသာခဲ့ရပါတယ္။ ဒီကိစၥေတြက က်မသမီးအတြက္ ဘာနဲ႔မွ ႏႈိင္းယွဥ္လို႔မရေအာင္ ဂုဏ္ယူခဲ့ရတဲ့ ကိစၥေတြပါ။ သမီးက က်မထက္ အမ်ားႀကီး ႀကံ့ခိုင္သန္းစြမ္းပါတယ္” လို႔ ေျပာပါတယ္။
လိင္မဖြယ္မရာျပဳက်င့္ခံခဲ့ရသူ ေကလီေလာ့ရင့္ခ်္ကလည္း “တကယ္ပါပဲ။ က်မကေတာ့ တရားသူႀကီး အကြီလီနာကို ေက်းဇူးတင္ပါတယ္။ သူ႔ရဲ႕အလုပ္အကုန္လုံးကို ဒီကိစၥမွာ ႏွစ္ျမႇဳပ္ထားတာပါ။ တဖြဲ႕လုံးက ဒီကိစၥမွာ ႏွစ္ျမႇဳပ္လုပ္ကိုင္ခဲ့ၾကတာပါ။ ေလာေလာဆယ္ ေျပာစရာ စကားလုံး နည္းနည္းေပ်ာက္ေနပါတယ္။ က်မ တေန႔လုံးငိုေနေပမယ့္ အလြန္ေပ်ာ္ပါတယ္” လို႔ ဆိုပါတယ္။
“ဘာေတြပဲျဖစ္ခဲ့ျဖစ္ခဲ့ ဒီေန႔ဟာ ရာဇဝတ္မႈနဲ႔ဆိုင္တဲ့ တရားမွ်တမႈစနစ္ဟာ အလုပ္လုပ္ေနဆဲ ဆိုတာကို လူတိုင္းလူတိုင္း ယုံၾကည္သြားေစတဲ့ေန႔ပါ။ ဒီလိုေန႔မ်ိဳးေၾကာင့္ လူေတြဘဝ ေရွ႕ဆက္တိုးတက္သြားမယ္လို႔ ေမွ်ာ္လင့္ပါတယ္။ ဒါ အေရးႀကီးတဲ့ သတင္းစကားပါ” လို႔ မီခ်ီဂန္ျပည္နယ္တကၠသိုလ္ရဲ႕ ရဲခ်ဳပ္ ဂ်င္ဒန္းလပ္က ေျပာပါတယ္။
လိင္မဖြယ္မရာျပဳခံခဲ့ရသူ ကားလ္စတီဗင္က “သူကေတာ့ အေဝးႀကီးမွာ အခ်ိန္အၾကာႀကီး သြားရေတာ့မွာပါ။ သူ ေဆးကုလို႔လည္း မရေတာ့ပါဘူး။ ေနာက္ထပ္ ဘယ္သူ႔ကိုမွ သူ လိမ္ညာလို႔ မရေတာ့ပါဘူး။ ဒီမိန္းကေလးငယ္ေလးေတြအားလုံး ႀကံ့ခိုင္သန္စြမ္းတဲ့ လူႀကီး ျဖစ္လာတာဟာ ဒီဆရာဝန္ရဲ႕ဘဝကို တကယ့္ကိုု တုန္လႈပ္ေခ်ာက္ခ်ားေစခဲ့တာပါ” လို႔ ေျပာပါတယ္။
share from: xyznews
Unicode ဖြင့်ဖတ်ရန်
ကာယသင်တန်းသူ ၁၆၀ ကျော်ကို အဝှာလုပ်ခဲ့တဲ့ဆရာကို ထောင်ဒဏ် ၁၇၅ နှစ်ချ
အမေရိကန်ပြည်ထောင်စုမှာ အရွယ်မရောက်သေးတဲ့ ကလေးငယ်တွေ အပါအဝင် အမျိုးသမီး အားကစားသမား ၁၆၀ ကျော်ကို လိင်မဖွယ်မရာပြုမှုနဲ့ ကိုယ်ကာယ လေ့ကျင့်ခန်းဆိုင်ရာ ဆရာဝန်ဟောင်း လယ်ရီနက်ဆာကို ထောင်ဒဏ် ၁၇၅ နှစ် ချမှတ်ခဲ့ပါတယ်။
အမေရိကန် ကိုယ်ကာယအလှ အားကစားအသင်းရဲ့ ဆရာဝန်ဖြစ်သူ လယ်ရီနက်ဆာကို မိန်းကလေးတွေအပေါ် လိင်မဖွယ်မရာပြုမှုနဲ့ ဇန်နဝါရီ ၂၄ ရက်က မီချီဂန်ပြည်နယ် တရားရုံးက ထောင်ဒဏ် ၁၇၅ နှစ် ချမှတ်ခဲ့တာဖြစ်ပါတယ်။
“၁၇၅ နှစ်ဆိုတာ မှန်ကန်တယ်လို့ ထင်ပါသလား။ သိပ်မှန်တာပေါ့။ တရားသူကြီး အကွီလီနာကို ကျမတို့အားလုံးအတွက် ပြသခဲ့တဲ့ သူ့ရဲ့ခေါင်းဆောင်မှုအတွက် ကျမ အလွန်ကျေးဇူးတင်ပါတယ်” လို့ ဆရာဝန် နက်ဆာရဲ့ လိင်မဖွယ်မရာ အပြုခံခဲ့ရသူတဦးဖြစ်တဲ့ ရေချယ်ဒန်ဟော်လန်ဒါက ပြောပါတယ်။
နက်ဆာရဲ့ လိင်မဖွယ်မရာ အပြုခံခဲ့ရသူ မိန်းကလေးတဦးရဲ့ မိခင် လီဆာလောရင့်ချ်က “ပြောမပြတတ်လောက်အောက်ပါပဲ။ ကျမသမီးက တကယ်ထွားလာပြီး အရွယ်ရောက်နေပြီ။ ဒီဖြစ်ခဲ့တဲ့ကိစ္စက တကယ့်ကို ရင်နာစရာပါ။ အခုအချိန်မှာ ကျမစိတ်ထဲမှာ သမီး အားကစားပြိုင်ပွဲ ဝင်ခဲ့တဲ့အချိန်ကို ပြန်ရောက်သွားပါတယ်။ တကယ့်ကို ကောင်းမွန်ပါတယ်။ ကျမ အလွန်ဂုဏ်ယူခဲ့ရပါတယ်။ နောက်ပြီး အခု သမီး ပညာသင်ဆုရတဲ့ အချိန်ကာလတုန်းကလည်း အလွန်ဝမ်းသာခဲ့ရပါတယ်။ ဒီကိစ္စတွေက ကျမသမီးအတွက် ဘာနဲ့မှ နှိုင်းယှဉ်လို့မရအောင် ဂုဏ်ယူခဲ့ရတဲ့ ကိစ္စတွေပါ။ သမီးက ကျမထက် အများကြီး ကြံ့ခိုင်သန်းစွမ်းပါတယ်” လို့ ပြောပါတယ်။
လိင်မဖွယ်မရာပြုကျင့်ခံခဲ့ရသူ ကေလီလော့ရင့်ချ်ကလည်း “တကယ်ပါပဲ။ ကျမကတော့ တရားသူကြီး အကွီလီနာကို ကျေးဇူးတင်ပါတယ်။ သူ့ရဲ့အလုပ်အကုန်လုံးကို ဒီကိစ္စမှာ နှစ်မြှုပ်ထားတာပါ။ တဖွဲ့လုံးက ဒီကိစ္စမှာ နှစ်မြှုပ်လုပ်ကိုင်ခဲ့ကြတာပါ။ လောလောဆယ် ပြောစရာ စကားလုံး နည်းနည်းပျောက်နေပါတယ်။ ကျမ တနေ့လုံးငိုနေပေမယ့် အလွန်ပျော်ပါတယ်” လို့ ဆိုပါတယ်။
“ဘာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့ ဒီနေ့ဟာ ရာဇဝတ်မှုနဲ့ဆိုင်တဲ့ တရားမျှတမှုစနစ်ဟာ အလုပ်လုပ်နေဆဲ ဆိုတာကို လူတိုင်းလူတိုင်း ယုံကြည်သွားစေတဲ့နေ့ပါ။ ဒီလိုနေ့မျိုးကြောင့် လူတွေဘဝ ရှေ့ဆက်တိုးတက်သွားမယ်လို့ မျှော်လင့်ပါတယ်။ ဒါ အရေးကြီးတဲ့ သတင်းစကားပါ” လို့ မီချီဂန်ပြည်နယ်တက္ကသိုလ်ရဲ့ ရဲချုပ် ဂျင်ဒန်းလပ်က ပြောပါတယ်။
လိင်မဖွယ်မရာပြုခံခဲ့ရသူ ကားလ်စတီဗင်က “သူကတော့ အဝေးကြီးမှာ အချိန်အကြာကြီး သွားရတော့မှာပါ။ သူ ဆေးကုလို့လည်း မရတော့ပါဘူး။ နောက်ထပ် ဘယ်သူ့ကိုမှ သူ လိမ်ညာလို့ မရတော့ပါဘူး။ ဒီမိန်းကလေးငယ်လေးတွေအားလုံး ကြံ့ခိုင်သန်စွမ်းတဲ့ လူကြီး ဖြစ်လာတာဟာ ဒီဆရာဝန်ရဲ့ဘဝကို တကယ့်ကို တုန်လှုပ်ချောက်ချားစေခဲ့တာပါ” လို့ ပြောပါတယ်။
share from: xyznews
မှတ်ချက်များ