Zawgyiဖြင့်ဖတ်ရန်
Ref: Khine Thin Kyi's FB
Leo
Credit:momolay
Unicodeဖြင့်ဖတ်ရန်
သမီးလေးဖြစ်သူ (၁၇) နှစ်ပြည့်မွေးနေ့အတွက် အစောဆုံးမွေးနေ့ပွဲကျင်းပဆုတောင်းပေးခဲ့တဲ့ ခိုင်သင်းကြည်
ခိုင်သင်းကြည်ကတော့ ဝါရင့်သရုပ်ဆောင်တစ်ဦးဖြစ်ပြီး ပရိသတ်အထူးအားပေးလက်ခံ ချစ်ခင်ကြတဲ့ အနုပညာရှင်တစ်ဦးပါ။ ခိုင်သင်းကြည်ဟာ အနုပညာအလုပ်မှာ ဝါသနာပါပြီး တစိုက်မတ်မတ်ကြိုးစားအားထုတ်မှုကြောင့် ပရိသတ်အခိုင်မာရရှိထားသူလည်းဖြစ်ပါတယ်။ ကျရာဇာတ်ရုပ် ကိုပီပြင်အောင် သရုပ်ဆောင်နိုင်မှုတွေကြောင့် ပရိသတ်တွေရဲ့ ရင်ထဲမှာ အမြဲရှိနေတဲ့ မင်းသမီးတစ်ဦးလည်းဖြစ်ပါတယ်။
ပရိသတ်တွေက မခိုင်လေးလို့ ချစ်စနိုးနဲ့ ခေါ်ကြတဲ့ ခိုင်သင်းကြည်ဟာသမီးလေးဖြစ်သူ ထိပ်ထိပ်လေး ရဲ့ နိုဝင်ဘာ ၂၆ ရက်နေ့မှ ကျရောက်တဲ့ ၁၇ နှစ်ပြည့်မွေးနေ့ကို ည၁၂ ထိုးတာ နဲ့ မွေးနေ့ကိတ်နဲ့ ဆုတောင်းပေးခဲ့တာလည်းဖြစ်ပါတယ်။
'Happy Birthday မေမေ့ချစ်ဆုံးလေး ၁၇ နှစ်ပြည့်မွေးနေ့မှာပျော်ရွှင်ပါစေ, ကျန်းမာပါစေ ချစ်တဲ့ဖေဖေနဲ့မေမေတို့နဲ့ ဘဝတစ်လျှောက်လုံး အတူထာဝရနေနိုင်ပါစေ, မိဘအားကိုးရတဲ့သမီးလေး, အကျင့်သီလပြည့်စုံပြီးလိမ္မာရေးခြားရှိတဲ့ သမီးလေးဖြစ်ပါစေ' ဆိုပြီး မွေးနေ့ဆုတောင်းပေးခဲ့တာလည်းဖြစ်ပါတယ်။
ခိုင်သင်းကြည်ဟာလည်း ပရိသတ်တွေလေးစားအားကျရတဲ့ မိသားစုဘဝကို ပိုင်ဆိုင်ထားသူဖြစ်ပြီး ချစ်စရာကောင်းတဲ့ သူ့သမီးလေးကလည်း မအေတူလေးမို့ အနုပညာကို ချစ်မြတ်နိုးပြီး အနုပညာလှုပ်ရှားမှုတွေလုပ်ကိုင်နေလျက်ရှိပါတယ်။
မခိုင်လေးဟာလည်း အနုပညာလှုပ်ရှားမှုတွေကို တစိုက်မတ်မတ်လုပ်ကိုင်မှုတွေကြောင့် ခုချိန်ထိ အခြားအနုပညာရှင်တွေနဲ့ ယှဉ်ပြီး ဝါရင့်အနုပညာရှင်တစ်ယောက်အဖြစ်ကျော်ကြားနေတာလည်းဖြစ်ပါတယ်။
မိုမိုလေးပရိသတ်တွေရော ထိပ်ထိပ်လေးမွေးနေ့အတွက် ဆုတောင်းပေးလိုက်ကြပါအုံးနော်။ ချစ်ရင် Like and Share လုပ်ပြီးအားပေးသွားကြပါအုံးနော်။ အဆုံးထိဖတ်ရှုပေးတဲ့ အတွက် မိုမိုလေးမှ ကျေးဇူးတင်ရှိပါတယ်။
Ref: Khine Thin Kyi's FB
Leo
Credit:momolay


မှတ်ချက်များ