ယုံယုံကြည်ကြည် ရွတ်ပါ တကယ့်ကိုအကျိုးထူးမဲ့ ဂါထာတော်
Zawgyiဖြင့်ဖတ်ရန်
Unicodeဖြင့်ဖတ်ရန်
ယုံကြည်ကြည် ရွတ်ပါ တကယ့်ကိုအကျိုးထူးမဲ့ ဂါထာတော်
ဈေးရောင်းမကောင်းခြင်း အလိုလိုနေရင်းလုပ်ငန်းများ အဆင်မပြေခြင်း အတိုက်အခိုက်များရှိခြင်းအတွက် ပြုလုပ်သင့်ပါတယ်။
မိမိမွေးနေ့မှစပါ။ ဆိုင်/အလုပ်ရုံးခန်းရှိ ဘုရားကျောင်းဆောင်တွင် အဖြူရောင်ပန်းများ ဝေနေအောင် ပူဇော်ပါ။ အမွှေးတိုင် အလင်းတိုင်များ ပူဇော်ပါ။
ဂါထာတော်ကို ၂၇ ခေါက် တိတိ ရွတ်ဖတ် ပူဇော်ပါ။ ရွတ်ဖတ်လျင် စိတ်ကို ဂါထာတွင်သာ အာရုံ စူးစိုက် ရွတ်ပါ။ ရွတ်ဖတ်ပြီးလျင် ဆိုင်စောင့်နတ် မြို့စောင့်နတ် လမ်းစောင့်နတ်များအား မေတ္တာပို့ အမျှဝေပါ။
ညနေပိုင်းတွင် ခွေး ကြောင် ငှက် စသော တိရစ္ဆာန်လေးများကို အစာကျွေးပါ။ တနင်္ဂနွေနေ့ ညနေတိုင်း ဘုရားတစ်ဆူမှာ တံမြက်စည်း လှည်းပါ။
ဤနည်းအားဖြင့် ပိတ်နေသော ကံများ ပွင့်လာ၍ အခက်အခဲများ တစ်စတစ်စ ပြေလျော့ လာပါလိမ့်မည်။ အရပ် လေးမျက်နှာမှ ရစရာ ရှိသော ငွေများ ပြန်ဝင် လာပါလိမ့်မည်။
Credit : ဗေဒင်မေးကြမယf
မှတ်ချက်များ