Zawgyiျဖင့္ဖတ္ရန္
လူတိုင္းနီးပါး လက္ေခ်ာင္း သို႔မဟုတ္ရင္ တျခားခႏၶာကိုယ္ အစိတ္အပိုင္းတစ္ေနရာရာမွာ ဆူးစူးခံရဖူးၾကမွာပါ။
သို႔ေပမယ့္ အေရျပားထဲ ထိုးဝင္သြားတဲ့ ဆူးကို ျပန္ထုတ္ဖို႔ ေကာင္းမြန္ထိေရာက္တဲ့ နည္းတစ္ခုရိွပါတယ္။ အဲဒီအတြက္ အဝပိုက်ယ္တဲ့ ပုလင္းနဲ႔ ေရေႏြးသာ လုိအပ္ပါတယ္။
ပုလင္းထဲ ေရေႏြးအျပည့္ျဖည့္ပါ။ ပုလင္းအဝကို ဆူးဆိုက္ဝင္တဲ့ ေနရာနဲ႔ တည့္တည့္ထားၿပီး ဖိကပ္လိုက္ပါ။ ဆူးရိွတဲ့ေနရာကို ပုလင္းဝ အလယ္တည့္တည့္ေရာက္ေအာင္ သတိထားေပးရပါမယ္။ အဲဒီလိုနဲ႔ ေလဟာနယ္ေလးျဖစ္လာျပီး အေရျပားကို အနည္းငယ္ စုပ္ယူပါလိမ့္မယ္။ သင့္အေရျပား စုပ္ယူခံရတာအခ်ိန္မွာ နာက်င္မႈမရိွဘဲ ဆူးက ထြက္သြားမွာျဖစ္တယ္။
ဒီနည္း က်င့္သုံးမယ္ဆိုရင္ အပ္ေတြဘာေတြ သုံးစရာမလိုဘဲ ဆူးကိုလည္း ကုိယ္တိုင္ႏုတ္ယူႏုိင္မွာျဖစ္ပါတယ္။
Credit:Trend Myanmar
Unicodeဖြင့်ဖတ်ရန်
နာကျင်မှု လုံးဝမရှိတဲ့ ဆူးနှုတ်ယူနည်း
လူတိုင်းနီးပါး လက်ချောင်း သို့မဟုတ်ရင် တခြားခန္ဓာကိုယ် အစိတ်အပိုင်းတစ်နေရာရာမှာ ဆူးစူးခံရဖူးကြမှာပါ။
သို့ပေမယ့် အရေပြားထဲ ထိုးဝင်သွားတဲ့ ဆူးကို ပြန်ထုတ်ဖို့ ကောင်းမွန်ထိရောက်တဲ့ နည်းတစ်ခုရှိပါတယ်။ အဲဒီအတွက် အဝပိုကျယ်တဲ့ ပုလင်းနဲ့ ရေနွေးသာ လိုအပ်ပါတယ်။
ပုလင်းထဲ ရေနွေးအပြည့်ဖြည့်ပါ။ ပုလင်းအဝကို ဆူးဆိုက်ဝင်တဲ့ နေရာနဲ့ တည့်တည့်ထားပြီး ဖိကပ်လိုက်ပါ။ ဆူးရှိတဲ့နေရာကို ပုလင်းဝ အလယ်တည့်တည့်ရောက်အောင် သတိထားပေးရပါမယ်။ အဲဒီလိုနဲ့ လေဟာနယ်လေးဖြစ်လာပြီး အရေပြားကို အနည်းငယ် စုပ်ယူပါလိမ့်မယ်။ သင့်အရေပြား စုပ်ယူခံရတာအချိန်မှာ နာကျင်မှုမရှိဘဲ ဆူးက ထွက်သွားမှာဖြစ်တယ်။
ဒီနည်း ကျင့်သုံးမယ်ဆိုရင် အပ်တွေဘာတွေ သုံးစရာမလိုဘဲ ဆူးကိုလည်း ကိုယ်တိုင်နုတ်ယူနိုင်မှာဖြစ်ပါတယ်။
Credit:Trend Myanmar


မှတ်ချက်များ