ေၾကာင္ခ်စ္တဲ့ မိန္းကေလးေတြဟာ ပိုျပီးက်န္းမာေရးေကာင္းေၾကာင္း ေလ့လာေတြ႔႐ွိ
Zawgyiျဖင့္ဖတ္ရန္
တကယ္လို႔ ဒီစာကိုဖတ္ေနသူဟာ ေၾကာင္ခ်စ္သူတစ္ေယာက္ဆို ဂုဏ္ယူဝမ္းသာလုိက္ပါေတာ့။
ေၾကာင္ေလးေတြကို ေမြးျမဴထားျခင္းက သင့္က်န္းမာေရးကို တကယ္္ေကာင္းမြန္ေစသတဲ့။
Psychological Medicine မွ ေလ့လာခ်က္အရ ေၾကာင္ေလးေတြမွာ လူေတြရဲ႕က်န္းမာေရးကို
ပုိမိုေကာင္းမြန္ေစတဲ့ အက်ဳိးေက်းဇူးေတြကို ပုိင္ဆိုင္ထားတယ္လုိ႔ သိရပါတယ္။ေၾကာင္ေပါက္ေလး ၃ -၄ ေကာင္နဲ႔ပဲ အတူတူေန႐ံုနဲ႔ ႏွလံုးေသြးေၾကာက်ဥ္း ေရာဂါကို
အမွန္တကယ္ ေလ်ာ့က်ေစသတဲ့ ။
ေၾကာင္ေလးကို ေပြ႔ဖက္ထားမယ္ဆုိရင္ စိတ္ပူပန္ ေသာကေရာက္မႈေတြကို သက္သာေစပါတယ္။
ဒါ့အျပင္ ေၾကာင္ေလးေတြရဲ႕ခ်စ္စရာ အျပဳမူ ၊ ေအာ္သံေလးေတြက oxytocin ကို ေလ်ာ့နည္းေစျပီး
စိတ္ဖိစီးမႈေပ်ာက္ကာ ေဟာ္မုန္းဓာတ္ကို ညွိေပးပါတယ္။
မိမိေမြးထားတဲ့ ေၾကာင္ေလးက ဝတုတ္တုတ္္ေလးဆိုရင္ ဖက္အိပ္လို႔ေကာင္းသလိုသူေလး ဝျဖိဳးေနတဲ့အတြက္ အလိုလိုေနရင္း သူ႔ကိုၾကည့္ေနရတာကိုက စိတ္ခ်မ္းသာစရာေကာင္းရပါတယ္။ ကဲ.. ေၾကာင္ခ်စ္သူေလးေတြအတြက္ ဝမ္းသာစရာ က်န္းမာေရးအသိေလးပါပဲေနာ္။
Credit:Trend Myanmar
Unicodeဖြင့်ဖတ်ရန်
ကြောင်ချစ်တဲ့ မိန်းကလေးတွေဟာ ပိုပြီးကျန်းမာရေးကောင်းကြောင်း လေ့လာတွေ့ရှိ
တကယ်လို့ ဒီစာကိုဖတ်နေသူဟာ ကြောင်ချစ်သူတစ်ယောက်ဆို ဂုဏ်ယူဝမ်းသာလိုက်ပါတော့။
ကြောင်လေးတွေကို မွေးမြူထားခြင်းက သင့်ကျန်းမာရေးကို တကယ်ကောင်းမွန်စေသတဲ့။
Psychological Medicine မှ လေ့လာချက်အရ ကြောင်လေးတွေမှာ လူတွေရဲ့ကျန်းမာရေးကို
ပိုမိုကောင်းမွန်စေတဲ့ အကျိုးကျေးဇူးတွေကို ပိုင်ဆိုင်ထားတယ်လို့ သိရပါတယ်။ကြောင်ပေါက်လေး ၃ -၄ ကောင်နဲ့ပဲ အတူတူနေရုံနဲ့ နှလုံးသွေးကြောကျဉ်း ရောဂါကို
အမှန်တကယ် လျော့ကျစေသတဲ့ ။
ကြောင်လေးကို ပွေ့ဖက်ထားမယ်ဆိုရင် စိတ်ပူပန် သောကရောက်မှုတွေကို သက်သာစေပါတယ်။
ဒါ့အပြင် ကြောင်လေးတွေရဲ့ချစ်စရာ အပြုမူ ၊ အော်သံလေးတွေက oxytocin ကို လျော့နည်းစေပြီး
စိတ်ဖိစီးမှုပျောက်ကာ ဟော်မုန်းဓာတ်ကို ညှိပေးပါတယ်။
မိမိမွေးထားတဲ့ ကြောင်လေးက ဝတုတ်တုတ်လေးဆိုရင် ဖက်အိပ်လို့ကောင်းသလိုသူလေး ဝဖြိုးနေတဲ့အတွက် အလိုလိုနေရင်း သူ့ကိုကြည့်နေရတာကိုက စိတ်ချမ်းသာစရာကောင်းရပါတယ်။ ကဲ.. ကြောင်ချစ်သူလေးတွေအတွက် ဝမ်းသာစရာ ကျန်းမာရေးအသိလေးပါပဲနော်။
Credit:Trend Myanmar


မှတ်ချက်များ