Zawgyiျဖင့္ဖတ္ရန္
အက္စတာကေတာ့ ပရိသတ္ေတြအားေပးမွု အျမင့္ဆုံးလို့ဆိုရမယ့္ အစီအစဥ္တစ္ခုျဖစ္တဲ့ ျမန္မာအိုင္ေဒါသီခ်င္းဆိုၿပိဳင္ပြဲရဲ့ ဆန္ကာတင္(၁၁)ေယာက္စာရင္းဝင္တစ္ေယာက္ျဖစ္ပါတယ္။ အသံပါဝါအားေကာင္းၿပီး သီခ်င္းေတြကိုေကာင္းေကာင္းသီဆိုနိုင္တာေၾကာင့္ အသံစစ္ေဆးမွုျပဳလုပ္စဥ္ကတည္းက ပရိသတ္ရဲ့အားေပးဝန္းရံမွုကို အျပည့္အဝရခဲ့သူတစ္ေယာက္လို့ဆိုရမွာပါ။ အဲ့ဒီအခ်ိန္ကတည္းက ဒုတိယဆုန္သင္းပါရ္လို့ တင္စားေခၚေဝၚၾကတဲ့အထိ ပရိသတ္ႏွစ္ၿခိဳက္အားေပးမွုကို အျပည့္အဝရခဲ့သူတစ္ေယာက္ဆိုရင္လည္း မမွားပါဘူး။
လက္ရွိအခ်ိန္ထိၿပိဳင္ပြဲဝင္လာစဥ္တေလၽွာက္မွာ ပထမဆုံးအပတ္စိတ္ႀကိဳက္သီခ်င္းမ်ား သီဆိုယွဥ္ၿပိဳင္မွုအပတ္မွာထဲက Voting result အမ်ားဆုံးနဲ႔ save ျဖစ္ခဲ့တာျဖစ္ၿပီး ဒုတိယအပတ္နဲ႔တတိယအပတ္ယွဥ္ၿပိဳင္မွုမွာလည္း လြတ္လြတ္ကၽြတ္ကၽြတ္ save လုပ္ျခင္းခံခဲ့ရသူတစ္ေယာက္ျဖစ္ပါတယ္။ ဒါေပမယ့္ ေလးပတ္ေျမာက္ Country သီခ်င္းအပတ္မွာေတာ့ အက္စတာနည္းတူ ပရိသတ္အားေပးမွုအျပည့္အဝရရွိထားတဲ့ ေအးျမျဖဴနဲ႔အတူတူ Bottom သုံးခုံမွာထိုင္ခဲ့ရတာေၾကာင့္ ပရိသတ္ေတြအံ့အားသင့္ခဲ့ရတာလည္းျဖစ္ပါတယ္။ ျမန္မာအိုင္ေဒါရဲ့နည္းစနစ္အရ Voting result ကသာအဓိကျဖစ္တာေၾကာင့္ ပရိသတ္ၾကားပြဲဆူေစခဲ့တဲ့ အပတ္ျဖစ္ခဲ့တာဆိုရင္လည္း မမွားပါဘူး။
ဒါေပမယ့္ အက္စတာရဲ့အရည္အခ်င္းကို လက္ခံယုံၾကည္ထားတဲ့ ပရိသတ္ႀကီးကေတာ့ အေကာင္းဆုံးရလဒ္ေတြပဲျဖစ္လာဖို့ ေမၽွာ္လင့္ေနၾကတာျဖစ္ပါတယ္။ ဒါ့အျပင္ အက္စတာရဲ့ငယ္ဘဝက ပုံရိပ္တစ္ခုျဖစ္တဲ့ ေနျပည္ေတာ္(၁၆)ႀကိမ္ေျမာက္ ဆို၊က၊ေရး၊တီး ၿပိဳင္ပြဲမွာ ဗဟိုအဆင့္ပထမဆုရရွိဖူးတဲ့ ပုံရိပ္ေလးတစ္ခုကို မၽွေဝခဲ့ခ်ိန္မွာေတာ့ အက္စတာရဲ့အမာခံပရိသတ္ေတြကို အံ့အားသင့္ေစခဲ့တာျဖစ္ၿပီး ေရွ႕ေလၽွာက္ပိုၿပီးအားေပးဖို့ တစ္တပ္တစ္အားျဖစ္ေစခဲ့တယ္ဆိုရမွာပါ။ ဘာလို့လဲဆိုေတာ့ ျမန္မာသံစစ္စစ္ေတြနဲ႔ပါဝင္ယွဥ္ၿပိဳင္ရတဲ့ ဒီလိုၿပိဳင္ပြဲမ်ိဳးေတြကို တိုင္းရင္းသားေတြဝင္ၿပိဳင္တာရွားတယ္လို့ ဆိုရမွာပါ။ အက္စတာကေတာ့ တိုင္းရင္းသူတစ္ေယာက္ျဖစ္ေပမယ့္ ဆုပါရရွိခဲ့တယ္ဆိုေတာ့ ျမန္မာအသံသီဆိုယွဥ္ၿပိဳင္မွုေတြမွာ အက္စတာရဲ့အမာခံပရိသတ္ေတြကို မစိုးရိမ္ေစရေတာ့ပဲ ျမန္မာအိုင္ေဒါရဲ့ ပထမဆုံးမိန္းကေလး ပထမဆုရွင္ပါျဖစ္လာနိုင္တယ္လို့ ခန႔္မွန္းမွုေတြပါရွိလာတာျဖစ္ပါတယ္။

Unicode ဖြင့်ဖတ်ရန်
အက်စတာကတော့ ပရိသတ်တွေအားပေးမှု အမြင့်ဆုံးလို့ဆိုရမယ့် အစီအစဉ်တစ်ခုဖြစ်တဲ့ မြန်မာအိုင်ဒေါသီချင်းဆိုပြိုင်ပွဲရဲ့ ဆန်ကာတင်(၁၁)ယောက်စာရင်းဝင်တစ်ယောက်ဖြစ်ပါတယ်။ အသံပါဝါအားကောင်းပြီး သီချင်းတွေကိုကောင်းကောင်းသီဆိုနိုင်တာကြောင့် အသံစစ်ဆေးမှုပြုလုပ်စဉ်ကတည်းက ပရိသတ်ရဲ့အားပေးဝန်းရံမှုကို အပြည့်အဝရခဲ့သူတစ်ယောက်လို့ဆိုရမှာပါ။ အဲ့ဒီအချိန်ကတည်းက ဒုတိယဆုန်သင်းပါရ်လို့ တင်စားခေါ်ဝေါ်ကြတဲ့အထိ ပရိသတ်နှစ်ခြိုက်အားပေးမှုကို အပြည့်အဝရခဲ့သူတစ်ယောက်ဆိုရင်လည်း မမှားပါဘူး။
လက်ရှိအချိန်ထိပြိုင်ပွဲဝင်လာစဉ်တလျှောက်မှာ ပထမဆုံးအပတ်စိတ်ကြိုက်သီချင်းများ သီဆိုယှဉ်ပြိုင်မှုအပတ်မှာထဲက Voting result အများဆုံးနဲ့ save ဖြစ်ခဲ့တာဖြစ်ပြီး ဒုတိယအပတ်နဲ့တတိယအပတ်ယှဉ်ပြိုင်မှုမှာလည်း လွတ်လွတ်ကျွတ်ကျွတ် save လုပ်ခြင်းခံခဲ့ရသူတစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့် လေးပတ်မြောက် Country သီချင်းအပတ်မှာတော့ အက်စတာနည်းတူ ပရိသတ်အားပေးမှုအပြည့်အဝရရှိထားတဲ့ အေးမြဖြူနဲ့အတူတူ Bottom သုံးခုံမှာထိုင်ခဲ့ရတာကြောင့် ပရိသတ်တွေအံ့အားသင့်ခဲ့ရတာလည်းဖြစ်ပါတယ်။ မြန်မာအိုင်ဒေါရဲ့နည်းစနစ်အရ Voting result ကသာအဓိကဖြစ်တာကြောင့် ပရိသတ်ကြားပွဲဆူစေခဲ့တဲ့ အပတ်ဖြစ်ခဲ့တာဆိုရင်လည်း မမှားပါဘူး။
ဒါပေမယ့် အက်စတာရဲ့အရည်အချင်းကို လက်ခံယုံကြည်ထားတဲ့ ပရိသတ်ကြီးကတော့ အကောင်းဆုံးရလဒ်တွေပဲဖြစ်လာဖို့ မျှော်လင့်နေကြတာဖြစ်ပါတယ်။ ဒါ့အပြင် အက်စတာရဲ့ငယ်ဘဝက ပုံရိပ်တစ်ခုဖြစ်တဲ့ နေပြည်တော်(၁၆)ကြိမ်မြောက် ဆို၊က၊ရေး၊တီး ပြိုင်ပွဲမှာ ဗဟိုအဆင့်ပထမဆုရရှိဖူးတဲ့ ပုံရိပ်လေးတစ်ခုကို မျှဝေခဲ့ချိန်မှာတော့ အက်စတာရဲ့အမာခံပရိသတ်တွေကို အံ့အားသင့်စေခဲ့တာဖြစ်ပြီး ရှေ့လျှောက်ပိုပြီးအားပေးဖို့ တစ်တပ်တစ်အားဖြစ်စေခဲ့တယ်ဆိုရမှာပါ။ ဘာလို့လဲဆိုတော့ မြန်မာသံစစ်စစ်တွေနဲ့ပါဝင်ယှဉ်ပြိုင်ရတဲ့ ဒီလိုပြိုင်ပွဲမျိုးတွေကို တိုင်းရင်းသားတွေဝင်ပြိုင်တာရှားတယ်လို့ ဆိုရမှာပါ။ အက်စတာကတော့ တိုင်းရင်းသူတစ်ယောက်ဖြစ်ပေမယ့် ဆုပါရရှိခဲ့တယ်ဆိုတော့ မြန်မာအသံသီဆိုယှဉ်ပြိုင်မှုတွေမှာ အက်စတာရဲ့အမာခံပရိသတ်တွေကို မစိုးရိမ်စေရတော့ပဲ မြန်မာအိုင်ဒေါရဲ့ ပထမဆုံးမိန်းကလေး ပထမဆုရှင်ပါဖြစ်လာနိုင်တယ်လို့ ခန့်မှန်းမှုတွေပါရှိလာတာဖြစ်ပါတယ်။
Credit: Burmese Asia

မှတ်ချက်များ