အရာရာကို စိတ္မၾကည္လင္ျဖစ္ေနရင္ ဒီနည္းနဲ႔ေျဖေဖ်ာက္ပါ
Zawgyiျဖင့္ဖတ္ရန္
ဘာပဲလုပ္လုပ္ စိတ္မၾကည္ရင္ အဆင္မေျပပါဘူး။ စိတ္အေႏွာင့္ယွက္ျဖစ္စရာ တစ္ခုခုၾကံဳျပီးတာ
နဲ႔ အရာရာကို စိတ္မၾကည္ ၊ ဘုကလန္႔ဆက္ဆံမိေနတတ္ပါတယ္။ စိတ္မၾကည္ခ်ိန္ဆိုေျပာမိတဲ့ စကားေတြ ၊ လုပ္ေနတဲ့အလုပ္ေတြမွာ အမွားေတြပါႏုိင္ပါတယ္။
ဒီေတာ့ မၾကည္လင္တဲ့ စိတ္အေျခအေနကို ဘယ္လိုေျဖေဖ်ာက္ၾကမလဲ…
ပထမဆံုး ေျပာခ်င္တာကေတာ့ စိတ္ကိုအားျဖစ္ေစမယ့္ စာအုပ္ေလးေတြ ဖတ္ပါ။ျပီးရင္ ဦးေႏွာက္ကို အာဟာရျဖစ္ေစမယ့္ စာေပေတြလည္း ဖတ္ပါ။ တစ္ေန႔ကို စာအုပ္နာရီဝက္ေလာက္ပဲ ဖတ္(စိတ္ထဲ စဲြေနဖို႔ေတာ့လို) ။ စိတ္ေလးထားတတ္သြားပါလိမ့္မယ္။ဘယ္ေလာက္ပဲ အလုပ္႐ႈပ္ပါေစ…တစ္ေန႔ကို စာဖတ္ဖို႔ နာရီဝက္ေလာက္ေတာ့ အခ်ိန္ေပးပါ။
စာမ်ားမ်ားဖတ္ေလ လူေတြအေပၚထားတဲ့စိတ္ေျပာင္းလဲသြားပါလိမ့္မယ္။ ျပႆနာတစ္ခုျဖစ္လာ
တဲ့အခါ အမ်ားၾကီးလုိက္ျပီး မခံစားတတ္ေတာ့ပါဘူး။ ကိုယ္က လုိက္ျပီး မခံစားတတ္ဖို႔လိုပါတယ္။
ျပီးသြားတဲ့ ျပႆနာက လြန္ခဲ့တဲ့ ၂နာရီက။ အဲ့ဒါကို သင့္မွာ ခုထိေျပာလို႔မျပီး ၊ ခံစားမျပီးေသးတာ
သိပ္မဟုတ္ေသးဘူး။ ကိုယ့္စိတ္ကို အတတ္ႏုိင္ဆံုး႐ွင္းေနေအာင္ထားပါ။
ေနာက္ထပ္နည္းတစ္ခုက အလုပ္တစ္ခု အာ႐ုံစုိက္ပါ။ ကိုယ္စိတ္ဝင္စားတဲ့ အလုပ္တစ္ခုေပၚ
အာ႐ုံစိုက္ထားလုိက္မယ္ဆို မၾကည္လင္ျဖစ္ေနတဲ့ စိတ္ေတြ နည္းနည္းေတာ့ေျပေပ်ာက္သြားမယ္
ထင္ပါတယ္။ ဒါမွမဟုတ္ ကိုယ္ၾကိဳက္တဲ့ ႐ုပ္႐ွင္ ၊ သီခ်င္းေတြ နားေထာင္လိုက္တာမ်ဳိးေပါ။့စိတ္အာ႐ံုကို နည္းအမ်ဳိးမ်ဳိးနဲ႔ လဲႊထားလို႔ရပါတယ္။
အလုပ္နဲ႔ ကိုယ္ေရးကိုယ္တာ ခဲြျခားႏုိင္ပါေစ။ အိမ္မွာျဖစ္တဲ့ ျပႆနာ ႐ံုးသယ္မလာမိဖို႔ လိုသလို႐ံုးကျပႆနာကို ႐ံုးမွာပဲေျဖ႐ွင္းသင့္တယ္။ မဆိုင္တဲ့လူေတြအေပၚသြားျပီး သြားရမ္းေနတာမ်ဳိးက သင့္ကို စမတ္မျဖစ္ေစပါဘူး။ ဒါေၾကာင့္ ကိုယ္ကစိတ္မၾကည္ဘူးဆိုရင္ျမန္ျမန္စိတ္႐ွင္းေအာင္လုပ္ပါ။ ဒါဆုိ အခုေျပာျပသြားတဲ့ နည္းလမ္းေလးေတြနဲ႔႐ႈပ္ေထြးေနတဲ့ စိတ္ေတြကို ေျဖေဖ်ာက္လိုက္ေတာ့ေနာ္…
Credit:Trend Myanmar
Unicodeဖြင့်ဖတ်ရန်
အရာရာကို စိတ်မကြည်လင်ဖြစ်နေရင် ဒီနည်းနဲ့ဖြေဖျောက်ပါ
ဘာပဲလုပ်လုပ် စိတ်မကြည်ရင် အဆင်မပြေပါဘူး။ စိတ်အနှောင့်ယှက်ဖြစ်စရာ တစ်ခုခုကြုံပြီးတာ
နဲ့ အရာရာကို စိတ်မကြည် ၊ ဘုကလန့်ဆက်ဆံမိနေတတ်ပါတယ်။ စိတ်မကြည်ချိန်ဆိုပြောမိတဲ့ စကားတွေ ၊ လုပ်နေတဲ့အလုပ်တွေမှာ အမှားတွေပါနိုင်ပါတယ်။
ဒီတော့ မကြည်လင်တဲ့ စိတ်အခြေအနေကို ဘယ်လိုဖြေဖျောက်ကြမလဲ…
ပထမဆုံး ပြောချင်တာကတော့ စိတ်ကိုအားဖြစ်စေမယ့် စာအုပ်လေးတွေ ဖတ်ပါ။ပြီးရင် ဦးနှောက်ကို အာဟာရဖြစ်စေမယ့် စာပေတွေလည်း ဖတ်ပါ။ တစ်နေ့ကို စာအုပ်နာရီဝက်လောက်ပဲ ဖတ်(စိတ်ထဲ စွဲနေဖို့တော့လို) ။ စိတ်လေးထားတတ်သွားပါလိမ့်မယ်။ဘယ်လောက်ပဲ အလုပ်ရှုပ်ပါစေ…တစ်နေ့ကို စာဖတ်ဖို့ နာရီဝက်လောက်တော့ အချိန်ပေးပါ။
စာများများဖတ်လေ လူတွေအပေါ်ထားတဲ့စိတ်ပြောင်းလဲသွားပါလိမ့်မယ်။ ပြဿနာတစ်ခုဖြစ်လာ
တဲ့အခါ အများကြီးလိုက်ပြီး မခံစားတတ်တော့ပါဘူး။ ကိုယ်က လိုက်ပြီး မခံစားတတ်ဖို့လိုပါတယ်။
ပြီးသွားတဲ့ ပြဿနာက လွန်ခဲ့တဲ့ ၂နာရီက။ အဲ့ဒါကို သင့်မှာ ခုထိပြောလို့မပြီး ၊ ခံစားမပြီးသေးတာ
သိပ်မဟုတ်သေးဘူး။ ကိုယ့်စိတ်ကို အတတ်နိုင်ဆုံးရှင်းနေအောင်ထားပါ။
နောက်ထပ်နည်းတစ်ခုက အလုပ်တစ်ခု အာရုံစိုက်ပါ။ ကိုယ်စိတ်ဝင်စားတဲ့ အလုပ်တစ်ခုပေါ်
အာရုံစိုက်ထားလိုက်မယ်ဆို မကြည်လင်ဖြစ်နေတဲ့ စိတ်တွေ နည်းနည်းတော့ပြေပျောက်သွားမယ်
ထင်ပါတယ်။ ဒါမှမဟုတ် ကိုယ်ကြိုက်တဲ့ ရုပ်ရှင် ၊ သီချင်းတွေ နားထောင်လိုက်တာမျိုးပေါ။့စိတ်အာရုံကို နည်းအမျိုးမျိုးနဲ့ လွဲှထားလို့ရပါတယ်။
အလုပ်နဲ့ ကိုယ်ရေးကိုယ်တာ ခွဲခြားနိုင်ပါစေ။ အိမ်မှာဖြစ်တဲ့ ပြဿနာ ရုံးသယ်မလာမိဖို့ လိုသလိုရုံးကပြဿနာကို ရုံးမှာပဲဖြေရှင်းသင့်တယ်။ မဆိုင်တဲ့လူတွေအပေါ်သွားပြီး သွားရမ်းနေတာမျိုးက သင့်ကို စမတ်မဖြစ်စေပါဘူး။ ဒါကြောင့် ကိုယ်ကစိတ်မကြည်ဘူးဆိုရင်မြန်မြန်စိတ်ရှင်းအောင်လုပ်ပါ။ ဒါဆို အခုပြောပြသွားတဲ့ နည်းလမ်းလေးတွေနဲ့ရှုပ်ထွေးနေတဲ့ စိတ်တွေကို ဖြေဖျောက်လိုက်တော့နော်…
Credit:Trend Myanmar


မှတ်ချက်များ